ရန္ကုန္တိုင္းအစိုးရေရာင္းခ်မည့္ ေျမကြက္ ၅၀၀ ေက်ာ္တြင္ ရာခိုင္ႏႈန္း ၉၀ ေက်ာ္သည္ လမ္းမ်ား၊ လမ္းမီးတိုင္မ်ား စိုက္ထူၿပီးသားျဖစ္ေၾကာင္း ဦးသန္းေျပာ - Property News in Myanmar from iMyanmarHouse.com
2072 Views

ရန္ကုန္တိုင္းအစိုးရေရာင္းခ်မည့္ ေျမကြက္ ၅၀၀ ေက်ာ္တြင္ ရာခိုင္ႏႈန္း ၉၀ ေက်ာ္သည္ လမ္းမ်ား၊ လမ္းမီးတိုင္မ်ား စိုက္ထူၿပီးသားျဖစ္ေၾကာင္း ဦးသန္းေျပာ

### Zawgyi Version ###

ရန္ကုန္တိုင္း  အစိုးရေရာင္းခ်မည့္ ေျမကြက္ ၅၀၀ ေက်ာ္တြင္ ရာခိုင္ႏႈန္း ၉၀ ေက်ာ္သည္ လမ္းမ်ား၊လမ္းမီးတိုင္မ်ားစိုက္ထူၿပီးသားျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတြဲဖက္ အတြင္းေရးမႉးဦးသန္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတြင္ ေအာက္တိုဘာ ၂၁ ရက္က သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာတြင္ဦးသန္းက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ယခုလ ၇ ရက္က ရန္ကုန္တိုင္းအစိုးရ၏ ေျမအသုံးျပဳခြင့္ေလွ်ာက္လႊာမ်ားစတင္ေရာင္းခ်ခဲ့ရာ ေလွ်ာက္လႊာဝယ္ယူမႈေပါင္း ၈၀၀၀ နီးပါးရွိခဲ့ေၾကာင္း သတင္းမီဒီယာႏွင့္ေတြ႔ဆုံမႈတြင္ ဦးသန္းက ေျပာထားသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ေရာင္းခ်သည့္ ေျမကြက္မ်ား၏ အေျခခံေစ်းႏႈန္းအား ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြက္ ရန္ကုန္တိုင္းေဒသႀကီး ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕က ၿမိဳ႕နယ္အလိုက္သတ္မွတ္ထားသည့္ ေစ်းႏႈန္းကို အေျချပဳထားျခင္းျဖစ္ေၾကာင္း ေျပာသည္။

အဆိုပါ ေရာင္းခ်မည့္ ေျမကြက္ ၅၀၀ ေက်ာ္၏ တစ္ကြက္ခ်င္းတည္ေနရာမ်ားကို ကြင္းဆင္းစစ္ေဆးမႈ မ်ားျပဳလုပ္ထားၿပီး ၉၀/၉၅ ရာခိုင္ႏႈန္းေက်ာ္မွာ လမ္းမ်ားရွိၿပီးျဖစ္ေၾကာင္း၊ လမ္းမီးတိုင္မ်ားလည္း အေတာ္မ်ား မ်ား စိုက္ထူၿပီးသား ျဖစ္ေၾကာင္းဦးသန္းက ေျပာၾကားသည္။

ဦးသန္းက “၄၀×၆၀ တစ္ကြက္ကိုသိန္း ၆၀ လို႔ေျပာေနျခင္းက အျပင္မွာေျပာေနတဲ့ ေစ်းႏႈန္းျဖစ္ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕က ၿမိဳ႕နယ္အလိုက္သတ္မွတ္တဲ့ ေစ်းႏႈန္းေတြ မွာ အခ်ိဳ႕ကသိန္း ၆ဝ လည္းပါတယ္။သိန္း ၁၃၀ လည္းပါတယ္။ အခ်ိဳ႕တစ္ဧကအကြက္ကို သိန္း ၁၀၀၀ ပါတာရွိပါတယ္” ေျပာသည္။

