ဝိုင်ဘီအက်စ်ယာဉ်ရပ်နားကွင်းကို သမကုန်းအဝိုင်းအနီးတွင် ကျပ်သိန်း ၃၀၀၀ ဝန်းကျင်သုံးစွဲကာတည်ဆောက် - Property News in Myanmar from iMyanmarHouse.com
774 Views

ဝိုင်ဘီအက်စ်ယာဉ်ရပ်နားကွင်းကို သမကုန်းအဝိုင်းအနီးတွင် ကျပ်သိန်း ၃၀၀၀ ဝန်းကျင်သုံးစွဲကာတည်ဆောက်

 ### Zawgyi Version ###






 

### Unicode Version ###

ကျပ်သိန်းပေါင်း ၂၉၉၉ သိန်းသုံးစွဲကာ ယာဉ်ရပ်နားဝင်းတစ်ခုကို သမကုန်းအဝိုင်းအနီးတွင် တည် ဆောက်နေကြောင်းသိရသည်။

ရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး ပွင့်လင်းရာသီတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်ကို အခြေပြုပြေးဆွဲနေသည့် ဝိုင်ဘီအက်စ်ယာဉ်များရပ်နားနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှသိရသည်။

ပြည်အောင်ကုမ္ပဏီလီမိတက်က မြေ ၁ ဒသမ ၈၆ ဧကပေါ်တွင် ယာဉ်ရပ်နားကွင်းကိုတာဝန်ယူ တည် ဆောက်နေခြင်းဖြစ်သည်။လှိုင်သာယာမြို့နယ်အပြင် အခြားသက်ဆိုင်ရာမြို့နယ်များတွင်လည်း ဝိုင်ဘီအက်စ် ယာဉ်ရပ်နားကွင်းများ တည်ဆောက်ရန်အတွက် မြေနေရာရှာဖွေနေကာ ယင်းယာဉ်ရပ်နားကွင်းများကို ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ကြိုးစားနေကြောင်း၊ဝိုင်အာတီအေက အစိုးရ၏ဘတ်ဂျက်နှင့်သွားတာ မဟုတ်ကြောင်း၊ဝိုင်အာတီအေ၏ စီမံခန့်ခွဲမှုကနေရရှိသည့်ငွေကို အစိုးရခွဲဝေမှု နှင့်ဆောင်ရွက်နေခြင်းဖြစ်၍ ယာဉ်ရပ်နားကွင်းများ တည်ဆောက်ဖို့ အခက်အခဲရှိပြီး အစိုးရမြေနေရာလိုကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service