တတိယအသုတ္ အိမ္ခန္းမ်ားေရာင္းခ်ေပးရန္ ရန္ကုန္တိုင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရး ႀကီးၾကပ္မႈေကာ္မတီက ေၾကညာ   - Property News in Myanmar from iMyanmarHouse.com
1134 Views

တတိယအသုတ္ အိမ္ခန္းမ်ားေရာင္းခ်ေပးရန္ ရန္ကုန္တိုင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရး ႀကီးၾကပ္မႈေကာ္မတီက ေၾကညာ  

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရး ႀကီးၾကပ္မႈေကာ္မတီက တတိယအသုတ္အေနႏွင့္ အိမ္ခန္းမ်ားေရာင္ခ်ေပးရန္ အစိုးရသတင္းစာတြင္ေၾကာ္ျငာေဖာ္ျပထားသည္။

ရန္ကုန္တိုင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရး ႀကီးၾကပ္မႈေကာ္မတီသို႔ အိမ္ခန္းဝယ္ယူခြင့္ ေလွ်ာက္ထားသူ စုစုေပါင္း (၆၀၂၇) ဦးအနက္ ပထမအသုတ္ႏွင့္ဒုတိယအသုတ္တို႔တြင္ (၁၁၅၃)ဦးကို ဝယ္ယူခြင့္ ဦးစားေပး တန္းစီဇယားအမွတ္စဥ္အလိုက္ ေၾကညာေရာင္းခ်ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ တတိယအသုတ္အေနႏွင့္ က်န္ေလွ်ာက္ထားသူမ်ားအားလုံး (၄၈၇၄) ဦးကို တန္းစီဇယားအမွတ္စဥ္အလိုက္ ဆက္လက္ေရာင္းခ်ေပးသြား မည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါတတိယအသုတ္စာရင္းကို ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာန ရန္ကုန္တိုင္းေဒသႀကီးညႊန္ႀကားေရးမွဴးရုံးႏွင့္ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ရန္ကုန္ရွိ ခရုိင္ရုံး (၄) ရုံးတို႔တြင္ ၂၀.၈.၂၀၁၉ ရက္မွ ၁၉.၉.၂၀၁၉ ရက္ အထိေၾကညာထားမည္ျဖစ္ေၾကာင္း သိရသည္။

အိမ္ရာေရြးခ်ယ္ဆႏၵျပဳျခင္းႏွင့္ဝယ္ယူမည့္စနစ္ (အေက်သြင္း/ဘဏ္ေခ်း) ဆႏၵျပဳျခင္းမ်ားကို အဆိုပါ ရက္မ်ားအတြင္းေနာက္ဆုံးထားၿပီး ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီးညႊန္ႀကားေရးမွဴးရုံး ေျမညီထပ္ရွိ Yangon City Gallery သို႔သြားေရာက္ဆက္သြယ္ေဆာင္ရြက္ရမည္ျဖစ္သည္။

သတ္မွတ္ရက္အတြင္း ဆက္သြယ္သူမ်ားအနက္မွ ဝယ္ယူခြင့္ဦးစားေပးတန္းစီဇယားအမွတ္စဥ္အတိုင္း ေၾကညာထားသည့္ အိမ္ခန္းမ်ားကိုေရာင္းခ်ေပးမည္ဟုသိရသည္။

၂၀၁၉ ခုႏွစ္ စက္တင္ဘာလကုန္တြင္ အိမ္ခန္းမ်ား မဲႏႈိက္ေရားခ်ျခင္း အခမ္းအနားကို ၿမိဳ့ျပႏွင့္အိမ္ရာ ဖြံ႔ၿဖိဳးေရးဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီးညႊန္ႀကားေရးမႉးရုံးတြင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

မဲႏႈိက္ၿပီးသူမ်ားအေနႏွင့္ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာန အိမ္ရာဖြံ႔ၿဖိဳးေရးဌာနခြဲ(ရန္ကုန္)ႏွင့္ ေဆာက္လုပ္ေရး၊အိမ္ရာႏွင့္အေျခခံအေဆာက္အအုံဖြံ႔ၿဖိဳးေရးဘဏ္ (CHID Bank) တို႔ႏွင့္ ၇.၁၀.၂၀၁၉မွ ၃၁.၁၀.၂၀၁၉ ရက္ေန႔ ေနာက္ဆုံးထား ဆက္သြယ္ေဆာင္ရြက္ၾကရမည္ျဖစ္ၿပီး သတ္မွတ္ရက္ေက်ာ္လြန္ပါက ဝယ္ယူခြင့္အလို အေလ်ာက္ပ်က္ျပယ္မည္ျဖစ္ေၾကာင္း အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရး ႀကီးၾကပ္မႈေကာ္မတီမွ သိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီက တတိယအသုတ်အနေနှင့် အိမ်ခန်းများရောင်ချပေးရန် အစိုးရသတင်းစာတွင်ကြော်ငြာဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီသို့ အိမ်ခန်းဝယ်ယူခွင့် လျှောက်ထားသူ စုစုပေါင်း (၆၀၂၇) ဦးအနက် ပထမအသုတ်နှင့်ဒုတိယအသုတ်တို့တွင် (၁၁၅၃)ဦးကို ဝယ်ယူခွင့် ဦးစားပေး တန်းစီဇယားအမှတ်စဉ်အလိုက် ကြေညာရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း၊ တတိယအသုတ်အနေနှင့် ကျန်လျှောက်ထားသူများအားလုံး (၄၈၇၄) ဦးကို တန်းစီဇယားအမှတ်စဉ်အလိုက် ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါတတိယအသုတ်စာရင်းကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရန်ကုန်ရှိ ခရိုင်ရုံး (၄) ရုံးတို့တွင် ၂၀.၈.၂၀၁၉ ရက်မှ ၁၉.၉.၂၀၁၉ ရက် အထိကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

အိမ်ရာရွေးချယ်ဆန္ဒပြုခြင်းနှင့်ဝယ်ယူမည့်စနစ် (အကျေသွင်း/ဘဏ်ချေး) ဆန္ဒပြုခြင်းများကို အဆိုပါ ရက်များအတွင်းနောက်ဆုံးထားပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး မြေညီထပ်ရှိ Yangon City Gallery သို့သွားရောက်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။

သတ်မှတ်ရက်အတွင်း ဆက်သွယ်သူများအနက်မှ ဝယ်ယူခွင့်ဦးစားပေးတန်းစီဇယားအမှတ်စဉ်အတိုင်း ကြေညာထားသည့် အိမ်ခန်းများကိုရောင်းချပေးမည်ဟုသိရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်တွင် အိမ်ခန်းများ မဲနှိုက်ရေားချခြင်း အခမ်းအနားကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မဲနှိုက်ပြီးသူများအနေနှင့်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ(ရန်ကုန်)နှင့် ဆောက်လုပ်ရေး၊အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) တို့နှင့် ၇.၁၀.၂၀၁၉မှ ၃၁.၁၀.၂၀၁၉ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက ဝယ်ယူခွင့်အလို အလျောက်ပျက်ပြယ်မည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

Upcoming Property Events

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service