အ‌ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ မည္သည့္ အမ်ိဳးအစား ေျမငွားဂရန္ေတြကို ထုတ္ေပးသလဲ။ မည္သူက ခြင့္ျပဳႏိုင္သည့္ အာဏာရွိသလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
4731 Views

အ‌ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ မည္သည့္ အမ်ိဳးအစား ေျမငွားဂရန္ေတြကို ထုတ္ေပးသလဲ။ မည္သူက ခြင့္ျပဳႏိုင္သည့္ အာဏာရွိသလဲ ?

Knowledge | Posted by Shwe Zin Win

### Zawgyi Version ###

ျပည္ေထာင္စု၀န္ႀကီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသည္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး ၿမိဳ႕ေတာ္စည္ပင္သာယာေရးနယ္နိမိတ္ျပင္ပရွိ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္ရွိေသာေျမမ်ားကို လူေနထိုင္ရန္၊ အေဆာက္အဦေဆာက္လုပ္ရန္၊ စက္မႈလက္မႈလုပ္ငန္းလုပ္ကိုင္ရန္၊ သတၱဳတူးေဖာ္ေရးလုပ္ငန္းလုပ္ကိုင္ရန္၊ ေမြးျမဴေရးလုပ္ငန္းႏွင့္ အျခားစီးပြားေရးဆိုင္ရာ အေဆာက္အအံုမ်ား ေဆာက္လုပ္အသံုးျပဳရန္ စသည့္ ရည္ရြယ္ခ်က္မ်ားျဖင့္ ေျမငွားဂရန္ေလွ်ာက္ထားလာမႈမ်ားအေပၚတည္ဆဲေျမယာစီမံခန္႔ခြဲေရးဆိုင္ရာ ဥပေဒမ်ား ႏွင့္အညီ ေဆာက္လုပ္မည့္ အေဆာက္အအံုႏွင့္ ေျမအမ်ိဳးအစားမ်ားအေပၚမူတည္၍ ေျမငွားလိုင္စင္၊ ႏွစ္တို ေျမငွားဂရန္၊ ႏွစ္ရွည္ေျမငွားဂရန္မ်ားကို စိစစ္၍ ခြင့္ျပဳခ်ထားေပးပါတယ္။

ေျမငွားလိုင္စင္ဆိုတာ စနစ္တက် အကြက္႐ိုက္ထားျခင္းမရွိေသာ ရပ္ကြက္မ်ားတြင္ (၁)ႏွစ္မွ (၃)ႏွစ္ အထိ ကာလအတြက္ ေျမကိုယာယီအသံုးျပဳခြင့္ေပးျခင္းျဖစ္ၿပီး လိုင္စင္သက္တမ္းကုန္ဆံုးသည့္အခါ သက္တမ္းလဲလည္ေပးျခင္းမရွိေသာ ေျမငွားလိုင္စင္ထုတ္ေပးျခင္းျဖစ္ပါသည္။

ႏွစ္တိုေျမငွားဂရန္ဆိုတာ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္ရွိေသာေျမမ်ားကို (၁၀)ႏွစ္သက္တမ္းကာလအထိ ေျမငွားဂရန္ထုတ္ေပးျခင္းျဖစ္ၿပီး (၁၀)ႏွစ္သက္တမ္းကုန္ဆံုးေသာအခါ ဂရန္သက္တမ္းတိုးႁမွင့္ လဲလွယ္ ေပးျခင္းမရွိပါ။ သို႔ေသာ္ အငွားဂရန္အသစ္ထုတ္ေပးရန္ ေလွ်ာက္ထားႏိုင္ၿပီး ေဆာက္လုပ္ထားသည့္ အေဆာက္အအံု ေကာင္းမြန္ခိုင္ခန္႔ပါက (၁၀)ႏွစ္သက္တမ္းရွိဂရန္(သို႔မဟုတ္) ႏွစ္ရွည္ဂရန္ထုတ္ေပးပါသည္။

