ရန္ကုန္-မႏၲေလး ရထားလမ္း အဆင့္ျမႇင့္တင္ေရးမွ ရန္ကုန္-ေတာင္ငူ လမ္းပိုင္းစီမံကိန္း (၁) အတြက္ ဘူတာရုံ (၁၀) ခုကို အသစ္ျပန္လည္တည္ေဆာက္မည္ - Property News in Myanmar from iMyanmarHouse.com
4292 Views

ရန္ကုန္-မႏၲေလး ရထားလမ္း အဆင့္ျမႇင့္တင္ေရးမွ ရန္ကုန္-ေတာင္ငူ လမ္းပိုင္းစီမံကိန္း (၁) အတြက္ ဘူတာရုံ (၁၀) ခုကို အသစ္ျပန္လည္တည္ေဆာက္မည္

### Zawgyi Version ###

ရန္ကုန္-မႏၲေလး ရထားလမ္း အဆင့္ျမႇင့္တင္ေရးမွ ရန္ကုန္-ေတာင္ငူ လမ္းပိုင္းစီမံကိန္း (၁) အတြက္ ဘူတာရုံ(၁၀)ခုကို အသစ္ျပန္လည္တည္ေဆာက္ မည္ျဖစ္ေၾကာင္းျမန္မာ့မီးရထား မွ သိရသည္။

ရန္ကုန္-ေတာင္ငူလမ္းပိုင္းရွိ ပဲခူး၊ေညာင္ေလးပင္၊ျဖဴး အပါအဝင္ ေတာင္ငူ-မႏၲေလးလမ္းပိုင္းရွိ ေတာင္ငူ၊ ေရတာရွည္၊ပ်ဥ္းမနား၊ရမည္းသင္း၊သာစည္၊ေက်ာက္ဆည္၊ ၿမိဳ့ေဟာင္း ဘူတာမ်ားကို အသစ္ျပန္လည္တည္ ေဆာက္သြားမည္ျဖစ္သည္။

က်န္ဘူတာ ၈၉ ခုစလုံးကိုလည္း ျမန္မာ့မီးရထား၏ အစီအစဥ္ျဖင့္အဆင့္ဆင့္ျပဳျပင္ျခင္း၊ အသစ္တည္ ေဆာက္ျခင္းမ်ားေဆာင္ ရြက္သြားမည္ျဖစ္ေၾကာင္း၊ဘူတာပတ္ဝန္းက်င္ နယ္နိမိတ္မ်ားတြင္အုတ္ျခံစည္းရိုးကာရံျခင္းမ်ားႏွင့္ ဘူတာအဝင္လမ္းေကာင္းမြန္ေရးတို႔အတြက္ ဆက္လက္ေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း၊ Level Crossing မ်ားကိုလည္း ပိတ္သိမ္းျခင္း၊ ေရွာင္လမ္း၊ ခုံးေက်ာ္တည္ေဆာက္ျခင္းမ်ားကိုသက္ဆိုင္ရာ တိုင္းေဒသ ႀကီးအသီးသီးႏွင့္ညႇိႏွိုင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့မီးရထားမွဦးေဆာင္ညႊန္ၾကားေရးမႉး ဦးဘျမင့္ က ေျပာၾကားသည္။

ျမန္မာ့မီးရထားအေနျဖင့္ ခရီးသည္ႏွင့္ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ားႏွင့္ ရထားစြမ္းေဆာင္မႈမွာ ၂၀၀၇ ခုႏွစ္ေနာက္ပိုင္းတြင္ က်ဆင္း ခဲ့ရေၾကာင္း၊ျမန္မာ့မီးရထား၏ ၁၉၈၈-၈၉ ခုႏွစ္တြင္ ဝင္ေငြ ၉၅ ရာခိုင္ ႏႈန္းရွိခဲ့ၿပီး ၂၀၀၇-၂၀၀၈ ခုႏွစ္တြင္ ဝင္ေငြ ၉၂ ရာခိုင္ႏႈန္းသာရွိခဲ့ကာ ယခု ၂၀၁၈-၂၀၁၉ တြင္ ဝင္ေငြ ၇၄ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ေၾကာင္းသိရသည္။

ျမန္မာ့မီးရထားအေနျဖင့္ ခရီးသည္ႏွင့္ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ားမွ ဝင္ေငြက်ဆင္းမႈကို ရပ္တန္႔ ေစရန္ ရထားလမ္းပိုင္းမ်ားအား အျမန္ဆုံးျပဳျပင္ေဆာင္ရြက္မွသာ ျမန္မာ့မီးရထား၏ အဆင့္အတန္း ျမင့္မားလာမည္ျဖစ္ေၾကာင္း၊ ရန္ကုန္- မႏၲေလးရထားလမ္းပိုင္းတြင္ ျမန္မာ့မီးရထားဝင္ေငြ၏ ၅၈ ရာခိုင္ႏႈန္းကို ဝင္ေငြရွာေပးေနေၾကာင္းႏွင့္ လမ္းပိုင္းအဆင့္ျမႇင့္တင္ ေဆာင္ရြက္မွသာလၽွင္ ျမန္မာ့မီးရထားမွာ ဆက္လက္ရပ္တည္လာနိုင္ မည္ျဖစ္ေၾကာင္းသိရသည္။

