ထုိင္းႏွင့္အိႏၵိယႏုိင္ငံ အေျခစိုက္ကုမၸဏီႏွစ္ခုကုိ ရန္ကုန္ၿမိဳ႕သစ္၏ အေျခခံအေဆာက္အအုံစီမံကိန္းမ်ား ေဆာင္ရြက္ရန္ေရြးခ်ယ္ - Property News in Myanmar from iMyanmarHouse.com
1046 Views

ထုိင္းႏွင့္အိႏၵိယႏုိင္ငံ အေျခစိုက္ကုမၸဏီႏွစ္ခုကုိ ရန္ကုန္ၿမိဳ႕သစ္၏ အေျခခံအေဆာက္အအုံစီမံကိန္းမ်ား ေဆာင္ရြက္ရန္ေရြးခ်ယ္

### Zawgyi Version ###

ထုိင္းႏွင့္အိႏၵိယႏုိင္ငံအေျခစိုက္ကုမၸဏီႏွစ္ခုကုိ ရန္ကုန္ၿမိဳ႕သစ္၏ အေျခခံအေဆာက္အအုံစီမံကိန္းမ်ား ေဆာင္ရြက္ရန္ေရြးခ်ယ္ေၾကာင္း ရန္ကုန္ၿမိဳ႕သစ္ဖြံ႔ၿဖိဳးေရးကုမၸဏီ (NYDC) က ထုတ္ျပန္ထားသည္။

Power Supply and Distribution က႑အတြက္ ထုိင္းအေျခစိုက္ PTT Group ကုိ ေရြးခ်ယ္ခ့ဲၿပီးေတာ့ Natural Gas Supply and Distribution က႑အတြက္ အိႏၵိယႏုိင္ငံအေျခစိုက္ IGL Consortium ကုိ အေကာင္းဆုံးႏွင့္အသင့္ေလ်ာ္ဆုံးကုမၸဏီအျဖစ္ ေရြးခ်ယ္ခဲ့ေၾကာင္းသိရသည္။

အဆိုပါေရြးခ်ယ္မႈတြင္ ပြင့္လင္းျမင္သာမႈရွိရွိ ေရြးခ်ယ္ရန္ စင္ကာပူႏုိင္ငံ၏ ကုန္သြယ္ေရးႏွင့္ စက္မႈ၀န္ႀကီးဌာနလက္ေအာက္ရွိ Monetary Authority of Singapore ႏွင့္ Infrastructure Asia (IA) အဖြဲ႔မ်ားျဖင့္ပူးေပါင္းၿပီး အေျခခံအေဆာက္အအုံစီမံကိန္းမ်ားအတြက္ စိတ္၀င္စားမႈ အဆုိျပဳလႊာ (EOI)တင္သြင္းသည့္ကုမၸဏီ အဖြဲ႔အစည္း ၄၅ ခုအနက္မွ အေကာင္းဆံုး၊ အသင့္ေလ်ာ္ဆုံးအရည္အခ်င္းျပည့္မီသည့္ ကုမၸဏီမ်ားကိုေရြးခ်ယ္ ခဲ့ေၾကာင္းသိရသည္။

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း တစ္ခုလုံးကုိ ၿခံဳငုံၾကည့္႐ႈအကဲျဖတ္မႈ (Holistic Assessment) မ်ားပါ၀င္သည့္ နည္းပညာအေတြ႔အႀကံဳ (Technical Experience)၊ နည္းပညာစြမ္းေဆာင္ရည္ (Technical Capacity) ႏွင့္ ဘ႑ာေရးအရခုိင္မာမႈ (Financial Capacity)တို႔ကုိ အေျခခံၿပီး အဆင့္ဆင့္ စိစစ္အမွတ္ေပး (Gated) စနစ္ျဖင့္ ကုမၸဏီမ်ားကုိ အကဲျဖတ္ေၾကာင္း NYDC က ဆုိ သည္။

