တိုက္ခန္းအိမ္ၿခံေျမ အေရာင္းအ၀ယ္ စာခ်ဳပ္ခ်ဳပ္ရင္ စရန္ေငြ ဘယ္ေလာက္ေပးရမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
5266 Views

တိုက္ခန္းအိမ္ၿခံေျမ အေရာင္းအ၀ယ္ စာခ်ဳပ္ခ်ဳပ္ရင္ စရန္ေငြ ဘယ္ေလာက္ေပးရမလဲ

Knowledge | Posted by Shwe Zin Win

 ### Zawgyi Version ###

အခုတစ္ေလာ အိမ္ၿခံေျမ အေရာင္းအ၀ယ္ေတြက လည္း ေအးေနတယ္သာ ေျပာၾကေပမယ့္ တကယ္ အေရာင္းအ၀ယ္ျဖစ္ေတာ့လည္း “ဖုတ္ပူမီးတိုက္” ဆိုသလိုပါပဲ။ “အခုပဲ စရန္ေပးစာခ်ဳပ္ခ်င္လို႔ ဆရာအျမန္လာ ေပးပါဆိုၿပီး” ေမာင္ေကာင္းေဖကို ႀကိမ္ စၾကာနဲ႔ ႐ိုက္ေခၚသလိုပဲ။ အေရာင္းအ၀ယ္လုပ္မယ့္ေနရာကို အခ်ိန္မီအေရာက္ ေျပးရတယ္။

အေရာင္းအ၀ယ္ကျဖစ္မယ့္ ျဖစ္ေတာ့လည္း ျမန္လိုက္တာ ေရာင္းသူ ကလည္း ေငြလိုေနလို႔ အနည္းဆံုးစရန္ ေငြ သိန္းႏွစ္ရာခ်ေပးပါလို႔ ေတာင္းတယ္။ ၀ယ္သူကလည္း ေျမာက္ဒဂံု ၄၀ ရပ္ကြက္ မွာ သိန္း ၆၇၀ နဲ႔ရမွာဆိုေတာ့တန္တယ္ဆိုၿပီး ေရာင္းသူေတာင္းတဲ့ စရန္ကိုေပးမယ္လို႔ ကတိေပးထားၿပီး ျဖစ္ေနတယ္။

စရန္ေငြေပးတာနဲ႔ပတ္သက္ လို႔ “ေမာင္ေကာင္းေဖ”ကို သက္ေသထား ၿပီး ဘယ္ေလာက္ေပးရမလဲလို႔ ခဏခဏ ေမးၾကတယ္။ တကယ္ေတာ့ စရန္ေငြ ေပးတယ္ဆိုတာ ပထမဆံုး စာရြက္စာတမ္း မိတၱဴယူၿပီး ေပးရတာမ်ဳိးဆိုေတာ့ ၀ယ္သူရဲ႕ဆင္ျခင္တံုတရားအေပၚလည္း မူတည္ပါတယ္။ တန္ဖိုးအလိုက္ သိန္း ၅၀, သိန္း ၁၀၀, သိန္း ၂၀၀ ေပးလို႔ရ ပါတယ္။

ဒါေပမယ့္ လူကဲခတ္မညံ့ဖို႔ ေတာ့ အေရးႀကီးတာေပါ့။ “ေရႊအေၾကာင္း ဖေယာင္းမွသိ၊ လူအေၾကာင္းေပါင္းမွသိ” အဆိုအမိန္႔ရွိတယ္ မဟုတ္လား။ ေရာင္းသူရဲ႕ အဆင့္အတန္း ေရာင္းသူရဲ႕ေနရပ္ လိပ္စာ၊ ေရာင္းသူရဲ႕ ဥပဓိ႐ုပ္ စသည္ တို႔ကို အကဲခတ္ရတာေပါ့။ လူတစ္ေယာက္ ရဲ႕ စိတ္ေနစိတ္ထားဟာ အဲဒီလူရဲ႕မ်က္ႏွာနဲ႔ မ်က္လံုးမွာ ေဖာ္ျပတယ္””လို႔ အဂၤါ ၀ိဇၨာပညာရွင္မ်ားက ဆိုၾကပါတယ္။ အဲဒီေတာ့ ဘယ္ေလာက္ေပးရမလဲလို႔ ေမာင္ေကာင္းေဖကို ေမးရင္ လူကဲခတ္ၿပီး ယံုၾကည္မႈအရ တန္ဖိုးသတ္မွတ္ေပးလိုက္တာပါပဲ။ ေကာင္းဆိုးကေတာ့ တစ္ႏိုင္တစ္ပိုင္ေပးတာက သူ႕ဘက္ကိုယ့္ဘက္ အေလ်ာ္အစား သိပ္မထိခိုက္ႏိုင္ဘူးေပါ့ေလ။