ႏွစ္ရွည္ေျမငွားဂရန္ဆိုတာ ႏွစ္(၉၀)သက္တမ္းရွိေသာ ေျမငွားဂရန္ထုတ္ေပးျခင္းျဖစ္ၿပီး တစ္ႀကိမ္လွ်င္ ႏွစ္(၃၀) ျဖင့္ (၃)ႀကိမ္ခြဲ၍ အငွားခ်ထားေပးျခင္းျဖစ္သည္။ ထိုသို႔ ႏွစ္ရွည္ေျမငွားဂရန္ခ်ထားေပးႏိုင္ရန္ ေလွ်ာက္ထားေျမေပၚတြင္ ခိုင္ခန္႔ေသာတိုက္တာအေဆာက္ အအုံ၊ ကၽြန္း / ပ်ဥ္းကတိုး / အင္ၾကင္းစသည့္ သစ္မာျဖင့္ ေဆာက္လုပ္ေထားေသာ/ ေဆာက္လုပ္အသုံးျပဳရန္ကိစၥရပ္မ်ားအတြက္ ႏွစ္ရွည္ေျမငွားဂရန္ ခြင့္ျပဳခ်ထားေပးပါသည္။ လူေနထိုင္ရန္အတြက္ ႏွစ္ရွည္ေျမငွားဂရန္ထုတ္ေပးသည့္အျပင္ စက္မႈလက္မႈလုပ္ငန္းမ်ားႏွင့္ အျခားစီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္ရန္ျဖစ္ပါက ေျမကာလ တန္ဖိုး၏ ၆% ေအာက္၊ ၁၂% အထိ ႏွစ္စဥ္ေျမငွားရမ္းတြက္ခ်က္ သတ္မွတ္ၿပီး စက္မႈ/ စီးပြားေျမငွားဂရန္ခြင့္ျပဳထုတ္ေပးပါသည္။

ႏွစ္တိုေျမငွားဂရန္/ ႏွစ္ရွည္ေျမငွားဂရန္ႏွင့္ စက္မႈ/စီးပြားေျမငွားဂရန္မ်ားအား ခြင့္ျပဳထုတ္ေပးရာတြင္ ေျမယာစီမံခန္႔ခြဲေရး ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ သက္ဆိုင္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အုပ္ခ်ဳပ္ေရးမွဴးထံ စတင္ေလၽွာက္ထားရမည္ျဖစ္ၿပီး ေျမဧရိယာအလိုက္

ေအာက္ေဖာ္ျပပါ အခြန္ေတာ္အရာရွိိအဆင့္ဆင့္အား လုပ္ပိုင္ခြင့္သတ္မွတ္ထားပါသည္-

(က) ေျမဧရိယာ(၁.၀၀)ဧကအထိ အ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးမွ မိမိ၏ လုပ္ပိုင္ခြင့္ျဖင့္လည္းေကာင္း၊

(ခ) ေျမဧရိယာ (၁.၀၀)ဧကမွ (၅.၀၀)ဧကအထိကို သက္ဆိုင္ရာ ေနျပည္ေတာ္/ တိုင္းေဒသၾကီး/ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး၏ ခြင့္ျပဳခ်က္ျဖင့္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမွလည္းေကာင္း၊

(ဂ) ေျမဧရိယာ(၅.၀၀)ဧကထက္ေက်ာ္လြန္ပါက သက္ဆိုင္ရာ ေနျပည္ေတာ္/ တိုင္းေဒသၾကီး/ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံခ်က္၊ ညႊန္ၾကားေရးမွဴးခ်ဳပ္၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၏ ခြင့္ျပဳခ်က္ျဖင့္ သက္ဆိုင္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးမွလည္းေကာင္း ခြင့္ျပဳေလွ်ာက္ထားႏိုင္ပါသည္။ ထိုကဲ့သို႔ အရာရွိအဆင့္ဆင့္အလိုက္ လုပ္ပိုင္ခြင့္အာဏာခြင့္ျပဳထားၿပီး မိမိတို႔ေလွ်ာက္ထားလိုသည့္ ေျမဧရိယာအလိုက္ ခြင့္ျပဳခ်က္ေတာင္းခံရမွာျဖစ္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕

 

### Unicode Version ###

 

ပြည်ထောင်စုဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို လူနေထိုင်ရန်၊ အဆောက်အဦဆောက်လုပ်ရန်၊ စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်၊ သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ရန်၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားစီးပွားရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်အသုံးပြုရန် စသည့် ရည်ရွယ်ချက်များဖြင့် မြေငှားဂရန်လျှောက်ထားလာမှုများအပေါ်တည်ဆဲမြေယာစီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေများ နှင့်အညီ ဆောက်လုပ်မည့် အဆောက်အအုံနှင့် မြေအမျိုးအစားများအပေါ်မူတည်၍ မြေငှားလိုင်စင်၊ နှစ်တို မြေငှားဂရန်၊ နှစ်ရှည်မြေငှားဂရန်များကို စိစစ်၍ ခွင့်ပြုချထားပေးပါတယ်။

