ရထားလမ္းေဖာက္လုပ္မႈေၾကာင့္ ပ်က္စီးသြားေသာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း လယ္ေျမမ်ားအနက္ အခ်ိဳ႕ကို ေလ်ာ္ေၾကးေပးမည္ - Property News in Myanmar from iMyanmarHouse.com
1028 Views

ရထားလမ္းေဖာက္လုပ္မႈေၾကာင့္ ပ်က္စီးသြားေသာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း လယ္ေျမမ်ားအနက္ အခ်ိဳ႕ကို ေလ်ာ္ေၾကးေပးမည္

### Zawgyi Version ###

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္း ရထားလမ္းေဖာက္လုပ္မႈေၾကာင့္ ပ်က္စီးသြားေသာ လယ္ေျမမ်ားအနက္ အခ်ိဳ႕ကို ေလ်ာ္ေၾကးေပးမည္ျဖစ္ေၾကာင္း၊နယ္ေျမလုံျခဳံေရးအေျခအေနရ ပုဏၰားကၽြန္းၿမိဳ႕နယ္ရွိ ကြမ္းေတာင္-ေက်ာက္ေတာ္ မီးရထားယာယီရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္စစ္ေတြမွ ေရခ်မ္းျပင္အထိ မီးရထားေျပးဆြဲလ်က္ရွိေသာ္လည္းက်န္အပိုင္းကို ရပ္နားထား ေၾကာင္း၊ေက်ာက္ေတာ္ၿမိဳ႕ကစၧပနဒီတံတားမွ ပုဏၰားကၽြန္းၿမိဳ႕နယ္ အစပ္ထိ ရထားလမ္းပိုင္းတြင္ ပါဝင္သြားေသာ လယ္သမားမ်ားအတြက္ ေလ်ာ္ေၾကးေငြမ်ားကို ျမန္မာ့မီးရထားဌာနမွ ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ကြမ္းေတာင္-ေက်ာက္ေတာ္ လမ္းပိုင္းအထိကို နယ္ေျမလုံျခဳံေရးအေျခအေနအရ ယာယီရပ္ဆိုင္းထားမွာျဖစ္ေၾကာင္း၊ေလ်ာ္ေၾကးကို ႏွစ္အလိုက္ခြဲၿပီးေပးမွာျဖစ္ၿပီး ယခုႏွစ္ဘတ္ဂ်က္တြင္ ကစၧပနဒီတံတားမွ ပုဏၰား ကၽြန္းၿမိဳ႕နယ္အစပ္ထိအပိုင္းကို တစ္ဧကဆိုက်ပ္ ၂၅ သိန္းႏႈန္းႏွင့္စက္တင္ဘာလေလာက္တြင္ေပးရန္စီစဥ္ထား ေၾကာင္းသိရသည္။

ေလ်ာ္ေၾကးေငြေပးအပ္ရန္ လုပ္ထုံးလုပ္နည္းအဆင့္ဆင့္ျဖင့္လုပ္ေဆာင္ျခင္း၊ တိုင္းတာျခင္းမ်ားကို လယ္ယာေျမစီမံခန႔္ခြဲေရး ေကာ္မတီမ်ားလည္းပါဝင္ေၾကာင္း၊ အဆင့္ဆင့္လုပ္ေဆာင္ၿပီးမွသာ ေလ်ာ္ေၾကးေငြ မ်ားကို အတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ၂၀၁၈-၂၀၁၉ စည္းၾကပ္ ဘ႑ာေငြမွာ ဘတ္ဂ်က္က်ထားတာကေတာ့ ေျခာက္ရာ့ႏွစ္သန္းျဖစ္ၿပီး လယ္သမားမ်ားကို ခြဲေပးသြားမွာျဖစ္ေၾကာင္းသိရသည္။

ရခိုင္ျပည္နယ္တြင္ ၃၂ မိုင္ခြဲ ရွိသည့္ ေက်ာက္ေတာ္ -ေျမာက္ဦးလမ္းပိုင္းအား ဖ်က္သိမ္းခဲ့ေသာ္လည္း ပုဏၰားကၽြန္း (ကြမ္းေတာင္ )-ေက်ာက္ေတာ္ ၄၃ မိုင္လမ္းပိုင္း၊ စစ္ေတြ -ေရခ်မ္းျပင္ ၁၁ မိုင္လမ္းပိုင္း၊ စုစုေပါင္း ၅၄ မိုင္တြင္ ရထားမ်ား ပုံမွန္ေျပးဆြဲမႈရွိခဲ့ေၾကာင္းသိရသည္။

