ရသင့္ရထိုက္ေသာ အခြန္ေငြမ်ားရရွိရန္ႏွင့္အခြန္တံဆိပ္ကပ္ႏွိပ္ေရာင္းခ်ျခင္းမရွိက ဒဏ္တပ္ - Property News in Myanmar from iMyanmarHouse.com
1294 Views

ရသင့္ရထိုက္ေသာ အခြန္ေငြမ်ားရရွိရန္ႏွင့္အခြန္တံဆိပ္ကပ္ႏွိပ္ေရာင္းခ်ျခင္းမရွိက ဒဏ္တပ္

### Zawgyi Version ###

အထူးကုန္စည္မ်ားအေပၚ အခြန္တံဆိပ္ကပ္ႏွိပ္ျခင္းႏွင့္အေရာင္းဆိုင္မ်ား၏ေျပစာမ်ားအေပၚအခြန္တံဆိပ္ကပ္ႏွိပ္ျခင္းမျပဳပါက တည္ဆဲအခြန္ဆိုင္ရာဥပေဒမ်ားႏွင့္အညီ ဒဏ္တပ္ရိုက္ျခင္းမ်ားေဆာင္ရြက္လ်က္ရွိေၾကာင္း ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး နဝမေန႔တြင္ ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒၾကမ္းႏွင့္စပ္လ်ဥ္း၍ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းကေျပာထားသည္။

ဒုတိယဝန္ႀကီးကေျပာထားရာတြင္ ရသင့္ရထိုက္ေသာ အခြန္ေငြမ်ား လြတ္ကင္းမႈမရွိေစေရးအတြက္ အထူးကုန္စည္မ်ားအေပၚ အခြန္အမွတ္တံဆိပ္ ကပ္ႏွိပ္ေရာင္းခ်ေစျခင္း၊အေရာင္းေျပစာမ်ားအေပၚတြင္ အခြန္ အမွတ္တံဆိပ္ ကပ္ႏွိပ္ေရာင္းခ်ေစျခင္းတို႔အျပင္ အထူးကုန္စည္ျဖစ္သည့္ အရက္မ်ားထုတ္လုပ္မႈအေပၚ ပမာဏ အမွန္သိေစရန္အတြက္ Online Monitoring စနစ္ျဖင့္ ေစာင့္ၾကည့္သည့္ စနစ္ကို သက္ဆိုင္ရာလုပ္ငန္းရွင္မ်ား ၏ ပူးေပါင္းပါဝင္မႈျဖင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္းေျပာထားသည္။

ဆက္လက္ၿပီးဒုတိယဝန္ႀကီးက ယခင္ႏွစ္မ်ားက စားေသာက္ဆိုင္၊ဟိုတယ္၊တည္းခိုခန္းမ်ား၊ ရုပ္သံလႊင့္ မီဒီယာလုပ္ငန္းမ်ားမွ အေရာင္းေျပစာမ်ားအေပၚတြင္ အခြန္အမွတ္တံဆိပ္ ကပ္ႏွိပ္ေရာင္းခ်ေစသည့္ အစီအစဥ္ေဆာင္ရြက္ခဲ့ေၾကာင္းေျပာသည္။

ယင္းက ယခုႏွစ္တြင္ မိုဘိုင္းဟန္းဆက္ႏွင့္ဆက္စပ္ ပစၥည္းအေရာင္းဆိုင္မ်ားတြင္ အခြန္အမွတ္တံဆိပ္ ကပ္ႏွိပ္ေရာင္းခ်ေစသည့္ အစီအစဥ္ကို ေဆာင္ရြက္ခဲ့ပါေၾကာင္း၊လိုက္နာမႈမရွိေသာ လုပ္ငန္းရွင္မ်ားကိုလည္း ကြင္းဆင္းစိစစ္ျခင္း၊သတင္းေပးတိုင္ၾကားေစျခင္းတို႔ျဖင့္ တည္ဆဲအခြန္ဆိုင္ရာ ဥပေဒမ်ားႏွင့္အညီ ဒဏ္တပ္ရုိက္ ျခင္း၊သတင္းေပးပို႔တိုင္ၾကားသူမ်ားအား ဆုေငြခ်ီးျမွင့္ျခင္းမ်ားကို ေဆာင္ရြက္လ်က္ရွိေၾကာင္းေျပာသည္။

ႏိုင္ငံေတာ္အတြက္ ရသင့္ရထိုက္ေသာ အခြန္အေကာက္ရေငြမ်ား ျပည့္ဝစြာေကာက္ခံရရွိေရး၊ႏိုင္ငံေတာ္စီးပြားေရးဖြံ႔ၿဖိဳးတိုးတတ္မႈကို အေထာက္အကူျဖစ္ေစေရး၊အခြန္ဥပေဒမ်ားကို ပိုမိုေလးစားလိုက္နာလာေစေရးတို႔အတြက္ ယခုႏွစ္ အခြန္အေကာက္ဥပေဒမူၾကမ္းကိုျပဳစုတင္ျပထားေၾကာင္းေျပာထားသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

အထူးကုန်စည်များအပေါ် အခွန်တံဆိပ်ကပ်နှိပ်ခြင်းနှင့်အရောင်းဆိုင်များ၏ပြေစာများအပေါ်အခွန်တံဆိပ်ကပ်နှိပ်ခြင်းမပြုပါက တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့်အညီ ဒဏ်တပ်ရိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့တွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကပြောထားသည်။

ဒုတိယဝန်ကြီးကပြောထားရာတွင် ရသင့်ရထိုက်သော အခွန်ငွေများ လွတ်ကင်းမှုမရှိစေရေးအတွက် အထူးကုန်စည်များအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း၊အရောင်းပြေစာများအပေါ်တွင် အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်းတို့အပြင် အထူးကုန်စည်ဖြစ်သည့် အရက်များထုတ်လုပ်မှုအပေါ် ပမာဏ အမှန်သိစေရန်အတွက် Online Monitoring စနစ်ဖြင့် စောင့်ကြည့်သည့် စနစ်ကို သက်ဆိုင်ရာလုပ်ငန်းရှင်များ ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်းပြောထားသည်။

ဆက်လက်ပြီးဒုတိယဝန်ကြီးက ယခင်နှစ်များက စားသောက်ဆိုင်၊ဟိုတယ်၊တည်းခိုခန်းများ၊ ရုပ်သံလွှင့် မီဒီယာလုပ်ငန်းများမှ အရောင်းပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေသည့် အစီအစဉ်ဆောင်ရွက်ခဲ့ကြောင်းပြောသည်။

ယင်းက ယခုနှစ်တွင် မိုဘိုင်းဟန်းဆက်နှင့်ဆက်စပ် ပစ္စည်းအရောင်းဆိုင်များတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကိုလည်း ကွင်းဆင်းစိစစ်ခြင်း၊သတင်းပေးတိုင်ကြားစေခြင်းတို့ဖြင့် တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ ဒဏ်တပ်ရိုက် ခြင်း၊သတင်းပေးပို့တိုင်ကြားသူများအား ဆုငွေချီးမြှင့်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းပြောသည်။ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်ရငွေများ ပြည့်ဝစွာကောက်ခံရရှိရေး၊နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုကို အထောက်အကူဖြစ်စေရေး၊အခွန်ဥပဒေများကို ပိုမိုလေးစားလိုက်နာလာစေရေးတို့အတွက် ယခုနှစ် အခွန်အကောက်ဥပဒေမူကြမ်းကိုပြုစုတင်ပြထားကြောင်းပြောထားသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service