NYDC Challenge လုပ္ငန္းစဥ္စတင္ရန္ စိတ္၀င္စားမႈအဆိုျပဳလႊာ EOI ေခၚယူမႈကို ၂၀၁၉ ေဖေဖာ္၀ါ ရီ ဒုတိယပတ္ကတည္းက ေခၚယူမႈလုပ္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕သစ္ ပထမအဆင့္ အေျခခံအေဆာက္အအုံ စီမံကိန္းက႑မ်ားအရ Power Supply and Distribution, Natural Gas Supply and Distribution, Cyber Connectivity, Public Transport, Waste Management ႏွင့္ Convention Center မ်ားအနက္မွ က႑ရပ္ႏွစ္ခုအတြက္ အဆိုပါကုမၸဏီ အဖြဲ႔အစည္းႏွစ္ခုကုိ စတင္ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

ေရြးခ်ယ္ရန္ က်န္ရွိသည့္ က႑မ်ားအနက္ Cyber Connectivity Infrastructure က႑အတြက္ စိစစ္ေနေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ထိုင်းနှင့်အိန္ဒိယနိုင်ငံအခြေစိုက်ကုမ္ပဏီနှစ်ခုကို ရန်ကုန်မြို့သစ်၏ အခြေခံအဆောက်အအုံစီမံကိန်းများ ဆောင်ရွက်ရန်ရွေးချယ်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) က ထုတ်ပြန်ထားသည်။

Power Supply and Distribution ကဏ္ဍအတွက် ထိုင်းအခြေစိုက် PTT Group ကို ရွေးချယ်ခဲ့ပြီးတော့ Natural Gas Supply and Distribution ကဏ္ဍအတွက် အိန္ဒိယနိုင်ငံအခြေစိုက် IGL Consortium ကို အကောင်းဆုံးနှင့်အသင့်လျော်ဆုံးကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့ကြောင်းသိရသည်။

အဆိုပါရွေးချယ်မှုတွင် ပွင့်လင်းမြင်သာမှုရှိရှိ ရွေးချယ်ရန် စင်ကာပူနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ Monetary Authority of Singapore နှင့် Infrastructure Asia (IA) အဖွဲ့များဖြင့်ပူးပေါင်းပြီး အခြေခံအဆောက်အအုံစီမံကိန်းများအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI)တင်သွင်း သည့်ကုမ္ပဏီ အဖွဲ့အစည်း ၄၅ ခုအနက်မှ အကောင်းဆုံး၊ အသင့်လျော်ဆုံးအရည်အချင်းပြည့်မီသည့် ကုမ္ပဏီများကိုရွေးချယ် ခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တစ်ခုလုံးကို ခြုံငုံကြည့်ရှုအကဲဖြတ်မှု (Holistic Assessment) များပါဝင်သည့် နည်းပညာအတွေ့အကြုံ (Technical Experience)၊ နည်းပညာစွမ်းဆောင်ရည် (Technical Capacity) နှင့် ဘဏ္ဍာရေးအရခိုင်မာမှု (Financial Capacity)တို့ကို အခြေခံပြီး အဆင့်ဆင့် စိစစ်အမှတ်ပေး (Gated) စနစ်ဖြင့် ကုမ္ပဏီများကို အကဲဖြတ်ကြောင်း NYDC က ဆို သည်။

NYDC Challenge လုပ်ငန်းစဉ်စတင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ EOI ခေါ်ယူမှုကို ၂၀၁၉ ဖေဖော်ဝါ ရီ ဒုတိယပတ်ကတည်းက ခေါ်ယူမှုလုပ်ခဲ့ပြီး ရန်ကုန်မြို့သစ် ပထမအဆင့် အခြေခံအဆောက်အအုံ စီမံကိန်းကဏ္ဍများအရ Power Supply and Distribution, Natural Gas Supply and Distribution, Cyber Connectivity, Public Transport, Waste Management နှင့် Convention Center များအနက်မှ ကဏ္ဍရပ်နှစ်ခုအတွက် အဆိုပါကုမ္ပဏီ အဖွဲ့အစည်းနှစ်ခုကို စတင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရွေးချယ်ရန် ကျန်ရှိသည့် ကဏ္ဍများအနက် Cyber Connectivity Infrastructure ကဏ္ဍအတွက် စိစစ်နေကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service