ရန်ကုန်မြို့ရှိအဆင့်မြင့်ဟိုတယ်တိုက်ခန်းများ ငှါးရမ်းမှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းနေ - Property News in Myanmar from iMyanmarHouse.com
888 Views

ရန်ကုန်မြို့ရှိအဆင့်မြင့်ဟိုတယ်တိုက်ခန်းများ ငှါးရမ်းမှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းနေ

### Zawgyi Version ###








 

### Unicode Version ###

ရန်ကုန်မြို့ရှိအဆင့်မြင့်ဟိုတယ်တိုက်ခန်းများ၏ အခန်းငှါးရမ်းမှုသည် ၄၀ ရာခိုင်နှုန်းအထိကျဆင်းနေပြီး ပျမ်းမျှအခန်းငှါးခများမှာ ၈၅ ဒေါ်လာအထိ ဆက်လက်ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ဈေးကွက်သုံးသပ်ချက်အရသိရသည်။

လက်ရှိရန်ကုန်မြို့တွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိသည့် ဟိုတယ်အခန်းပေါင်း ၅၃၀၀ ကျော်ရှိပြီးယခုနှစ် ကုန်ပိုင်းတွင် အခန်းပေါင်း ၅၇၀၀ ကျော် ဖြစ်လာနိုင်ကြောင်း အဆိုပါသုံးသပ်ချက်တွင်ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာ ဟိုတယ် ၃၀ ကျော်ဖွင့်လစ်ထားပြီး တည်ဆောက်ဆဲအဆောက်အအုံ ၁ဝ ခုနှင့် ဆောက်လုပ်ခွင့်ကျပြီး စီမံကိန်းပေါင်း ၂၀ ရှိကြောင်း Colliers International (Myanmar) ၏စာရင်းများအရ သိရသည်။ လာမည့်နှစ်တွင် တည်ဆောက်ဆဲစီမံကိန်း ၁၀ ခုမှ အခန်းပေါင်း ၂၀၀၀ကျော် ထွက်ရှိလာမည်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် အခန်းပေါင်း ၇၀၀၀ ထောင်ဝန်းကျင်အထိ တိုးပွားလာနိုင်ကြောင်းသိရသည်။

ရန်ကုန်မြို့၏ ဟိုတယ်အခန်းငှါးရမ်းမှုနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း ၊ ၂၀၁၈ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ဟိုတယ် ငှါးရမ်းခနှုန်းထားများသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၃ ဒေါ်လာမှ ၂၀၁၉ ခုနှစ်တွင် ၈၅ ဒေါ်လာအထိ ရှိခဲ့ပြီး ရာခိုင်နှုန်းအား ဖြင့် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စာရင်းဇယာများအရသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှုသည့် နိုင်ငံတော်ဘက်မှ ဖြေလျော့မှုများပြုလုပ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဝင်ရောက်မှု ၃သန်းခွဲရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ထက် ၃ ဒဿမ ၁၅ ရာခိုင်နှုန်းသာတိုးတက်ခဲ့ကြောင်း Colliers International (Myanmar) မှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service