Interior design ဒီဇိုင္းဆိုတာ ဘာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1935 Views

Interior design ဒီဇိုင္းဆိုတာ ဘာလဲ

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

အရင္ေခတ္ေတြတုန္းက Interior design တခုကို နိုင္ငံရပ္ျခား ပညာရွင္ေတြဆီကေန ေငြေၾကး အေျမာက္အမ်ားေပးၿပီး ဝယ္ယူခဲ့ရတာပါ။ အခုကာလမွာေတာ့ Interior design က ျမန္မာ့လူ႔အဖြဲ႕အစည္းမွာ အေရးပါလာေနတဲ့ အျပင္ ျမန္မာ Interior ဒီဇိုင္နာေတြလည္း ေပၚထြက္လာေနတာ ေတြ႕ရပါတယ္။

Interior design အေၾကာင္း တင္ျပရရင္ …၊

Interior design ကိုအိမ္အလွဆင္တာပဲလို႔သိထားၾကပါတယ္။တကယ္ေတာ့ Interior Design ဆိုတာအမ်ားထင္သလိုအိမ္အလွဆင္တာသက္သက္မဟုတ္။သူ႔မွာ ေလးနက္သည့္အဓိပၸာယ္ေတြအမ်ားႀကီးရွိပါတယ္။

အိမ္အလွဆင္ဖို႔ဟိုပစၥည္းေလးေရြး၊ဟိုအိမ္သုံးပရိေဘာဂေလး ေရြး၊လုပ္ေနတာမ်ိဳးက ဒီဇိုင္နာတဦး မဟုတ္ေသးပါဘူး။ Home Decorator လို႔ေခၚရမွာပါ။ သူတို႔ကအိမ္ကိုအျမင္လွေအာင္ဆြဲေဆာင္ ဖန္တီးတတ္သူပါ။

Interior designer ကေတာ့အိမ္တလုံးရဲ့ တည္ေနရာနဲ႔ ဝန္းက်င္၊ ေဆာက္လုပ္ထားပုံ၊ အခန္းဖြဲ႕စည္းပုံ၊ အခန္းရဲ့ အက်ယ္အဝန္း၊ ေလအဝင္အထြက္၊ အလင္းရရွိမွု သာမက အဲဒီ အိမ္နဲ႔ အခန္းမွာ ေနထိုင္ အသုံးျပဳမယ့္ သူရဲ့ အလုပ္အကိုင္၊ ဝါသနာေတြကိုပါ ထည့္သြင္း တြက္ခ်က္ ဖန္တီးယူရပါတယ္။

ဥပမာ – စာဖတ္ဝါသနာ ပါတဲ့ သူ အတြက္ Interior Design ဖန္တီးတဲ့ အခါ သူရဲ့အိမ္ေလးကစာအုပ္စာေပ ထားဖို႔ေနရာ၊ အခန္း၊ အလင္းရရွိမွု၊ အထူးသျဖင့္ သဘာ၀ အလင္းေရာင္ အားျပဳ သုံးနိုင္ေအာင္ ဖန္တီးေပးရတဲ့အျပင္ စာဖတ္ခန္း/ စာၾကည့္တိုက္လို သက္ေတာင့္သက္သာနဲ႔ ျဖစ္ေအာင္ ဖန္တီးရပါတယ္။

တကယ္လို႔သာ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ အားလပ္ရက္ေတြမွာ အနားယူစရာ အိမ္ကေလးမ်ိဳး ဖန္တီးရမယ္ ဆိုရင္ေတာ့ စားေသာက္စရာ ဘားခန္း၊ ခ်က္ျပဳတ္ခန္း၊ စားေသာက္ခန္းပါတဲ့ အိမ္တြင္းဒီဇိုင္းမ်ိဳး ဖန္တီးေပးရမွာပါ။ ေျပာရရင္ ကလပ္ေလးတခုလို ျဖစ္ဖို႔ေပါ့။

ဒါမွမဟုတ္ ပန္းခ်ီ ပန္းပု အပါအဝင္ ေရွးေဟာင္း ပစၥည္းေတြ ထားသိုထိန္းသိမ္းဖို႔ ဆိုရင္ေတာ့ အဲဒီ အိမ္ေလးကို အႏုပညာ ဆန္ဆန္ အခန္း၊ ျပတိုက္လို အခန္းေလး ျဖစ္ေအာင္ ဒီဇိုင္းေရးဆြဲ ဖန္တီးရမွာပါ။

