အိမ္ရာတည္ေဆာက္မႈေတြ ကို စုစည္းၿပီးေတာ့ စနစ္တက်စီမံေဆာင္ရြက္သြားဖ႔ို ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီက ျပည္ေထာင္စုလႊတ္ေတာ္တြင္ အႀကံျပဳ - Property News in Myanmar from iMyanmarHouse.com
898 Views

အိမ္ရာတည္ေဆာက္မႈေတြ ကို စုစည္းၿပီးေတာ့ စနစ္တက်စီမံေဆာင္ရြက္သြားဖ႔ို ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီက ျပည္ေထာင္စုလႊတ္ေတာ္တြင္ အႀကံျပဳ

### Zawgyi Version ###

ၾသဂုတ္ ၂၁ ရက္က ျပည္ေထာင္စုလႊတ္ေတာ္တြင္ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီက ဝန္ထမ္းအိမ္ရာတည္ေဆာက္မႈမ်ားႏွင့္ပတ္သတ္ၿပီး ဌာနမ်ားအလိုက္ သီးသန္႔ေဆာင္ရြက္ျခင္း မဟုတ္ဘဲ စုစည္းၿပီး မူ၀ါဒတစ္ရပ္ခ်မွတ္ကာ စနစ္တက်လုပ္ေဆာင္သင့္ေၾကာင္း အၾကံျပဳထားသည္။

ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ ဥကၠ႒ ဦးေအာင္မင္းက ျမန္မာႏိုင္ငံအေနျဖင့္ အေျခခံအေဆာက္ အအံုမ်ားကုိ ဦးစားေပးေဆာင္ရြက္ေနရသည့္အေနအထားတြင္ ရွိေနေသးသျဖင့္ အိမ္ရာေဆာက္လုပ္ျခင္းမ်ားကုိ မူ၀ါဒတစ္ရပ္ခ်မွတ္ကာ စနစ္တက်လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း၊ႏိုင္ငံပုိမိုၿပီး ဖြံ႔ၿဖိဳးဖို႔လိုအပ္သည့္အတြက္ ဦးစား ေပးအေနႏွင့္ အေျခခံအေဆာက္အအံုျဖစ္သည့္ လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္ႏွင့္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ဦးစားေပးေဖာ္ေဆာင္ေနရသည့္ အေနအထားတြင္ အိမ္ရာတည္ေဆာက္မႈကုိ စုစည္းသံုးသပ္ၿပီး မူ၀ါဒမ်ား ခ်မွတ္ၿပီးကာ တိတိက်က်ေဆာင္ရြက္ဖို႔ သေဘာထားမွတ္ခ်က္ျပဳရျခင္းျဖစ္ေၾကာင္း ေျပာထားသည္။

ေနျပည္ေတာ္၊ရန္ကုန္၊မႏၱေလးႏွင့္အျခားတုိင္းႏွင့္ ျပည္နယ္မ်ားရွိ ၿမိဳ႕ၾကီးမ်ားတြင္၀န္ထမ္းအိမ္ရာမ်ားကုိ ေဆာက္လုပ္ေနၿပီး ၿမိဳ့ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးတုိးတက္ေရး ဦးစီးဌာနက ကိုင္တြယ္ေဆာင္ရြက္ေနေၾကာင္း၊၀န္ႀကီးဌာန မ်ားကလည္း ဌာနအစီအစဥ္ျဖင့္ ေဆာင္ရြက္ေနျခင္းမ်ားရွိေၾကာင္း ၎ကေျပာသည္။

အိမ္ရာေဆာက္လုပ္ရန္ ကုန္က်စရိတ္မ်ားကုိ ျပည္ေထာင္စုဘ႑ာရန္ပံုေငြႏွင့္ ျပည္နယ္၊တုိင္းအစိုးရ အဖြဲ႔ ရန္ပံုေငြမ်ားထဲမွ ေတာင္းခံသံုးစြဲျခင္းျဖစ္ရာ ၂၀၁၉-၂၀ဘ႑ာေရးႏွစ္ ေငြလံုးေငြရင္းအသံုးစရိတ္တြင္ ၀န္ထမ္းအိမ္ရာ ေဆာက္လုပ္ရန္ က်ပ္ဘီလီယံ ၄၇၀ ေက်ာ္လ်ာထားၿပီး ယင္းပမာဏသည္ အေဆာက္အအံု ေဆာက္လုပ္ရန္လုပ္ငန္းအားလံုးအတြက္ လ်ာထားသည့္ပမာဏ၏ ၃၀ ရာခိုင္ ႏႈန္းေက်ာ္ရွိေၾကာင္း ေကာ္မတီအစီရင္ခံစာကဆုိသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

သြဂုတ် ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဝန်ထမ်းအိမ်ရာတည်ဆောက်မှုများနှင့်ပတ်သတ်ပြီး ဌာနများအလိုက် သီးသန့်ဆောင်ရွက်ခြင်း မဟုတ်ဘဲ စုစည်းပြီး မူဝါဒတစ်ရပ်ချမှတ်ကာ စနစ်တကျလုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက် အအုံများကို ဦးစားပေးဆောင်ရွက်နေရသည့်အနေအထားတွင် ရှိနေသေးသဖြင့် အိမ်ရာဆောက်လုပ်ခြင်းများကို မူဝါဒတစ်ရပ်ချမှတ်ကာ စနစ်တကျလုပ်ဆောင်ရန်လိုအပ်ကြောင်း၊နိုင်ငံပိုမိုပြီး ဖွံ့ဖြိုးဖို့လိုအပ်သည့်အတွက် ဦးစား ပေးအနေနှင့် အခြေခံအဆောက်အအုံဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်တည်ဆောက်ရေးလုပ်ငန်းများကို ဦးစားပေးဖော်ဆောင်နေရသည့် အနေအထားတွင် အိမ်ရာတည်ဆောက်မှုကို စုစည်းသုံးသပ်ပြီး မူဝါဒများ ချမှတ်ပြီးကာ တိတိကျကျဆောင်ရွက်ဖို့ သဘောထားမှတ်ချက်ပြုရခြင်းဖြစ်ကြောင်း ပြောထားသည်။

နေပြည်တော်၊ရန်ကုန်၊မန္တလေးနှင့်အခြားတိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင်ဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်နေပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုင်တွယ်ဆောင်ရွက်နေကြောင်း၊ဝန်ကြီးဌာန များကလည်း ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်းများရှိကြောင်း ၎င်းကပြောသည်။

အိမ်ရာဆောက်လုပ်ရန် ကုန်ကျစရိတ်များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ်၊တိုင်းအစိုးရ အဖွဲ့ ရန်ပုံငွေများထဲမှ တောင်းခံသုံးစွဲခြင်းဖြစ်ရာ ၂၀၁၉-၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ကျပ်ဘီလီယံ ၄၇၀ ကျော်လျာထားပြီး ယင်းပမာဏသည် အဆောက်အအုံ ဆောက်လုပ်ရန်လုပ်ငန်းအားလုံးအတွက် လျာထားသည့်ပမာဏ၏ ၃၀ ရာခိုင် နှုန်းကျော်ရှိကြောင်း ကော်မတီအစီရင်ခံစာကဆိုသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

Upcoming Property Events

imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service