မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်းဝယ်ယူခွင့်ရသူများ ဩဂုတ်လကုန်နောက်ဆုံးထားပြီး ကျသင့်ငွေပေးသွင်းရမည် - Property News in Myanmar from iMyanmarHouse.com
817 Views

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်းဝယ်ယူခွင့်ရသူများ ဩဂုတ်လကုန်နောက်ဆုံးထားပြီး ကျသင့်ငွေပေးသွင်းရမည်

### Zawgyi Version ###







 



### Unicode Version ###

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာများတွင် မိမိတို့နေထိုင်မည့် အိမ်ခန်းနေရာများအား ပွင့်လင်းမြင်သာစွာ ကိုယ်တိုင် မဲနှိုက်ရွေးချယ်ခဲ့ပြီးဖြစ်ရာ ဩဂုတ်လကုန်နောက်ဆုံးထားပြီး တိုက်ခန်းတန်ဖိုးကျသင့်ငွေ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခန်း မဲပေါက်သူများအနေနှင့် ငွေပေးသွင်းမှုပျက်ကွက်ပါက မန္တလေးမြို့တော်စည်ပင်သာ ယာ ရေးကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် အရန်ကြိုတင်မဲပေးထားသူများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှသိရသည်။

ဩဂုတ် ၆ ရက်နေ့က မန္တလေးမြို့တော်ခန်းမ၌ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှချမ်းမြ သာစည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်း များ ဝယ်ယူခွင့်ရရှိသူ ၅၄၂ ဦးအတွက် နေထိုင်ရန် ကိုယ်တိုင် မဲနှိုက်၍ချထားပေးမှုကို ပွင့်လင်းမြင်သာစွာပြုလုပ်ခဲ့သည်။

တိုက်ခန်းဝယ်ယူခွင့်ရသူများအနေနှင့် လက်ငင်းငွေပေးချေနိုင်သလို ဘဏ်ချေးငွေနှင့်လည်းငွေပေးချေ နိုင်ကြောင်း၊ပေးသွင်းသူနှင့်လက်ခံပေးရေးဌာနပါ အခက်အခဲမရှိအောင် ဩဂုတ်လအကုန်ထိ ရက်တိုးမြှင့်ပေးထားကြောင်းသိရသည်။

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ အာရ်စီလေးခန်းတွဲ ခြောက်ထပ်တိုက် ၁၉ လုံး၊အခန်းတစ်ခန်းလျှင် ၆၆၁ စတုရန်းပေ အကျယ်အဝန်းရှိ အခန်း ၄၆၅ ခန်းနှင့် ယခင်ရောင်းချပြီးသော တိုက်ခန်းများမှ ပြန်လည်အပ်နှံသော အခန်းနှင့် တိုက်ခန်းပိုင်ရှင်များက မဆက်သွယ်သော အခန်းများအပါအဝင် ၅၄၂ ခန်းကို မန္တလေး ခြောက်မြို့နယ် အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အရပ်ဘက်နိုင်ငံ့ဝန်ထမ်းများနှင့်အငြိမ်းစား ဝန်ထမ်းများအားရောင်းချပေးခဲ့သည်။

မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် ၂၆၇ ဒသမ ၈၀ သိန်း၊ပထမထပ် တစ်ခန်းလျှင် ငွေကျပ် ၂၄၇ ဒသမ ၂၀ သိန်း၊ဒုတိယထပ်တစ်ခန်းလျှင် ငွေကျပ် ၂၂၆ ဒသမ ၆၀ သိန်း၊တတိယထပ်တစ်ခန်းလျှင် ၂၁၆ ဒသမ ၃၀ သိန်း၊စတုတ္ထထပ်တစ်ခန်းလျှင် ငွေကျပ် ၂၀၆ သိန်း၊ပဉ္စမထပ်တစ်ခန်းလျှင် ငွေကျပ် ၁၉၅ ဒသမ ၇၀ သိန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

 

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service