ဒါေၾကာင့္ Interior Designer ဆိုတာ အလွဆင္ဖန္တီးမွု (Decoration) မဟုတ္ဘဲ ေနရာ၊ အသုံးျပဳသူနဲ႔ အသုံးျပဳမယ့္ ရည္ရြယ္ခ်က္ကို လိုက္ေလ်ာညီေထြ ျဖစ္ေစဖို႔ ဘက္ေပါင္းစုံကေနစဥ္းစားစီစဥ္ေပးရပါတယ္။ ဒီဇိုင္းေရးဆြဲရပါတယ္။

ဒီေနရာမွာ ဒီဇိုင္းဆိုတဲ့ စကားကို နည္းနည္း ရွင္းျပဖို႔ လိုမယ္ ထင္ပါတယ္။ ဒီဇိုင္းဆိုတာ လိုက္ေလ်ာညီေထြ ေျပျပစ္ျပည့္စုံတဲ့ ဖန္တီးမွု၊ တနည္းအားျဖင့္ အႏုပညာ ဖန္တီးမွုပါ။ ပန္းခ်ီ အႏုပညာရွင္နဲ႔ ဒီဇိုင္းပညာရွင္ တို႔ၾကား မတူတဲ့ အခ်က္ေတြ ရွိပါတယ္။ ပန္းခ်ီဆရာက သူဖန္တီးတဲ့ ပန္းခ်ီကား တခုကို ႀကိဳက္ခ်င္ႀကိဳက္ မႀကိဳက္ခ်င္ေန အေလးထားေနမွာ မဟုတ္ပါဘူး။သူ႔ရဲ့ လြတ္လပ္စြာဖန္တီးမႈကို အေလးထားပါတယ္။ ဒါေပမယ့္ ဒီဇိုင္နာတဦးမွာေတာ့ ဖန္တီးဖို႔ အကန႔္အသတ္ေတြ မ်ားျပားတဲ့အျပင္ အလုပ္အပ္သူရဲ့ လိုလားခ်က္၊ ပတ္ဝန္းက်င္အေနအထား လိုအပ္ခ်က္စတဲ့ အခ်က္ေတြကို အဘက္ဘက္ကထည့္သြင္းစဥ္းစားၿပီး ဖန္တီးရပါတယ္။

Interior Designer တဦးဟာ ဗဟုသုတ ျပည့္ဝေနဖို႔ လိုသလို ဒီဇိုင္းတခုဖန္တီးရာမွာအေရးႀကီးတဲ့ Theme and Concept ရွိဖို႔ပါ။ Concept ဆိုတာ ႏႊယ္ဆက္ အေတြး သို႔မဟုတ္ ဆက္စပ္အေတြး၊ ထပ္ဆင့္ရလာတဲ့ အေတြးနဲ႔ ခံစားမွုလို႔ ေျပာနိုင္ပါတယ္။Concept မရွိတဲ့ ဒီဇိုင္းတခုဟာ ဖရိုဖရဲ ျဖစ္ေနတတ္ပါတယ္။

Credit: irrawaddy

### Unicode Version ###

အရင်ခေတ်တွေတုန်းက Interior design တခုကို နိုင်ငံရပ်ခြား ပညာရှင်တွေဆီကနေ ငွေကြေး အမြောက်အများပေးပြီး ဝယ်ယူခဲ့ရတာပါ။ အခုကာလမှာတော့ Interior design က မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးပါလာနေတဲ့ အပြင် မြန်မာ Interior ဒီဇိုင်နာတွေလည်း ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။ Interior design အကြောင်း တင်ပြရရင် …၊

Interior design ကိုအိမ်အလှဆင်တာပဲလို့သိထားကြပါတယ်။တကယ်တော့ Interior Design ဆိုတာအများထင်သလိုအိမ်အလှဆင်တာသက်သက်မဟုတ်။သူ့မှာ လေးနက်သည့်အဓိပ္ပာယ်တွေအများကြီးရှိပါတယ်။

အိမ်အလှဆင်ဖို့ဟိုပစ္စည်းလေးရွေး၊ဟိုအိမ်သုံးပရိဘောဂလေး ရွေး၊လုပ်နေတာမျိုးက ဒီဇိုင်နာတဦး မဟုတ်သေးပါဘူး။ Home Decorator လို့ခေါ်ရမှာပါ။ သူတို့ကအိမ်ကိုအမြင်လှအောင်ဆွဲဆောင် ဖန်တီးတတ်သူပါ။

Interior designer ကတော့အိမ်တလုံးရဲ့ တည်နေရာနဲ့ ဝန်းကျင်၊ ဆောက်လုပ်ထားပုံ၊ အခန်းဖွဲ့စည်းပုံ၊ အခန်းရဲ့ အကျယ်အဝန်း၊ လေအဝင်အထွက်၊ အလင်းရရှိမှု သာမက အဲဒီ အိမ်နဲ့ အခန်းမှာ နေထိုင် အသုံးပြုမယ့် သူရဲ့ အလုပ်အကိုင်၊ ဝါသနာတွေကိုပါ ထည့်သွင်း တွက်ချက် ဖန်တီးယူရပါတယ်။