မြေငှားလိုင်စင်ဆိုတာ စနစ်တကျ အကွက်ရိုက်ထားခြင်းမရှိသော ရပ်ကွက်များတွင် (၁)နှစ်မှ (၃)နှစ် အထိ ကာလအတွက် မြေကိုယာယီအသုံးပြုခွင့်ပေးခြင်းဖြစ်ပြီး လိုင်စင်သက်တမ်းကုန်ဆုံးသည့်အခါ သက်တမ်းလဲလည်ပေးခြင်းမရှိသော မြေငှားလိုင်စင်ထုတ်ပေးခြင်းဖြစ်ပါသည်။

နှစ်တိုမြေငှားဂရန်ဆိုတာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို (၁၀)နှစ်သက်တမ်းကာလအထိ မြေငှားဂရန်ထုတ်ပေးခြင်းဖြစ်ပြီး (၁၀)နှစ်သက်တမ်းကုန်ဆုံးသောအခါ ဂရန်သက်တမ်းတိုးမြှင့် လဲလှယ် ပေးခြင်းမရှိပါ။ သို့သော် အငှားဂရန်အသစ်ထုတ်ပေးရန် လျှောက်ထားနိုင်ပြီး ဆောက်လုပ်ထားသည့် အဆောက်အအုံ ကောင်းမွန်ခိုင်ခန့်ပါက (၁၀)နှစ်သက်တမ်းရှိဂရန်(သို့မဟုတ်) နှစ်ရှည်ဂရန်ထုတ်ပေးပါသည်။

နှစ်ရှည်မြေငှားဂရန်ဆိုတာ နှစ်(၉၀)သက်တမ်းရှိသော မြေငှားဂရန်ထုတ်ပေးခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် နှစ်(၃၀) ဖြင့် (၃)ကြိမ်ခွဲ၍ အငှားချထားပေးခြင်းဖြစ်သည်။ ထိုသို့ နှစ်ရှည်မြေငှားဂရန်ချထားပေးနိုင်ရန် လျှောက်ထားမြေပေါ်တွင် ခိုင်ခန့်သောတိုက်တာအဆောက် အအုံ၊ ကျွန်း / ပျဉ်းကတိုး / အင်ကြင်းစသည့် သစ်မာဖြင့် ဆောက်လုပ်ထေားသော/ ဆောက်လုပ်အသုံးပြုရန်ကိစ္စရပ်များအတွက် နှစ်ရှည်မြေငှားဂရန် ခွင့်ပြုချထားပေးပါသည်။ လူနေထိုင်ရန်အတွက် နှစ်ရှည်မြေငှားဂရန်ထုတ်ပေးသည့်အပြင် စက်မှု လက်မှု လုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ဖြစ်ပါက မြေကာလ တန်ဖိုး၏ ၆% အောက်၊ ၁၂% အထိ နှစ်စဉ်မြေငှားရမ်းတွက်ချက် သတ်မှတ်ပြီး စက်မှု/ စီးပွားမြေငှားဂရန်ခွင့်ပြုထုတ်ပေးပါသည်။

နှစ်တိုမြေငှားဂရန်/ နှစ်ရှည်မြေငှားဂရန်နှင့် စက်မှု/စီးပွားမြေငှားဂရန်များအား ခွင့်ပြုထုတ်ပေးရာတွင် မြေယာစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထံ စတင်လျှောက်ထားရမည်ဖြစ်ပြီး မြေဧရိယာအလိုက်

အောက်ဖော်ပြပါ အခွန်တော်အရာရှိအဆင့်ဆင့်အား လုပ်ပိုင်ခွင့်သတ်မှတ်ထားပါသည်-

(က) မြေဧရိယာ(၁.၀၀)ဧကအထိ အရိုင်အုပ်ချုပ်ရေးမှူးမှ မိမိ၏ လုပ်ပိုင်ခွင့်ဖြင့်လည်းကောင်း၊

(ခ) မြေဧရိယာ (၁.၀၀)ဧကမှ (၅.၀၀)ဧကအထိကို သက်ဆိုင်ရာ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊

(ဂ) မြေဧရိယာ(၅.၀၀)ဧကထက်ကျော်လွန်ပါက သက်ဆိုင်ရာ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှလည်းကောင်း ခွင့်ပြုလျှောက်ထားနိုင်ပါသည်။ ထိုကဲ့သို့ အရာရှိအဆင့်ဆင့်အလိုက် လုပ်ပိုင်ခွင့်အာဏာခွင့်ပြုထားပြီး မိမိတို့လျှောက်ထားလိုသည့် မြေဧရိယာအလိုက် ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service