ဒါတင္ဘဲလားဆိုေတာ့ မျပည့္ စံုေသးဘူးလို႔ ေျပာရမွာေပါ့။ အဲဒီေရာင္း သူက ေရာင္းတဲ့ေျမကြက္ေပၚမွာ၊ ေရာင္းတဲ့ အိမ္ေပၚမွာ၊ ေရာင္းတဲ့တိုက္ေပၚမွာ၊ လက္ရွိေနၿပီး စရန္ေငြေတြ အမ်ားႀကီး ေတာင္းေနတာလား။ ဒါဆိုရင္ေတာ့ စရန္ ေငြအမ်ားႀကီး မခ်မိဖို႔ အေရးႀကီးတယ္ ေနာ္။ တကယ္လို႔ အေရာင္းအ၀ယ္ပြဲပ်က္ စဲရင္ စရန္ေငြရဲ႕ ႏွစ္ဆျပန္ေတာင္းမွာ ေလ။ အဲဒီအခါက်ရင္ အဲဒီေရာင္းသူက ျပန္ေပးႏိုင္တဲ့ ေငြေၾကးသူ႕မွာရွိရဲ႕လား။ ျပန္ေပးႏိုင္မယ္ မထင္ရင္ေတာ့ စရန္ေငြ အမ်ားႀကီး မခ်သင့္ဘူးေပါ့။

ဘာေၾကာင့္လည္း အဲဒီေရာင္း သူက ေရာင္းတဲ့တိုက္ေပၚမွာ ေနတုန္းပဲ အိမ္ေပၚမွာ ဇိမ္ခံေနတုန္းပဲေလ။ ပြဲပ်က္ ခဲ့ရင္ေတာင္ စရန္ေငြ အရင္းေတြေရာ ႏွစ္ဆေတြေရာ တစ္ျပားမွမေပးႏိုင္ဘူး။ သံုးပစ္လိုက္လို႔ကုန္ၿပီ။ တိုင္ခ်င္တာတိုင္ လိုက္ရွင္းေပးရန္အသင့္ပဲလို႔ ရန္စကား ေျပာလာရင္ ၀ယ္သူအေနနဲ႔ “ေသၿပီဆရာ” ျဖစ္ၿပီေပါ့။ ကိုယ့္ေငြကိုယ္ရဖို႔အေရး ေရာင္းသူကို တရားစြဲယူရဦးမယ္။ ကိုယ္ဆင္းရဲ စိတ္ဆင္းရဲ ျဖစ္မယ္။ “မစည္ကားအပ္တဲ့ အရပ္ထဲမွာပါတဲ့ တရား႐ံုးကို မသြားခ်င္ဘဲနဲ႔ သြားရဦးမယ္။ ၀ယ္သူေတြက ဒီလိုေရာင္းသူမ်ဳိးေတြကို အေၾကာက္ ဆံုးပဲ။

