MIC မွ ၃၁ ႏွစ္အတြင္း စီးပြားေရးက႑ ၁၂ ခုတြင္ ေဒၚလာ သန္းရွစ္ေသာင္းေက်ာ္ ခြင့္ျပဳေပးခဲ့ - Property News in Myanmar from iMyanmarHouse.com
528 Views

MIC မွ ၃၁ ႏွစ္အတြင္း စီးပြားေရးက႑ ၁၂ ခုတြင္ ေဒၚလာ သန္းရွစ္ေသာင္းေက်ာ္ ခြင့္ျပဳေပးခဲ့

### Zawgyi Version ###

ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ (MIC) မွ ၁၉၈၈ ခုႏွစ္မွ ယခုႏွစ္ ဩဂုတ္လကုန္အထိ ႏိုင္ငံေပါင္း ၅၀မွ စုစုေပါင္းအေမရိကန္ေဒၚလာ သန္း ၈,၂၀၀၀ ခန္႔ ရင္းႏွီးျမႇပ္ႏွံခြင့္ျပဳခဲ့ေၾကာင္း ေကာ္မရွင္၏သတင္းထုတ္ ျပန္ခ်က္အရသိရသည္။

လက္ရွိအခ်ိန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္သည့္ ႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္ေၾကာင္းအဆိုပါေကာ္မရွင္မွသိရသည္။

ျမန္မာႏိုင္ငံအတြင္း ၿပီးခဲ့သည့္ ၁၉၈၈ ခုႏွစ္မွ ယခု ၂၀၁၉ ခုႏွစ္ဩဂုတ္လအထိ ႏိုင္ငံအတြင္းရွိ စီးပြားေရးက႑ ၁၂ ခုတြင္ ရင္းႏွီးျမႇပ္ႏွံမႈလုပ္ငန္းေပါင္း ၁၈၀၀ ေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း MIC ထံမွသိရသည္။

ႏိုင္ငံေပါင္း ၅၀ မွ စီးပြားေရးက႑ ၁၂ ခုအနက္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားသည့္ က႑မ်ားမွာ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၇ ဒသမ ၄၈ ရာခိုင္ႏႈန္း၊ လၽွပ္စစ္က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၆ ရာခိုင္ႏႈန္း၊ ကုန္ထုတ္လုပ္မႈ က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ၏ ၁၄ ရာခိုင္ႏႈန္း ဝင္ေရာက္လ်က္ရွိေၾကာင္း MIC ၏စာရင္းဇယားမ်ားအရသိရသည္။

ရင္းႏွီးျမႇပ္ႏွံမႈေကာ္မရွင္မွ (၁၅/၂၀၁၉) ႀကိမ္ေျမာက္ အစည္းအေဝးကို စက္တင္ဘာလ ၁၄ရက္ေန႔ကျပဳလုပ္ခဲ့ၿပီး ေမြးျမဴေရးႏွင့္ေရလုပ္ငန္းက႑၊ ကုန္ထုတ္လုပ္မႈ က႑၊ ဟိုတယ္ က႑၊ အိမ္ရာအေဆာက္အဦ တည္ေဆာက္ဖြံ႕ၿဖိဳးမႈက႑၊ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑ႏွင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑ တို႔မွ လုပ္ငန္း စုစုေပါင္း ၈ ခု ခြင့္ျပဳေပးခဲ့ေၾကာင္း အဆိုပါအစည္းအေဝးမွသိရသည္။

အဆိုပါ လုပ္ငန္းမ်ား၏ ရင္ႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ ေဒၚလာ ၃၆ ဒသမ ၈ သန္းႏွင့္ က်ပ္သန္းေပါင္း ၁၆၀၀၀၀ ေက်ာ္ရွိၿပီး ျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၃၁၆၀ ခန္႔အတြက္ ေနရာကိုဖန္တီးေပးႏိုင္မည္ဟု ၎အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအရသိရသည္။

 

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ၁၉၈၈ ခုနှစ်မှ ယခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံပေါင်း ၅၀မှ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၈,၂၀၀၀ ခန့် ရင်းနှီးမြှပ်နှံခွင့်ပြုခဲ့ကြောင်း ကော်မရှင်၏သတင်းထုတ် ပြန်ချက်အရသိရသည်။

လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းအဆိုပါကော်မရှင်မှသိရသည်။

မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်မှ ယခု ၂၀၁၉ ခုနှစ်ဩဂုတ်လအထိ နိုင်ငံအတွင်းရှိ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းပေါင်း ၁၈၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း MIC ထံမှသိရသည်။

နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၄၈ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၁၄ ရာခိုင်နှုန်း ဝင်ရောက်လျက်ရှိကြောင်း MIC ၏စာရင်းဇယားများအရသိရသည်။

ရင်းနှီးမြှပ်နှံမှုကော်မရှင်မှ (၁၅/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၁၄ရက်နေ့ကပြုလုပ်ခဲ့ပြီး မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ဟိုတယ် ကဏ္ဍ၊ အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ တို့မှ လုပ်ငန်း စုစုပေါင်း ၈ ခု ခွင့်ပြုပေးခဲ့ကြောင်း အဆိုပါအစည်းအဝေးမှသိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၃၆ ဒသမ ၈ သန်းနှင့် ကျပ်သန်းပေါင်း ၁၆၀၀၀၀ ကျော်ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၁၆၀ ခန့်အတွက် နေရာကိုဖန်တီးပေးနိုင်မည်ဟု ၎င်းအစည်းအဝေးဆုံးဖြတ်ချက်များအရသိရသည်။

 

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service