တန္ဖိုးနည္းအိမ္ရာမ်ား အတိုး ၈ ဒသမ ၅ ရာခိုင္ႏႈန္းျဖင့္ ေရာင္းမည္ - Property News in Myanmar from iMyanmarHouse.com
1983 Views

တန္ဖိုးနည္းအိမ္ရာမ်ား အတိုး ၈ ဒသမ ၅ ရာခိုင္ႏႈန္းျဖင့္ ေရာင္းမည္

### Zawgyi Version ###

အခန္းတန္ဖိုး ၆၆ သိန္းတန္မွစတင္သည့္တန္ဖိုးနည္းအိမ္ရာအခန္းမ်ားကို ဂ်ပန္ႏိုင္ငံ၏ JICA ODA Loan အတိုး ၈ ဒႆမ ၅ ရာခိုင္ႏႈန္းျဖင့္ ယခုလ ၂၀ ရက္ေန႔ေနာက္ဆံုးထား ေလ်ွာက္ထားရမည္ျဖစ္ေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံၿဖိဳးေရးဦးစီးဌာန မွသိရသည္။

အဆိုပါတန္ဖိုးနည္းအိမ္ရာမ်ားကို ႏွစ္႐ွည္ ၁၅ ႏွစ္အရစ္က်စနစ္ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ၿပီး အခန္းအက်ယ္ ၃၂၄ စတုရန္းေပမွ ၈၀၀ စတုရန္းေပအထိ အခန္းမ်ားပါဝင္ေၾကာင္း အဆိုပါဝန္ႀကီးဌာနမွ သိရသည္။

၀န္ႀကီးဌာနမွ နွစ္ရွည္ေခ်းေငြျဖင့္ ေရာင္းခ်မည့္ အိမ္ရာမ်ားမွာ လွိဳင္သာယာျမိဳ႕နယ္ နွင့္ ဒဂံုဆိပ္ကမ္းျမိဳ႕နယ္  အတြင္းရွိ တန္ဖိုးနည္းအိမ္ရာ အမ်ိဳးအစား ၁၂ မ်ိဳးကုိ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ဦးမင္းထိန္ထံမွသိရသည္။

ေရာင္းခ်သြားမည့္အိမ္ရာမ်ားမွာ ေရႊလင္ပန္းအပိုင္း ၂၊ ၃၊ ေရႊလင္ပန္း Commercial Area ၊ က်န္စစ္မင္းအိမ္ရာ၊ ယုဇနအိမ္ရာ အပုိင္း ၁၊ ၂၊ ကေနာင္အိမ္ရာနွင့္ ထီးလွိဳင္ရွင္အိမ္ရာစသည့္တို႕ပါ၀င္ေၾကာင္း ေဆာက္လုပ္ေရး၊ အိမ္ရာနွင့္ အေျခခံအေဆာက္အအံုမ်ားဖြံျဖိဳးေရးဘဏ္မွသိရသည္။

အိမ္ရာ၀ယ္ယူရန္ ေလွ်ာက္လႊာေလွ်ာက္ထားသူမ်ားသည္ ၾသဂုတ္လ ၃၁ ရက္ေန့အထိ အိမ္ရာစုေဆာင္း ေငြစာရင္းဖြင့္လွစ္ထားရွိျပီး စုေဆာင္းေငြ အနည္းဆံုးက်ပ္သိန္း ၃၀ ထားရွိရမည္ျဖစ္ျပီး လာမည့္ယခုလ ၂၀ ရက္ေန႕အထိ ဘဏ္စာအုပ္မူရင္း၊ မိတၱဴျဖင့္ ဗိုလ္ခ်ဳေအာင္ဆန္းလမ္း ျမိဳ႕ျပနွင့္အိမ္ရာဦးစီးဌာနတြင္ ေလွ်ာက္ထားနိုင္ေၾကာင္း CHIDB မွသိရသည္။

အရစ္က်ေခ်းေငြမ်ားကုိ ကနဦးေပးသြင္းေငြ ၃၀ ရာခိုင္နွဳန္း၊ လစဥ္ေပးဆပ္ရန္နွင့္၀င္ေငြအခ်ိဳး ၃၀ ရာခိုင္နွဳန္း၊ ေခ်းေငြကာလ ၁၅ နွစ္၊ အတိုးနွဳန္း ၈ ဒႆမ ၅ ရာခိုင္နွဳန္းနွင့္ ဘဏ္၀န္ေဆာင္ခ ၁ ရာခိုင္နွဳန္း က်သင့္မည္ျဖစ္ေၾကာင္း အဆိုပါဘဏ္၏ ထုတ္ျပန္ခ်က္အရသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

အခန်းတန်ဖိုး ၆၆ သိန်းတန်မှစတင်သည့်တန်ဖိုးနည်းအိမ်ရာအခန်းများကို ဂျပန်နိုင်ငံ၏ JICA ODA Loan အတိုး ၈ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် ယခုလ ၂၀ ရက်နေ့နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန မှသိရသည်။

အဆိုပါတန်ဖိုးနည်းအိမ်ရာများကို နှစ်ရှည်၁၅နှစ်အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အခန်းအကျယ် ၃၂၄ စတုရန်းပေမှ ၈၀၀ စတုရန်းပေအထိ အခန်းများပါဝင်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနမှ နှစ်ရှည်ချေးငွေဖြင့် ရောင်းချမည့် အိမ်ရာများမှာ လှိုင်သာယာမြို့နယ် နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ တန်ဖိုးနည်းအိမ်ရာ အမျိုးအစား ၁၂ မျိုးကို ရောင်းချသွားမည်ဖြစ်ကြောင်း ဦးမင်းထိန်ထံမှသိရသည်။

ရောင်းချသွားမည့်အိမ်ရာများမှာ ရွှေလင်ပန်းအပိုင်း ၂၊ ၃၊ ရွှေလင်ပန်း Commercial Area ၊ ကျန်စစ်မင်းအိမ်ရာ၊ ယုဇနအိမ်ရာ အပိုင်း ၁၊ ၂၊ ကနောင်အိမ်ရာနှင့် ထီးလှိုင်ရှင်အိမ်ရာစသည့်တို့ပါဝင်ကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံများဖွံဖြိုးရေးဘဏ်မှသိရသည်။

အိမ်ရာဝယ်ယူရန် လျှောက်လွှာလျှောက်ထားသူများသည် သြဂုတ်လ ၃၁ ရက်နေ့အထိ အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်လှစ်ထားရှိပြီး စုဆောင်းငွေ အနည်းဆုံးကျပ်သိန်း ၃၀ ထားရှိရမည်ဖြစ်ပြီး လာမည့်ယခုလ ၂၀ ရက်နေ့အထိ ဘဏ်စာအုပ်မူရင်း၊ မိတ္တူဖြင့် ဗိုလ်ချုအောင်ဆန်းလမ်း မြို့ပြနှင့်အိမ်ရာဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း CHIDB မှသိရသည်။

အရစ်ကျချေးငွေများကို ကနဦးပေးသွင်းငွေ ၃၀ရာခိုင်နှုန်း၊ လစဉ်ပေးဆပ်ရန်နှင့်ဝင်ငွေအချိုး ၃၀ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁၅နှစ်၊ အတိုးနှုန်း ၈ ဒဿမ ၅ ရာခိုင်နှုန်းနှင့် ဘဏ်ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service