ဒါ့အျပင္ လူေနထိုင္ၿပီး ေရာင္း တဲ့တိုက္တို႔ အိမ္တို႔ကို၀ယ္ရင္ စရန္ေငြ ေပးတဲ့ေန႔မွာ အထူးသတိထားရတယ္။ အဲဒီလို ေရာင္းသူတို႔ အေျခတက်ေန ထိုင္လာခဲ့တဲ့ တိုက္တို႔ အိမ္တို႔နဲ႔သက္ ဆိုင္တဲ့ ဂရန္နဲ႔ စာခ်ဳပ္စာတမ္းေတြဟာ သူတို႔လက္ထဲမွာမရွိဘဲ အေပါင္ခံသူရဲ႕ လက္ထဲမွာေရာက္ေနတတ္တယ္။ ဒီလို အိမ္မ်ဳိး၊ တိုက္မ်ဳိးကို ႀကိဳက္ၿပီဆိုရင္ေတာ့ ၀ယ္သူန႔ဲပါလာတဲ့ ေရွ႕ေနေခါင္းကိုက္ ၿပီသာမွတ္ေပေတာ့။

အဲဒီလို ေရာင္းသူမ်ဳိးေတြဟာ သူတို႔မွာ အိမ္နဲ႔ ေျမသာပိုင္တာ ပိုင္ဆိုင္ မႈ စာရြက္စာတမ္းေတြက အေပါင္လက္ထဲ မွာ ရွိတယ္။ ဒါေပမယ့္ ေလသံကေတာ့ အေပၚစီးကပဲ တစ္ျပားမွမေလွ်ာ့ဘူး။ စရန္ေငြ သိန္း ၅၀ ေလာက္ေပးရင္ မိတၱဴ ပဲ ျပႏိုင္မယ္။ စရန္ေငြ သိန္း ၁၀၀ အနည္း ဆံုးခ်မွ မူရင္းစာရြက္စာတမ္းေတြ ျပႏိုင္မယ္လို႔ ခပ္တည္တည္ေျပာၾကတယ္။

၀ယ္သူကလည္း ေရွ႕ေနေခၚ လာၿပီဆိုကတည္းက ခိုင္ခိုင္မာမာနဲ႔ အ႐ႈပ္အရွင္းကင္းကင္းနဲ႔ ေျမနဲ႔တိုက္ကို ပိုင္ဆိုင္ခ်င္လို႔ေလ။ ဒီေတာ့ ေရွ႕ေနက “ဘာျဖစ္လို႔ ႏွစ္မ်ဳိးျဖစ္ရတာလဲ”လို႔ ေမး ၾကည့္မိတယ္။ သူတို႔ေျပာေတာ့လည္း အဟုတ္သားဘဲ သိန္း ၅၀ ရရင္ ေနာက္ ေျပာင္း၀ယ္ေနဖို႔ အိမ္ရွာမယ္။ စရန္ခ် မယ္။ လူရင္းအစစ္ေတြၾကည့္ရင္ အေပါင္ခံသူကိုေခၚၿပီး ျပႏိုင္ရမယ္။ ဒါဆိုရင္ သူကို အတိုးေတြထပ္ေပးရမယ္။ ဒီေတာ့ ကာမိေအာင္ သိန္းတစ္ရာေတာင္းရတာ တဲ့။ အားလံုးရွင္းသြားတာပဲ။

ဒီလိုအေၾကာင္းေၾကာင္းေတြ ေၾကာင့္ စရန္ေငြကို ေရာင္းသူေတာင္း သေလာက္ ေပးသင့္မေပးသင့္ ၀ယ္သူ က ေရွ႕ေနကို ေမးၾကတာပဲ။ တကယ္ ေတာ့ ေျမ၀ယ္ရင္ ေျမကြက္လပ္သက္ သက္ကို ၀ယ္ရတာ စိတ္အခ်ရဆံုးပါပဲ။ စရန္ေငြကိုလည္း ရဲရဲေပးရဲတယ္။ ဂရန္ အမည္ေပါက္ဆိုရင္ ပိုေကာင္းတာေပါ့။ အေရာင္းေျမပံု ကူးႏိုင္ရင္ (၂၁) ရက္ ေလာက္နဲ႔ရတယ္။ အေရာင္းေျမပံုရတာ နဲ႔ က်န္ေငြေခ်တယ္။ အေရာင္းေျမပံု လက္ခံယူတယ္။ စာခ်ဳပ္႐ံုးမွာ ေရာင္းသူ ထံက အထူးကိုယ္စားလွယ္လႊဲစာယူထား လိုက္တယ္။ ေျမကြက္ကေတာ့ မိမိ၀ယ္ ယူပိုင္ဆိုင္ထားေၾကာင္း ရပ္ကြက္အုပ္ ခ်ဳပ္ေရးမွဴးထံမွာ အေၾကာင္းၾကားၿပီး အပ္ႏွံထားေပါ့။ အေရာင္းအ၀ယ္စာခ်ဳပ္ မိတၱဴတစ္စံုေပးၿပီး အလွဴေငြေလးထည့္ ခဲ့ေပါ့။ ဒါဆိုရင္ ၀ယ္သူ ဘယ္သူဆိုတာ ရပ္ကြက္က အသိအမွတ္ျပဳတာေပါ့။ ဒါဆိုရင္ မိမိရဲ႕ေတြးေခၚစဥ္းစားႏိုင္မူ သာ အဓိကပါလို႔ပဲ သံုးသပ္မိပါတယ္။

