Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
982 Views
Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၅ ၊ ၆ ) စနေ ၊ တနင်္ဂနွေ နေ့များတွင် မြန်မာနိုင်င်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) နှင့် Yoma Land တို့ ပူးပေါင်း၍ City Loft အိမ်ရာ အရောင်းပြပွဲကို Sule Shangri-La Hotel တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ပြပွဲ (၂) ရက်အတွင်းတွင် လူကြိုက်များသည့် 2 bedroom အခန်းများကို အထူးနှုန်းများ ၊ အတိုးမဲ့အရစ်ကျ ပေးချေမှုများ အပြင် ဗလာမပါ ကံစမ်းမဲများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
City Loft အိမ်ရာစီမံကိန်းသည် သန်လျင်အမှတ် (၁) တံတားဆင်းဆင်းချင်း Star City အိမ်ရာဝန်းအတွင်းတွင် ကမ္ဘာ့အဆင့်မီ တည်ဆောက်လျှက်ရှိသည်။ အိမ်ရာစီမံကိန်းတွင် Tower (၁၁) လုံး တည်ဆောက်လျှက်ရှိပြီး အခန်းပေါင်း (၁၃၅၁) ခန်း ပါဝင်သည်ဖြစ်ကြောင်း သိရသည်။ Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အမျိုးအစားစုံလင်စွာ အခန်းအကျယ်အဝန်း 312 sqft မှ 958 sqft အထိ ရွေးချယ်နိုင်သည်ဖြစ်သည်။ အခန်းအမျိုးအစားပေါ်မူတည်၍ လစဉ်အနည်းဆုံး (၅) သိန်းဝန်းကျင် ပေးသွင်းရုံဖြင့် ပိုင်ဆိုင်နိုင်သည်ဖြစ်သည်။
City Loft အိမ်ရာဝန်းအတွင်းတွင် Facilities များအနေဖြင့် ဂေါက်ကွင်း ၊ ရေကူးကန်များ ၊ ကလေးကစားကွင်းများ ၊ အားကစားခန်းမ ၊ ပန်းခြံစသဖြင့် ပါဝင်သည့်အပြင် နေထိုင်သူများ သာယာအဆင်ပြေစေရန်အတွက် ပန်းလှိုင်ဆေးခန်း၊ သွားဘက်ဆိုင်ရာဆေးခန်း ၊ Spa and Body Massage ၊ အလှပြင်ဆိုင် ၊ ကော်ဖီဆိုင် နှင့် အခြားစားသောက်ဆိုင်များ ၊ Wet Market ၊ စူပါမားကတ် ၊ ၂၄ နာရီ စတိုးဆိုင် ၊ ဘဏ် နှင့် ATM များ ၊ Dulwich International School နှင့် ဘတ်(စ်)ကားဂိတ်တို့ ပါရှိကြောင်း သိရသည်။
“ ဒီကနေ့ ကျင်းပပြုလုပ်နေတဲ့ အရောင်းပွဲကတော့ သန်လျင်အမှတ် (၁) တံတားဆင်းဆင်းချင်း Star City အိမ်ရာဝန်းအတွင်းမှာ တည်ရှိတဲ့ City Loft အိမ်ရာအရောင်းပြပွဲပါ။ City Loft အိမ်ရာစီမံကိန်းကို Yoma Land မှ တာဝန်ယူတည်ဆောက်လျှက်ရှိပါတယ်။ တနိုင်တပိုင်ငွေပေးချေမှု အစီအစဉ်များနဲ့ ရောင်းချနေတာဖြစ်လို့ ဝယ်သူတွေအတွက် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ပေးလိုက်ရတဲ့ တန်ဖိုးထက် အဆများစွာပိုတဲ့ Facilities များလည်း ခံစားရမှာပါ။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Upcoming Property Events
From 13 Sep To 14 Sep
INNO CITY
From 13 Sep To 14 Sep
Magical World Apartment
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service