အသက်အာမခံသီသန့်ဆောင်ရွက်ပေးမည့် IKBZ Life Insurance စတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
923 Views

အသက်အာမခံသီသန့်ဆောင်ရွက်ပေးမည့် IKBZ Life Insurance စတင်ဖွင့်လှစ်

### Zawgyi Version ###








### Unicode Version ###

အပြည်ပြည်ဆိုင်ရာကမ္ဘောဇအာမခံကုမ္ပဏီ (IKBZ Insurance) က အသက်အာမခံဝန်ဆောင်မှုများ သီးသန့်ဆောင်ရွက်မည့် IKBZ Life Insurance Co.,Ltd ကိုစတင်ဖွင့်လစ်လိုက်ကြောင်း IKBZ မှသိရသည်။

" IKBZ Insurance မှာ ယခင်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ အဲလိုဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Life Planners များ ခန့်အပ်ထားပြီး အပြည့်အဝကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု IKBZ Insurance ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်ဆိုသည်။

မြန်မာနိုင်ငံတွင် တွင်ကျယ်မှုမရှိသေးသည့် အသက်အာမခံအမျိုးအစားများကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပြီး အမှန်တကယ်လိုအပ်သည့် အသက်အာမခံအမျိုးအစားအသစ်များကို ထိရောက်သောနည်းလမ်းများဖြင့် ပိုမိုဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း IKBZ က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ဈေးကွက်ထိုးဖောက်မှုရာခိုင်နှုန်း ၀ ဒသမ ၁ သာရှိနေသည့် အသက်အာမခံဈေးကွက် ပိုမိုကျယ်ပြန့်လာအောင်လုပ်ဆောင်ခြင်းဖြင့် ဘဝလူနေမှုအဆင့် အတန်းမြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားဖြစ်သည်ဟု IKBZ Insurance နှင့် IKBZ Life Insurance ကုမ္ပဏီမှ သိရသည်။

မြန်မာနိုင်ငံတွင် ဖက်စပ်အထွေထွေအာမခံနှင့် အသက်အာမခံလုပ်ကိုင်ရန်ဖက်စပ် နိုင်ငံခြားသားအာမခံ လုပ်ငန်း ၆ခု ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သြဂုတ်လအတွင်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အာမခံအသစ်များလည်းထပ်မံဝန်ဆောင်မှုပြုရန်ဆောက်ရွက်လျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service