ယင္းေျမကြက္မ်ား ေျမျပင္တြင္ က်ပ္ ၃၅ သိန္းေပါက္ေစ်းရွိသည္မွာ ျဖစ္နိုင္ေသာ္လည္း အစိုးရအဖြဲ႕က သတ္မွတ္ထားျခင္းမဟုတ္ေၾကာင္း၊ျပန္လည္စိစစ္ၿပီး ေရာင္းခ်မည့္ေျမကြက္မ်ား၏ ေစ်းႏႈန္းမ်ားကို ကာလတန္ဖိုးစိစစ္ေရး အဖြဲ႕၏ ၿမိဳ႕နယ္အလိုက္သတ္မွတ္ထားသည့္ ေစ်းႏႈန္းျဖင့္သာ ေရာင္းခ်မည္ျဖစ္ေၾကာင္း၊ေရာင္းခ်မည့္ေျမကြက္မ်ားအတြက္ လိုအပ္သည့္ အေျခခံအေဆာက္အအုံေဆာက္လုပ္ရန္ ကုမၸဏီေတြကို EOI ေခၚမည္ျဖစ္ေၾကာင္း ေျပာထားသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ရန်ကုန်တိုင်းအစိုးရရောင်းချမည့် မြေကွက် ၅၀၀ ကျော်တွင် ရာခိုင်နှုန်း ၉၀ ကျော်သည် လမ်းများ၊လမ်းမီးတိုင်များ စိုက်ထူပြီးသားဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွဲဖက် အတွင်းရေးမှူးဦးသန်းက ပြောသည်။

ရန်ကုန်မြို့ တော်ခန်းမတွင် အောက်တိုဘာ ၂၁ရက်က သတင်းစာရှင်း လင်းပွဲပြုလုပ်ရာတွင်ဦးသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုလ ၇ ရက်က ရန်ကုန်တိုင်းအစိုးရ၏ မြေအသုံးပြုခွင့်လျှောက်လွှာများစတင်ရောင်းချခဲ့ရာ လျှောက်လွှာဝယ်ယူမှု ပေါင်း ၈၀၀၀ နီးပါးရှိခဲ့ကြောင်း သတင်းမီဒီယာနှင့်တွေ့ဆုံမှုတွင် ဦးသန်းက ပြောထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရောင်းချသည့် မြေကွက်များ၏ အခြေခံဈေးနှုန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က မြို့နယ်အလိုက်သတ်မှတ်ထားသည့် ဈေးနှုန်းကို အခြေပြုထားခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါ ရောင်းချမည့် မြေကွက် ၅၀၀ ကျော်၏ တစ်ကွက်ချင်းတည်နေရာများကို ကွင်းဆင်းစစ်ဆေးမှု များပြုလုပ်ထားပြီး ၉၀/၉၅ ရာခိုင်နှုန်းကျော်မှာ လမ်းများရှိပြီးဖြစ်ကြောင်း၊ လမ်းမီးတိုင်များလည်း အတော်များ များ စိုက်ထူပြီးသား ဖြစ်ကြောင်းဦးသန်းက ပြောကြားသည်။

ဦးသန်းက “၄၀×၆၀ တစ်ကွက်ကိုသိန်း ၆၀ လို့ပြောနေခြင်းက အပြင်မှာပြောနေတဲ့ ဈေးနှုန်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က မြို့နယ်အလိုက်သတ်မှတ်တဲ့ ဈေးနှုန်းတွေ မှာ အချို့က သိန်း ၆ဝလည်းပါတယ်။သိန်း ၁၃၀ လည်းပါတယ်။ အချို့တစ်ဧကအကွက်ကို သိန်း ၁၀၀၀ ပါတာ ရှိပါတယ်” ပြောသည်။

ယင်းမြေကွက်များ မြေပြင်တွင် ကျပ် ၃၅ သိန်းပေါက်ဈေးရှိသည်မှာ ဖြစ်နိုင်သော်လည်း အစိုးရအဖွဲ့က သတ်မှတ်ထားခြင်းမဟုတ်ကြောင်း၊ပြန်လည်စိစစ်ပြီး ရောင်းချမည့်မြေကွက်များ၏ ဈေးနှုန်းများကို ကာလတန်ဖိုးစိစစ်ရေး အဖွဲ့၏ မြို့နယ်အလိုက်သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း၊ရောင်းချမည့်မြေကွက်များအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံဆောက်လုပ်ရန် ကုမ္ပဏီတွေကို EOI ခေါ်မည်ဖြစ်ကြောင်း ပြောထားသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service