သုခိ အတၱာနံ ပရိဟရႏၱဳ

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အခုတစ်လော အိမ်ခြံမြေ အရောင်းအဝယ်တွေက လည်း အေးနေတယ်သာ ပြောကြပေမယ့် တကယ် အရောင်းအဝယ်ဖြစ်တော့လည်း “ဖုတ်ပူမီးတိုက်” ဆိုသလိုပါပဲ။ “အခုပဲ စရန်ပေးစာချုပ်ချင်လို့ ဆရာ အမြန်လာ ပေးပါဆိုပြီး” မောင်ကောင်းဖေကို ကြိမ် စကြာနဲ့ ရိုက်ခေါ်သလိုပဲ။ အရောင်း အဝယ်လုပ်မယ့်နေရာကို အချိန်မီ အရောက် ပြေးရတယ်။

အရောင်းအဝယ်ကဖြစ်မယ့် ဖြစ်တော့လည်း မြန်လိုက်တာ ရောင်းသူ ကလည်း ငွေလိုနေလို့ အနည်းဆုံးစရန် ငွေ သိန်းနှစ်ရာချပေးပါလို့ တောင်းတယ်။ ဝယ်သူကလည်း မြောက်ဒဂုံ ၄၀ ရပ်ကွက် မှာ သိန်း ၆၇၀ နဲ့ ရမှာဆိုတော့ တန်တယ် ဆိုပြီး ရောင်းသူတောင်းတဲ့ စရန်ကိုပေး မယ်လို့ ကတိပေးထားပြီး ဖြစ်နေတယ်။

စရန်ငွေပေးတာနဲ့ပတ်သက် လို့ “မောင်ကောင်းဖေ”ကို သက်သေထား ပြီး ဘယ်လောက်ပေးရမလဲလို့ ခဏခဏ မေးကြတယ်။ တကယ်တော့ စရန်ငွေ ပေးတယ်ဆိုတာ ပထမဆုံး စာရွက်စာတမ်း မိတ္တူယူပြီး ပေးရတာမျိုးဆိုတော့ ဝယ်သူရဲ့ဆင်ခြင်တုံတရားအပေါ်လည်း မူတည်ပါတယ်။ တန်ဖိုးအလိုက် သိန်း ၅၀, သိန်း ၁၀၀, သိန်း ၂၀၀ ပေးလို့ရ ပါတယ်။

ဒါပေမယ့် လူကဲခတ်မညံ့ဖို့ တော့ အရေးကြီးတာပေါ့။ “ရွှေအကြောင်း ဖယောင်းမှသိ၊ လူအကြောင်းပေါင်းမှသိ” အဆိုအမိန့်ရှိတယ် မဟုတ်လား။ ရောင်း သူရဲ့ အဆင့်အတန်း ရောင်းသူရဲ့နေရပ် လိပ်စာ၊ ရောင်းသူရဲ့ ဥပဓိရုပ် စသည် တို့ကို အကဲခတ်ရတာပေါ့။ လူတစ်ယောက် ရဲ့ စိတ်နေစိတ်ထားဟာ အဲဒီလူရဲ့မျက်နှာ နဲ့ မျက်လုံးမှာ ဖော်ပြတယ်””လို့ အင်္ဂါ ဝိဇ္ဇာပညာရှင်များက ဆိုကြပါတယ်။ အဲဒီ တော့ ဘယ်လောက်ပေးရမလဲလို့ မောင် ကောင်းဖေကို မေးရင် လူကဲခတ်ပြီး ယုံ ကြည်မှုအရ တန်ဖိုးသတ်မှတ်ပေးလိုက် တာပါပဲ။ ကောင်းဆိုးကတော့ တစ်နိုင် တစ်ပိုင်ပေးတာက သူ့ဘက်ကိုယ့်ဘက် အလျော်အစား သိပ်မထိခိုက်နိုင်ဘူးပေါ့ လေ။

