ေခတၱပိတ္ထားသည့္ မဂၤလာဒုံဥယ်ာဥ္ၿမိဳ႕ေတာ္အတြင္းရွိ လမ္းမ်ားအား စက္တင္ဘာ ၁၄ ရက္၌ ျပန္လည္ဖြင့္လွစ္ေပးခဲ့ - Property News in Myanmar from iMyanmarHouse.com
819 Views

ေခတၱပိတ္ထားသည့္ မဂၤလာဒုံဥယ်ာဥ္ၿမိဳ႕ေတာ္အတြင္းရွိ လမ္းမ်ားအား စက္တင္ဘာ ၁၄ ရက္၌ ျပန္လည္ဖြင့္လွစ္ေပးခဲ့

### Zawgyi Version ###

ေခတၱပိတ္ထားသည့္ မဂၤလာဒုံဥယ်ာဥ္ၿမိဳ႕ေတာ္အတြင္းရွိ လမ္းမ်ားအား စက္တင္ဘာ ၁၄ ရက္၌ ျပန္လည္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုး၏ ေဖ့စ္ဘြတ္စာမ်က္ႏွာတြင္ေတြ႕ရသည္။

ယာဥ္ေမာင္းႏွင္သူမ်ားအေနျဖင့္ ေအာင္မဂၤလာအေဝးေျပးကြင္းေရွႏွင့္ေျခာက္ေကြ႕မီးပြိဳင့္တို႔တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ေရွာင္ရွားရန္ ျဖတ္လမ္းအျဖစ္ မဂၤလာဒုံ ဥယ်ဥ္ၿမိဳ႕ေတာ္အတြင္း ေဖာက္လုပ္ထားသည့္ လမ္းမ်ားမွတစ္ဆင့္ ေျမာက္ဥကၠလာ ႏွင့္ မဂၤလာဒုံၿမိဳ႕နယ္သို႔ ျဖတ္သန္းသြားလာေနၾကရၿပီး ယင္းလမ္းမ်ားအား လမ္းျပဳျပင္ရန္အတြက္ ပိတ္ထားခဲ့ေၾကာင္းသိရသည္။

အဆိုပါလမ္းမ်ားျပဳျပင္ရန္ ပိတ္ထားခဲ့မႈေၾကာင့္ ခရီးသြားျပည္သူမ်ား ခရီးသြားလာရာတြင္ၾကန္႔ၾကာမႈမ်ားရွိခဲ့သျဖင့္ ျပန္လည္ဖြင့္ေပးႏိုင္ရန္ေတာင္းဆိုမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။

ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးသည္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ၊ ျပည္သူမ်ားႏွင့္သြားေရာက္၍ ေဇကမာၻကုမၸဏီလီမိတက္ ဥကၠ႒ ဦးခင္ေ႐ႊ ႏွင့္ ေတြ႔ဆုံၿပီး မဂၤလာဒုံၿမိဳ႕နယ္ ေဇကမာၻဝင္းအတြင္း ပိတ္ထားသည့္လမ္းမ်ားကို လိုအပ္ခ်က္အရ ျပန္လည္ဖြင့္ေပးရန္ တာဝန္သိ ျပည္သူမ်ား၏ေတာင္းဆိုခ်က္ကို အေကာင္အထည္ေဖာ္သည့္အေနျဖင့္ ႏွစ္ဖက္ညွိႏႈိင္းမႈလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုညွိႏိႈင္းမႈေၾကာင့္ လမ္းမ်ားကို စက္တင္ဘာ ၁၄ ရက္ နံနက္ ၁၁ နာရီတြင္ ျပန္လည္ဖြင့္လွစ္ေပးခဲ့ေသာ္လည္း သုံးတန္ေအာက္ယာဥ္မ်ားကို ျပန္လည္ျဖတ္သန္းခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။

 

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ခေတ္တပိတ်ထားသည့် မင်္ဂလာဒုံဥယျာဉ်မြို့တော်အတွင်း ရှိ လမ်းများအား စက်တင်ဘာ ၁၄ ရက်၌ ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်တွေ့ရသည်။

ယာဉ်မောင်းနှင်သူများအနေဖြင့် အောင်မင်္ဂလာအဝေးပြေးကွင်းရှေနှင့်ခြောက်ကွေ့မီးပွိုင့်တို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ရှောင်ရှားရန် ဖြတ်လမ်းအဖြစ် မင်္ဂလာဒုံ ဥယျဉ်မြို့တော်အတွင်း ဖောက်လုပ်ထားသည့် လမ်းများမှတစ်ဆင့် မြောက်ဥက္ကလာနှင့် မင်္ဂလာဒုံမြို့နယ်သို့ ဖြတ်သန်းသွားလာနေကြရပြီး ယင်းလမ်းများအား လမ်း ပြုပြင်ရန်အတွက် ပိတ်ထားခဲ့ကြောင်းသိရသည်။ အဆိုပါလမ်းများပြုပြင်ရန် ပိတ်ထားခဲ့မှုကြောင့် ခရီးသွားပြည်သူများ ခရီးသွားလာရာတွင်ကြန့်ကြာမှုများရှိခဲ့သဖြင့် ပြန်လည်ဖွင့်ပေးနိုင်ရန်တောင်းဆိုမှုများရှိခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်သူများနှင့်သွားရောက်၍ ဇေကမ္ဘာကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးခင်ရွှေ နှင့် တွေ့ဆုံပြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်း ပိတ်ထားသည့်လမ်းများကို လိုအပ်ချက်အရ ပြန်လည်ဖွင့်ပေးရန် တာဝန်သိ ပြည်သူများ၏တောင်းဆိုချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် နှစ်ဖက်ညှိနှိုင်းမှုလုပ်ခဲ့ကြောင်း သိရသည်။ ထိုညှိနှိုင်းမှုကြောင့် လမ်းများကို စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း သုံးတန်အောက်ယာဉ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

 

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service