ရန္ကုန္မွာ တန္ဖိုးနည္းအိမ္ရာေတြ ထပ္မံေရာင္းခ်ဦးမည္ - Property News in Myanmar from iMyanmarHouse.com
653 Views

ရန္ကုန္မွာ တန္ဖိုးနည္းအိမ္ရာေတြ ထပ္မံေရာင္းခ်ဦးမည္

### Zawgyi Version ###

ရန္ကုန္တိုင္း အတြင္းမွာ တန္ဖိုးနည္းအိမ္ရာအခန္းေတြေရာင္းခ်ေပးသြားမယ္လို႔ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကေျပာပါတယ္။

ဒီအိမ္ရာအခန္းေတြကို အမွန္တကယ္ေနထိုင္ဖို႕ခက္ခဲတဲ့သူေတြနဲ႕ စမတ္ကတ္ရရွိထားတဲ့ က်ဴးေက်ာ္ေနထိုင္သူေတြအတြက္ ရည္ရြယ္ၿပီး ေဆာက္လုပ္တာျဖစ္တယ္လို႕ဆိုပါတယ္။

ေရာင္းခ်ေပးမယ့္ အိမ္ရာအခန္းေတြရဲ႕ အက်ယ္အ၀န္းဟာ ၁၅ ေပ ၃၅ ေပ ႏွစ္ခန္းတြဲျဖစ္ၿပီး က်ပ္သိန္း ၃၀ ၀န္းက်င္ရွိခန္႕ရွိႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အိမ္ရာအခန္းေတြကို ဆယ္ေယာက္တစ္အုပ္စု စနစ္နဲ႕ေရာင္းခ်သြားမွာျဖစ္ၿပီး အေသးစားေခ်းေငြစနစ္နဲ႕ အရစ္က်၀ယ္ယူႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။ အိမ္ရာအခန္းေတြကို ေရာင္းခ်ရာမွာ အစိုးရကေျမစိုက္ထုတ္ေပးထားတာျဖစ္ၿပီး ၀ယ္ယူသူေတြအေနနဲ႕ အိမ္ရာအခန္းဖိုးကိုသာ ေပးေခ်ရမွျဖစ္တယ္လို႔ဆိုပါတယ္။

ဒါေပမယ့္ ဒီအိမ္ရာအခန္းေတြကို ေငြေၾကးတက္ႏိုင္သူေတြက လက္၀ါးႀကီးအုပ္၀ယ္ယူျခင္းမရွိေအာင္စိစစ္သြားမွာျဖစ္ၿပီး ၀ယ္ယူသူေတြအေနနဲ႕လည္း တစ္ဆင့္ျပန္လည္ေရာင္းခ်ျခင္းနဲ႕ လႊဲေျပာင္းငွားရမ္းျခင္းကို ခြင့္ျပဳမွာမဟုတ္ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ က်ဴးေက်ာ္ေျမမွာေစ်းေရာင္းသူေတြ အတိုးေပးစားသူေတြနဲ႕ က်ဴးေက်ာ္ေတြေပၚမွာ မွီခိုၿပီး စီးပြားေရးလုပ္ကိုင္ေနသူေတြကို ထည့္သြင္းစဥ္းစားသြားမွာမဟုတ္ဘူးလို႕ သိရပါတယ္။

ဒီလို တည္ေဆာက္ဖို႔အတြက္ အစိုးရအဖြဲ႕၀င္ေတြနဲ႕ အရပ္ဖက္အဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး ပေရာဂ်က္ေရးဆြဲေနတယ္လို႔ သိရပါတယ္။ ဒီပေရာဂ်က္ေရးဆြဲၿပီးပါက အမ်ိဳးသမီးဘ၀ျမွင့္တင္ေရးစီမံခ်က္အျဖစ္ေဆာင္ရြက္ၿပီး အိမ္ရာအခန္းေတြကို ေရာင္းခ်သြားမယ္လို႕ သိရပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်တိုင်းအတွင်းမှာ တန်ဖိုးနည်းအိမ်ရာအခန်းတွေရောင်းချပေးသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ဒီအိမ်ရာအခန်းတွေကို အမှန်တကယ်နေထိုင်ဖို့ခက်ခဲတဲ့သူတွေနဲ့ စမတ်ကတ်ရရှိထားတဲ့ ကျူးကျော်နေထိုင်သူတွေအတွက် ရည်ရွယ်ပြီး ဆောက်လုပ်တာဖြစ်တယ်လို့ဆိုပါတယ်။

ရောင်းချပေးမယ့် အိမ်ရာအခန်းတွေရဲ့ အကျယ်အဝန်းဟာ ၁၅ ပေ ၃၅ ပေ နှစ်ခန်းတွဲဖြစ်ပြီး ကျပ်သိန်း ၃၀ ဝန်းကျင်ရှိခန့်ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိမ်ရာအခန်းတွေကို ဆယ်ယောက်တစ်အုပ်စု စနစ်နဲ့ရောင်းချသွားမှာဖြစ်ပြီး အသေးစားချေးငွေစနစ်နဲ့ အရစ်ကျဝယ်ယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်ရာအခန်းတွေကို ရောင်းချရာမှာ အစိုးရကမြေစိုက်ထုတ်ပေးထားတာဖြစ်ပြီး ဝယ်ယူသူတွေအနေနဲ့ အိမ်ရာအခန်းဖိုးကိုသာ ပေးချေရမှဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဒီအိမ်ရာအခန်းတွေကို ငွေကြေးတက်နိုင်သူတွေက လက်ဝါးကြီးအုပ်ဝယ်ယူခြင်းမရှိအောင်စိစစ်သွားမှာဖြစ်ပြီး ဝယ်ယူသူတွေအနေနဲ့လည်း တစ်ဆင့်ပြန်လည်ရောင်းချခြင်းနဲ့ လွှဲပြောင်းငှားရမ်းခြင်းကို ခွင့်ပြုမှာမဟုတ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ကျူးကျော်မြေမှာ ဈေးရောင်းသူတွေ အတိုးပေးစားသူတွေနဲ့ ကျူးကျော်တွေပေါ်မှာ မှီခိုပြီး စီးပွားရေးလုပ်ကိုင်နေသူတွေကို ထည့်သွင်းစဉ်းစားသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီလို တည်ဆောက်ဖို့အတွက် အစိုးရအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပရောဂျက်ရေးဆွဲနေတယ်လို့ သိရပါတယ်။ ဒီပရောဂျက်ရေးဆွဲပြီးပါက အမျိုးသမီးဘဝမြှင့်တင်ရေးစီမံချက်အဖြစ်ဆောင်ရွက်ပြီး အိမ်ရာအခန်းတွေကို ရောင်းချသွားမယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service