ဒါတင်ဘဲလားဆိုတော့ မပြည့် စုံသေးဘူးလို့ ပြောရမှာပေါ့။ အဲဒီရောင်း သူက ရောင်းတဲ့မြေကွက်ပေါ်မှာ၊ ရောင်းတဲ့ အိမ်ပေါ်မှာ၊ ရောင်းတဲ့တိုက်ပေါ်မှာ၊ လက်ရှိနေပြီး စရန်ငွေတွေ အများကြီး တောင်းနေတာလား။ ဒါဆိုရင်တော့ စရန် ငွေအများကြီး မချမိဖို့ အရေးကြီးတယ် နော်။ တကယ်လို့ အရောင်းအဝယ်ပွဲပျက် စဲရင် စရန်ငွေရဲ့ နှစ်ဆပြန်တောင်းမှာ လေ။ အဲဒီအခါကျရင် အဲဒီရောင်းသူက ပြန်ပေးနိုင်တဲ့ ငွေကြေးသူ့မှာရှိရဲ့လား။ ပြန်ပေးနိုင်မယ် မထင်ရင်တော့ စရန်ငွေ အများကြီး မချသင့်ဘူးပေါ့။

ဘာကြောင့်လည်း အဲဒီရောင်း သူက ရောင်းတဲ့တိုက်ပေါ်မှာ နေတုန်းပဲ အိမ်ပေါ်မှာ ဇိမ်ခံနေတုန်းပဲလေ။ ပွဲပျက် ခဲ့ရင်တောင် စရန်ငွေ အရင်းတွေရော နှစ်ဆတွေရော တစ်ပြားမှမပေးနိုင်ဘူး။ သုံးပစ်လိုက်လို့ကုန်ပြီ။ တိုင်ချင်တာ တိုင် လိုက်ရှင်းပေးရန်အသင့်ပဲလို့ ရန်စကား ပြောလာရင် ဝယ်သူအနေနဲ့ “သေပြီဆရာ” ဖြစ်ပြီပေါ့။ ကိုယ့်ငွေကိုယ်ရဖို့အရေး ရောင်းသူကို တရားစွဲယူရဦးမယ်။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်မယ်။ “မစည်ကား အပ်တဲ့ အရပ်ထဲမှာပါတဲ့ တရားရုံးကို မသွားချင်ဘဲနဲ့ သွားရဦးမယ်။ ဝယ်သူ တွေက ဒီလိုရောင်းသူမျိုးတွေကို အကြောက် ဆုံးပဲ။

ဒါ့အပြင် လူနေထိုင်ပြီး ရောင်း တဲ့တိုက်တို့ အိမ်တို့ကိုဝယ်ရင် စရန်ငွေ ပေးတဲ့နေ့မှာ အထူးသတိထားရတယ်။ အဲဒီလို ရောင်းသူတို့ အခြေတကျနေ ထိုင်လာခဲ့တဲ့ တိုက်တို့ အိမ်တို့နဲ့သက် ဆိုင်တဲ့ ဂရန်နဲ့ စာချုပ်စာတမ်းတွေဟာ သူတို့လက်ထဲမှာမရှိဘဲ အပေါင်ခံသူရဲ့ လက်ထဲမှာရောက်နေတတ်တယ်။ ဒီလို အိမ်မျိုး၊ တိုက်မျိုးကို ကြိုက်ပြီဆိုရင်တော့ ဝယ်သူနဲ့ပါလာတဲ့ ရှေ့နေခေါင်းကိုက် ပြီသာမှတ်ပေတော့။

