တန္ဖိုးနည္းအိမ္ရာအခန္းေပါင္း ၃၀၀၀ ကို Eco Green City တြင္ စတင္တည္ေဆာက္ - Property News in Myanmar from iMyanmarHouse.com
5531 Views

တန္ဖိုးနည္းအိမ္ရာအခန္းေပါင္း ၃၀၀၀ ကို Eco Green City တြင္ စတင္တည္ေဆာက္

### Zawgyi Version ###

တန္ဖိုးနည္းအိမ္ရာအခန္းေပါင္း ၃၀၀၀ ကို Eco Green City တြင္ စတင္တည္ေဆာက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တုိင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ တြင္ တည္ေဆာက္လ်က္ရွိေသာ Eco Green City စီမံကိန္းတြင္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနမွ တန္ဖိုးနည္းအိမ္ရာအခန္းေပါင္း ၃၀၀၀ ရရွိမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါစီမံကိန္းတြင္ ဌာနမွရရွိမည့္ တန္ဖိုးနည္းအိမ္ရာမ်ားကိုစတင္တည္ေဆာက္ေနၿပီး ပထမအဆင့္ ၂၈ လုံးကိုစေဆာက္ေနၿပီး တည္ေဆာက္မႈၿပီးစီးလွ်င္ ျပည္သူလူထုကိုေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္း သိရသည္။

ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလယာဥ္ကြင္းတည္ေဆာက္မည့္ေနရာႏွင့္ ၁၀ မိုင္ခန္႔အကြာတြင္တည္ေဆာက္မည့္ အဆိုပါစီမံကိန္းကို ဧရိယာ ၁၄၅၃ ဧကေပၚတြင္ အေမရိကန္ေဒၚလာ ႏွစ္ဘီလီယံခန္႔ ရင္းႏွီးျမွဳပ္ႏွံမည္ျဖစ္သည္။

အဆိုပါစီမံကိန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနႏွင့္ Alliance Star Group of Company တို႔ကအက်ိဳးတူပူးေပါင္းၿပီး JACA မွေရးဆြဲထားသည့္ Yangon Vision 2014 ပါဝင္သည့္ စီမံကိန္းတစ္ခုျဖစ္သည္။

စီမံကိန္းကို အပိုင္းႏွစ္ပိုင္းခြဲ၍ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ပထမအဆင့္ကို ၂၀၁၈ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အထိ ငါးႏွစ္စီမံကိန္းအျဖစ္ေဆာင္ရြက္မွာျဖစ္ၿပီး ၎ အဆင့္တြင္ တန္ဖိုးနည္း၊တန္ဖိုးသင့္အိမ္ရာမ်ား၊ အေဝးေျပးယာဥ္ရပ္နားစခန္း၊တန္ဖိုးသင့္အိမ္ရာမ်ား၊အေဝးေျပးယာဥ္ရပ္နားစခန္း၊ေဈးႏွင့္စားေသာက္ဆိုင္မ်ား၊အုပ္ခ်ဳပ္ေရးဆိုင္ရာရုံးမ်ား၊ Shopping Mall မ်ား၊Mixed Use Zone မ်ား၊ ပန္ျခံႏွင့္ကစားကြင္း၊လမ္းကြန္ယက္ႏွင့္ အေျခခံအေဆာက္အအုံမ်ားပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။

စီမံကိန္းဒုတိယအဆင့္ကို ၂၀၂၃ ခုႏွစ္မွ ၂၀၂၈ ခုႏွစ္အထိ ငါးႏွစ္စီမံကိန္းအျဖစ္ေဆာင္ရြက္မွာျဖစ္ၿပီး ၎အဆင့္တြင္ သီးသန္႔လုံးခ်င္းအိမ္ရာမ်ား၊ႏိုင္ငံတကာအဆင့္မီ ေဆးရုံႏွင့္ေက်ာင္း၊အမ်ားျပည္သူအနားယူအပန္းေျဖရန္ေနရာ၊ဟိုတယ္ဇုန္၊ေဂါက္ကြင္း၊Media Village ႏွင့္ Agro-Park တို႔ပါဝင္မွာျဖစ္ေၾကာင္း သိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၃၀၀၀ ကို Eco Green City တွင် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် တွင် တည်ဆောက်လျက်ရှိသော Eco Green City စီမံကိန်းတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၃၀၀၀ ရရှိမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းတွင် ဌာနမှရရှိမည့် တန်ဖိုးနည်းအိမ်ရာများကိုစတင်တည်ဆောက်နေပြီး ပထမအဆင့် ၂၈ လုံးကိုစဆောက်နေပြီး တည်ဆောက်မှုပြီးစီးလျှင် ပြည်သူလူထုကိုရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းတည်ဆောက်မည့်နေရာနှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ဆောက်မည့် အဆိုပါစီမံကိန်းကို ဧရိယာ ၁၄၅၃ ဧကပေါ်တွင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Star Group of Company တို့ကအကျိုးတူပူးပေါင်းပြီး JACA မှရေးဆွဲထားသည့် Yangon Vision 2014 ပါဝင်သည့် စီမံကိန်းတစ်ခုဖြစ်သည်။

စီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ပထမအဆင့်ကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး ၎င်း အဆင့်တွင် တန်ဖိုးနည်း၊တန်ဖိုးသင့်အိမ်ရာများ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊တန်ဖိုးသင့်အိမ်ရာများ၊အဝေးပြေးယာဉ်ရပ်နားစခန်း၊ဈေးနှင့်စားသောက်ဆိုင်များ၊အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ Shopping Mall များ၊Mixed Use Zone များ၊ ပန်ခြံနှင့်ကစားကွင်း၊လမ်းကွန်ယက်နှင့် အခြေခံအဆောက်အအုံများပါဝင်မည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းဒုတိယအဆင့်ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး ၎င်းအဆင့်တွင် သီးသန့်လုံးချင်းအိမ်ရာများ၊နိုင်ငံတကာအဆင့်မီ ဆေးရုံနှင့်ကျောင်း၊အများပြည်သူအနားယူအပန်းဖြေရန်နေရာ၊ဟိုတယ်ဇုန်၊ဂေါက်ကွင်း၊Media Village နှင့် Agro-Park တို့ပါဝင်မှာဖြစ်ကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

Upcoming Property Events

imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service