ရန်ကုန်မြို့ ၏ သံရုံးများစုဝေးရာ အဖိုးတန်မြေနေရာရှိ Magical World ကွန်ဒိုပြပွဲ iMyanmarHouse.com မှ ကြီးမှူးကျင်းပ - Property News in Myanmar from iMyanmarHouse.com
1318 Views
ရန်ကုန်မြို့ ၏ သံရုံးများစုဝေးရာ အဖိုးတန်မြေနေရာရှိ Magical World ကွန်ဒိုပြပွဲ iMyanmarHouse.com မှ ကြီးမှူးကျင်းပ
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ ခရေပင်လမ်း ၊ လမ်းမတော်မြို့နယ်မှာ ဖော်ဆောင်သွားမည့် Magical World စီမံကိန်းပြပွဲကြီးကို ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ( ၂၁ ၊ ၂၂ ) နေ့များတွင် နံနက် (၉) နာရီ မှ ညနေ ( ၅) နာရီအထိ အမှတ် (၁၅ /D) ၊ သံတမန်လမ်း ၊ ဒဂုံမြို့နယ်ရှိ ယင်းကွန်ဒိုအရောင်းပြခန်းတွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
Magical World စီမံကိန်းကြီးသည် မြေအကျယ်အဝန်း (၄) ဧကကျော်တွင် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းများ၏ ဦးဆောင်ကုမ္ပဏီ Adventure Myanmar Tours and Incentive နှင့် တရုတ်ပြည်၏ Top 10 အိမ်ခြံမြေလုပ်ငန်းစာရင်းဝင် Better Life Group တို့ ပူးပေါင်းဖော်ဆောင်သွားမှာဖြစ်ပြီး အဆောက်အဦး (၅)လုံးပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဟိုတယ်အခန်းပေါင်း (၈၇) ခန်း ၊ Residential အခန်းပေါင်း (၃၅၉) ခန်း နှင့် Service Apartment အခန်းပေါင်း (၁၆၈) ခန်းပါဝင်မည်ဖြစ်သည်။
စီမံကိန်းအတွင်း Super Market ၊ Passage way ၊ Infinity Party Pool ၊ Sky Garden Run way ၊ Fitness Club ၊ Residential ၊ Retail Shop ၊ Child Care Centre ၊ Convenience Store ၊ Children Kid Pool ၊ Public Library ၊ Laundry Service ၊ Food & Beverage ၊ Restaurant ၊ Pool Side Bar ၊ Car parking ၊ Lift စသည့် facilities များ ပြည့်စုံစွာ ပါရှိမည်ဖြစ်သည်။
Magical World ၏ အနီးအနားတွင် ထိုင်းသံရုံး ၊ လာအိုသံရုံး ၊ ဘရာဇီးသံရုံး ၊ ပါကစ္စတန်သံရုံး၊ မလေးရှားသံရုံး ၊ သီရိလင်္ကာသံရုံး ၊ အင်ဒိုနီးရှားသံရုံး ၊ တရုတ်သံရုံး၊ ရုရှားသံရုံးတို့ ရှိနေပြီး ရွှေတိဂုံစေတီ ၊ အမျိုးသားပြတိုက် ၊ ရန်ကုန်တိုင်းလွှတ်တော်ရုံး ၊ ပြည်သူ့ရင်ပြင်ဥယျာဉ် ၊ UMFCCI ( ကုန်သည်ကြီးများအသင်း ) ၊ အမျိုးသားကဇာတ်ရုံ ၊ တော်ဝင်စင်တာ ၊ စိန်ဂေဟာ ၊ ရန်ကုန်ကလေးဆေးရုံကြီး ၊ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံ ၊
ရွှေလမင်းအထူးကုဆေးရုံ ၊ ဆာကူရာဆေးရုံ ၊ အာရှတော်ဝင်ဆေးရုံ တို့ရှိသည်။ ဘဏ်များ ၊ ကျောင်းများ ၊ သံရုံးများနှင့်လည်း နီးကပ်စွာတည်ရှိသည့်အတွက် Location အထူးကောင်းမွန်သည်။
“ Magical World Condo မှာ ရွေးချယ်စရာ အခန်းအမျိုးအစားအနေဖြင့် (1) Bedroom နှင့် (2) Bedroom အခန်းဆိုပြီး ရှိပါတယ်။ ဒီပြပွဲအတွင်းမှာ ဦးဦးဖျားဖျား အခန်းရွေးချယ်ခွင့်တွေ ၊ လ (၃၀) အတိုးမဲ့ အရစ်ကျစနစ်တွေ ၊ Discount တွေ ၊ Furniture လက်ဆောင်တွေ ထည့်ပေးပါတယ်။ Location အထူးအားသာချက်ရှိတဲ့ ဒီစီမံကိန်းကို စိတ်ဝင်စားရင် ကျွန်တော်တို့ iMyanmarHouse.com မှာ စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanamrHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service