အဲဒီလို ရောင်းသူမျိုးတွေဟာ သူတို့မှာ အိမ်နဲ့ မြေသာပိုင်တာ ပိုင်ဆိုင် မှု စာရွက်စာတမ်းတွေက အပေါင်လက်ထဲ မှာ ရှိတယ်။ ဒါပေမယ့် လေသံကတော့ အပေါ်စီးကပဲ တစ်ပြားမှမလျှော့ဘူး။ စရန်ငွေ သိန်း ၅၀ လောက်ပေးရင် မိတ္တူ ပဲ ပြနိုင်မယ်။ စရန်ငွေ သိန်း ၁၀၀ အနည်း ဆုံးချမှ မူရင်းစာရွက်စာတမ်းတွေ ပြနိုင်မယ်လို့ ခပ်တည်တည်ပြောကြတယ်။

ဝယ်သူကလည်း ရှေ့နေခေါ် လာပြီဆိုကတည်းက ခိုင်ခိုင်မာမာနဲ့ အရှုပ်အရှင်းကင်းကင်းနဲ့ မြေနဲ့တိုက်ကို ပိုင်ဆိုင်ချင်လို့လေ။ ဒီတော့ ရှေ့နေက “ဘာဖြစ်လို့ နှစ်မျိုးဖြစ်ရတာလဲ”လို့ မေး ကြည့်မိတယ်။ သူတို့ပြောတော့လည်း အဟုတ်သားဘဲ သိန်း ၅၀ ရရင် နောက် ပြောင်းဝယ်နေဖို့ အိမ်ရှာမယ်။ စရန်ချ မယ်။ လူရင်းအစစ်တွေကြည့်ရင် အပေါင်ခံသူကိုခေါ်ပြီး ပြနိုင်ရမယ်။ ဒါဆိုရင် သူကို အတိုးတွေထပ်ပေးရမယ်။ ဒီတော့ ကာမိအောင် သိန်းတစ်ရာတောင်းရတာ တဲ့။ အားလုံးရှင်းသွားတာပဲ။

ဒီလိုအကြောင်းကြောင်းတွေ ကြောင့် စရန်ငွေကို ရောင်းသူတောင်း သလောက် ပေးသင့်မပေးသင့် ဝယ်သူ က ရှေ့နေကို မေးကြတာပဲ။ တကယ် တော့ မြေဝယ်ရင် မြေကွက်လပ်သက် သက်ကို ဝယ်ရတာ စိတ်အချရဆုံးပါပဲ။ စရန်ငွေကိုလည်း ရဲရဲပေးရဲတယ်။ ဂရန် အမည်ပေါက်ဆိုရင် ပိုကောင်းတာပေါ့။ အရောင်းမြေပုံ ကူးနိုင်ရင် (၂၁) ရက် လောက်နဲ့ရတယ်။ အရောင်းမြေပုံရတာ နဲ့ ကျန်ငွေချေတယ်။ အရောင်းမြေပုံ လက်ခံယူတယ်။ စာချုပ်ရုံးမှာ ရောင်းသူ ထံက အထူးကိုယ်စားလှယ်လွှဲစာယူထား လိုက်တယ်။ မြေကွက်ကတော့ မိမိဝယ် ယူပိုင်ဆိုင်ထားကြောင်း ရပ်ကွက်အုပ် ချုပ်ရေးမှူးထံမှာ အကြောင်းကြားပြီး အပ်နှံထားပေါ့။ အရောင်းအဝယ်စာချုပ် မိတ္တူတစ်စုံပေးပြီး အလှူငွေလေးထည့် ခဲ့ပေါ့။ ဒါဆိုရင် ဝယ်သူ ဘယ်သူဆိုတာ ရပ်ကွက်က အသိအမှတ်ပြုတာပေါ့။ ဒါဆိုရင် မိမိရဲ့တွေးခေါ်စဉ်းစားနိုင်မူ သာ အဓိကပါလို့ပဲ သုံးသပ်မိပါတယ်။

သုခိ အတ္တာနံ ပရိဟရန္တု

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service