ဥပမာ – စာဖတ်ဝါသနာ ပါတဲ့ သူ အတွက် Interior Design ဖန်တီးတဲ့ အခါ သူရဲ့အိမ်လေးကစာအုပ်စာပေ ထားဖို့နေရာ၊ အခန်း၊ အလင်းရရှိမှု၊ အထူးသဖြင့် သဘာ၀ အလင်းရောင် အားပြု သုံးနိုင်အောင် ဖန်တီးပေးရတဲ့အပြင် စာဖတ်ခန်း/ စာကြည့်တိုက်လို သက်တောင့်သက်သာနဲ့ ဖြစ်အောင် ဖန်တီးရပါတယ်။

တကယ်လို့သာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အားလပ်ရက်တွေမှာ အနားယူစရာ အိမ်ကလေးမျိုး ဖန်တီးရမယ် ဆိုရင်တော့ စားသောက်စရာ ဘားခန်း၊ ချက်ပြုတ်ခန်း၊ စားသောက်ခန်းပါတဲ့ အိမ်တွင်းဒီဇိုင်းမျိုး ဖန်တီးပေးရမှာပါ။ ပြောရရင် ကလပ်လေးတခုလို ဖြစ်ဖို့ပေါ့။

ဒါမှမဟုတ် ပန်းချီ ပန်းပု အပါအဝင် ရှေးဟောင်း ပစ္စည်းတွေ ထားသိုထိန်းသိမ်းဖို့ ဆိုရင်တော့ အဲဒီ အိမ်လေးကို အနုပညာ ဆန်ဆန် အခန်း၊ ပြတိုက်လို အခန်းလေး ဖြစ်အောင် ဒီဇိုင်းရေးဆွဲ ဖန်တီးရမှာပါ။

ဒါကြောင့် Interior Designer ဆိုတာ အလှဆင်ဖန်တီးမှု (Decoration) မဟုတ်ဘဲ နေရာ၊ အသုံးပြုသူနဲ့ အသုံးပြုမယ့် ရည်ရွယ်ချက်ကို လိုက်လျောညီထွေ ဖြစ်စေဖို့ ဘက်ပေါင်းစုံကနေစဉ်းစားစီစဉ်ပေးရပါတယ်။ ဒီဇိုင်းရေးဆွဲရပါတယ်။

ဒီနေရာမှာ ဒီဇိုင်းဆိုတဲ့ စကားကို နည်းနည်း ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။ ဒီဇိုင်းဆိုတာ လိုက်လျောညီထွေ ပြေပြစ်ပြည့်စုံတဲ့ ဖန်တီးမှု၊ တနည်းအားဖြင့် အနုပညာ ဖန်တီးမှုပါ။ ပန်းချီ အနုပညာရှင်နဲ့ ဒီဇိုင်းပညာရှင် တို့ကြား မတူတဲ့ အချက်တွေ ရှိပါတယ်။ ပန်းချီဆရာက သူဖန်တီးတဲ့ ပန်းချီကား တခုကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ အလေးထားနေမှာ မဟုတ်ပါဘူး။သူ့ရဲ့ လွတ်လပ်စွာဖန်တီးမှုကို အလေးထားပါတယ်။ ဒါပေမယ့် ဒီဇိုင်နာတဦးမှာတော့ ဖန်တီးဖို့ အကန့်အသတ်တွေ များပြားတဲ့အပြင် အလုပ်အပ်သူရဲ့ လိုလားချက်၊ ပတ်ဝန်းကျင်အနေအထား လိုအပ်ချက်စတဲ့ အချက်တွေကို အဘက်ဘက်ကထည့်သွင်းစဉ်းစားပြီး ဖန်တီးရပါတယ်။

Interior Designer တဦးဟာ ဗဟုသုတ ပြည့်ဝနေဖို့ လိုသလို ဒီဇိုင်းတခုဖန်တီးရာမှာအရေးကြီးတဲ့ Theme and Concept ရှိဖို့ပါ။ Concept ဆိုတာ နွှယ်ဆက် အတွေး သို့မဟုတ် ဆက်စပ်အတွေး၊ ထပ်ဆင့်ရလာတဲ့ အတွေးနဲ့ ခံစားမှုလို့ ပြောနိုင်ပါတယ်။Concept မရှိတဲ့ ဒီဇိုင်းတခုဟာ ဖရိုဖရဲ ဖြစ်နေတတ်ပါတယ်။

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service