(၃၃) ခုေျမာက္ ၿမိဳ႕ျပအေမြအႏွစ္ အျပာေရာင္ကမၸည္းျပားကို Yangon Excelsior Hotel တြင္ တပ္ဆင္ - Property News in Myanmar from iMyanmarHouse.com
1434 Views

(၃၃) ခုေျမာက္ ၿမိဳ႕ျပအေမြအႏွစ္ အျပာေရာင္ကမၸည္းျပားကို Yangon Excelsior Hotel တြင္ တပ္ဆင္

### Zawgyi Version ###

(၃၃) ခုေျမာက္ ၿမိဳ့ျပအေမြအႏွစ္ အျပာေရာင္ကမၸည္းျပားကို Yangon Excelsior Hotel တြင္ စက္တင္ဘာ ၂၈ ရက္ကတပ္ဆင္ခဲ့သည္။ အဆိုပါအေဆာက္အအုံသည္ ရန္ကုန္ၿမိဳ႕ပန္းဘဲတန္းၿမိဳ႕နယ္ ဗိုလ္ဆြန္ပတ္လမ္းတြင္ တည္ရွိၿပီး ယခင္ကစတီးဘရားသားကုမၸဏီ ျဖစ္ခဲ့သည္။

ယင္းအခမ္းအနားတြင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအတြင္းေရးမႉး ေဒၚလႈိင္ေမာ္ဦး၊ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ဥကၠ႒ ေဒါက္တာသန္းျမင့္ဦးႏွင့္အဖြဲ႔ဝင္မ်ား၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ဖိတ္ၾကားထားသူမ်ားတတ္ေရာက္ခဲ့ၾကၿပီး ၿမိဳ႕ျပအေမြအႏွစ္အျပာေရာင္ကမၸည္းျပားကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ၾကသည္။

ယခင္ စတီးဘရားသားကုမၸဏီကို ကိုလိုနီေခတ္ ၁၉၃၀ ျပည့္ႏွစ္ခန္႔ကတည္ေဆာက္ခဲ့ၿပီး ဆန္စပါးႏွင့္သစ္ေရာင္းဝယ္ေရးကုမၸဏီတစ္ခုျဖစ္ခဲ့သည္။ကုန္သြယ္ေရးေကာ္ပိုေရးရွင္း အမွတ္ (၅) က ၁၉၆၀ ျပည့္ႏွစ္ ေနာက္ပိုင္းတြင္ ျမန္မာ့ကုန္တိုက္ရုံးခ်ဳပ္အျဖစ္လည္းေကာင္း၊နယ္စပ္ကုန္သြယ္ေရး ဌာနအျဖစ္လည္းေကာင္း ၂၀၀၈ ခုႏွစ္အထိအသုံးျပဳခဲ့သည္။

ယခုအခါ အခန္း ၇၄ ခန္းပါ အဆင့္ျမွင့္ဟိုတယ္အျဖစ္ ၂၀၁၈ ခုႏွစ္တြင္ ျပန္လည္ျပင္ဆင္ၿပီး Yangon Excelsior Hotel အျဖစ္ ဖြင့္လွစ္ခဲ့ၿပီး မူလလက္ရာမ်ားကို ျပင္ဆင္ထိန္းသိမ္းထားသည့္အတြက္ ၂၀၁၉ ခုႏွစ္ အတြက္ ရန္ကုန္ၿမိဳ့ျပအေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔၏ Best Adapticve Reuse Award ဆု ရရွိခဲ့ေၾကာင္းသိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

(၃၃) ခုမြောက် မြို့ပြအမွေအနှစ် အပြာရောင်ကမ္ပည်းပြားကို Yangon Excelsior Hotel တွင် စက်တင်ဘာ ၂၈ ရက်ကတပ်ဆင်ခဲ့သည်။ အဆိုပါအဆောက်အအုံသည် ရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပတ်လမ်းတွင် တည်ရှိပြီး ယခင်ကစတီးဘရားသားကုမ္ပဏီ ဖြစ်ခဲ့သည်။

ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်ဦးနှင့်အဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များနှင့်ဖိတ်ကြားထားသူများတတ်ရောက်ခဲ့ကြပြီး မြို့ပြအမွေအနှစ်အပြာရောင်ကမ္ပည်းပြားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ယခင် စတီးဘရားသားကုမ္ပဏီကို ကိုလိုနီခေတ် ၁၉၃၀ ပြည့်နှစ်ခန့်ကတည်ဆောက်ခဲ့ပြီး ဆန်စပါးနှင့်သစ်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်ခဲ့သည်။ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ် (၅) က ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာ့ကုန်တိုက်ရုံးချုပ်အဖြစ်လည်းကောင်း၊နယ်စပ်ကုန်သွယ်ရေး ဌာနအဖြစ်လည်းကောင်း ၂၀၀၈ ခုနှစ်အထိအသုံးပြုခဲ့သည်။

ယခုအခါ အခန်း ၇၄ ခန်းပါ အဆင့်မြှင့်ဟိုတယ်အဖြစ် ၂၀၁၈ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ပြီး Yangon Excelsior Hotel အဖြစ် ဖွင့်လှစ်ခဲ့ပြီး မူလလက်ရာများကို ပြင်ဆင်ထိန်းသိမ်းထားသည့်အတွက် ၂၀၁၉ ခုနှစ် အတွက် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ Best Adapticve Reuse Award ဆု ရရှိခဲ့ကြောင်းသိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

Upcoming Property Events

bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service