ရန္ကုန္-မႏၲေလး ရထားလမ္းသည္သက္တမ္းအားျဖင့္ ၁၃၃ ႏွစ္ၾကာခဲ့ၿပီျဖစ္ေၾကာင္း၊တစ္နာရီလၽွင္ ၃၈ မိုင္ႏႈန္းျဖင့္ ရန္ကုန္- မႏၲေလးရထားခရီးစဥ္ကို ၁၅ နာရီၾကာေမာင္းႏွင္ခဲ့ရၿပီး ယခုအဆင့္ျမွင့္တင္မႈမ်ားျပဳလုပ္ၿပီး လွ်င္ တစ္နာရီ ၆၂ မိုင္ႏႈန္းျဖင့္ ၈ နာရီသာၾကာျမင့္ေတာ့မည္ျဖစ္ေၾကာင္းသိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးမှ ရန်ကုန်-တောင်ငူ လမ်းပိုင်းစီမံကိန်း (၁) အတွက် ဘူတာရုံ(၁၀)ခုကို အသစ်ပြန်လည်တည်ဆောက် မည်ဖြစ်ကြောင်းမြန်မာ့မီးရထား မှ သိရသည်။

ရန်ကုန်-တောင်ငူလမ်းပိုင်းရှိ ပဲခူး၊ညောင်လေးပင်၊ဖြူး အပါအဝင် တောင်ငူ-မန္တလေးလမ်းပိုင်းရှိ တောင်ငူ၊ ရေတာရှည်၊ပျဉ်းမနား၊ရမည်းသင်း၊သာစည်၊ကျောက်ဆည်၊ မြို့ဟောင်း ဘူတာများကို အသစ်ပြန်လည်တည် ဆောက်သွားမည်ဖြစ်သည်။ ကျန်ဘူတာ ၈၉ ခုစလုံးကိုလည်း မြန်မာ့မီးရထား၏ အစီအစဉ်ဖြင့်အဆင့်ဆင့်ပြုပြင်ခြင်း၊ အသစ်တည် ဆောက်ခြင်းများဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ဘူတာပတ်ဝန်းကျင် နယ်နိမိတ်များတွင်အုတ်ခြံစည်းရိုးကာရံခြင်းများနှင့် ဘူတာအဝင်လမ်းကောင်းမွန်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ Level Crossing များကိုလည်း ပိတ်သိမ်းခြင်း၊ ရှောင်လမ်း၊ ခုံးကျော်တည်ဆောက်ခြင်းများကိုသက်ဆိုင်ရာ တိုင်းဒေသ ကြီးအသီးသီးနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့် က ပြောကြားသည်။

မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများနှင့် ရထားစွမ်းဆောင်မှုမှာ ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ကျဆင်း ခဲ့ရကြောင်း၊မြန်မာ့မီးရထား၏ ၁၉၈၈-၈၉ ခုနှစ်တွင် ဝင်ငွေ ၉၅ ရာခိုင် နှုန်းရှိခဲ့ပြီး ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ဝင်ငွေ ၉၂ ရာခိုင်နှုန်းသာရှိခဲ့ကာ ယခု ၂၀၁၈-၂၀၁၉ တွင် ဝင်ငွေ ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းသိရသည်။

မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများမှ ဝင်ငွေကျဆင်းမှုကို ရပ်တန့် စေရန် ရထားလမ်းပိုင်းများအား အမြန်ဆုံးပြုပြင်ဆောင်ရွက်မှသာ မြန်မာ့မီးရထား၏ အဆင့်အတန်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ရန်ကုန်- မန္တလေးရထားလမ်းပိုင်းတွင် မြန်မာ့မီးရထားဝင်ငွေ၏ ၅၈ ရာခိုင်နှုန်းကို ဝင်ငွေရှာပေးနေကြောင်းနှင့် လမ်းပိုင်းအဆင့်မြှင့်တင် ဆောင်ရွက်မှသာလျှင် မြန်မာ့မီးရထားမှာ ဆက်လက်ရပ်တည်လာနိုင် မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းသည်သက်တမ်းအားဖြင့် ၁၃၃ နှစ်ကြာခဲ့ပြီဖြစ်ကြောင်း၊တစ်နာရီလျှင် ၃၈ မိုင်နှုန်းဖြင့် ရန်ကုန်- မန္တလေးရထားခရီးစဉ်ကို ၁၅ နာရီကြာမောင်းနှင်ခဲ့ရပြီး ယခုအဆင့်မြှင့်တင်မှုများပြုလုပ်ပြီး လျှင် တစ်နာရီ ၆၂ မိုင်နှုန်းဖြင့် ၈ နာရီသာကြာမြင့်တော့မည်ဖြစ်ကြောင်းသိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service