၂၀၀၈ ခုႏွစ္တြင္ စစ္ေတြ-အမ္း-မင္းဘူး ရထားလမ္းစီမံကိန္းကို စတင္ခဲ့ၿပီး စစ္ေတြ-ေရခ်မ္းျပင္ မီးရထား လမ္းပိုင္း ၁၁ ဒသမ ၄၆ မိုင္ကို ၂၀၀၉ ခုႏွစ္ ေမ ၁၉ ရက္တြင္ ဖြင့္လွစ္ခဲ့ေၾကာင္း၊၂၂ ဒသမ ၇၂ မိုင္အရွည္ရွိသည့္ ကြမ္းေတာင္ - ပုဏၰားကၽြန္း-ယိုးတ႐ုတ္လမ္းပိုင္းကို ၂၀၁၀ ခုႏွစ္ ေမ ၁၅ ရက္တြင္ ဖြင့္လွစ္ခဲ့ကာ ၁၉ ဒသမ ၈၂ မိုင္အရွည္ရွိသည့္ ယိုးတ႐ုတ္ေက်ာက္ေတာ္လမ္းပိုင္းကို ၂၀၁၁ ခုႏွစ္ ဧၿပီ ၁၀ ရက္တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရထားလမ်းဖောက်လုပ်မှုကြောင့် ပျက်စီးသွားသော လယ် မြေများအနက် အချို့ကို လျော်ကြေးပေးမည်ဖြစ်ကြောင်း၊နယ်မြေလုံခြုံရေးအခြေအနေရ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်-ကျောက်တော် မီးရထားယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်စစ်တွေမှ ရေချမ်းပြင်အထိ မီးရထားပြေးဆွဲလျက်ရှိသော်လည်း ကျန်အပိုင်းကို ရပ်နားထား ကြောင်း၊ကျောက်တော်မြို့ကစ္ဆပနဒီတံတားမှ ပုဏ္ဏားကျွန်းမြို့နယ် အစပ်ထိ ရထားလမ်းပိုင်းတွင် ပါဝင်သွားသော လယ်သမားများအတွက် လျော်ကြေးငွေများကို မြန်မာ့မီးရထားဌာနမှ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကွမ်းတောင်-ကျောက်တော် လမ်းပိုင်းအထိကို နယ်မြေလုံခြုံရေးအခြေအနေအရ ယာယီရပ်ဆိုင်းထား မှာဖြစ်ကြောင်း၊လျော်ကြေးကို နှစ်အလိုက်ခွဲပြီးပေးမှာဖြစ်ပြီး ယခုနှစ်ဘတ်ဂျက်တွင် ကစ္ဆပနဒီတံတားမှ ပုဏ္ဏား ကျွန်းမြို့နယ်အစပ်ထိအပိုင်းကို တစ်ဧကဆိုကျပ် ၂၅ သိန်းနှုန်းနှင့်စက်တင်ဘာလလောက်တွင်ပေးရန်စီစဉ်ထား ကြောင်းသိရသည်။

လျော်ကြေးငွေပေးအပ်ရန် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ဖြင့်လုပ်ဆောင်ခြင်း၊ တိုင်းတာခြင်းများကို လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီများလည်းပါဝင်ကြောင်း၊ အဆင့်ဆင့်လုပ်ဆောင်ပြီးမှသာ လျော်ကြေးငွေ များကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ၂၀၁၈-၂၀၁၉ စည်းကြပ် ဘဏ္ဍာငွေမှာ ဘတ်ဂျက်ကျထားတာကတော့ ခြောက်ရာ့နှစ်သန်းဖြစ်ပြီး လယ် သမားများကို ခွဲပေးသွားမှာဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် ၃၂ မိုင်ခွဲ ရှိသည့် ကျောက်တော် -မြောက်ဦးလမ်းပိုင်းအား ဖျက်သိမ်းခဲ့သော်လည်း ပုဏ္ဏားကျွန်း (ကွမ်းတောင် )-ကျောက်တော် ၄၃ မိုင်လမ်းပိုင်း၊ စစ်တွေ -ရေချမ်းပြင် ၁၁ မိုင်လမ်းပိုင်း၊ စုစုပေါင်း ၅၄ မိုင်တွင် ရထားများ ပုံမှန်ပြေးဆွဲမှုရှိခဲ့ကြောင်းသိရသည်။ ၂၀၀၈ ခုနှစ်တွင် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းစီမံကိန်းကို စတင်ခဲ့ပြီး စစ်တွေ-ရေချမ်းပြင် မီးရထား လမ်းပိုင်း ၁၁ ဒသမ ၄၆ မိုင်ကို ၂၀၀၉ ခုနှစ် မေ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊၂၂ ဒသမ ၇၂ မိုင်အရှည်ရှိသည့် ကွမ်းတောင် - ပုဏ္ဏားကျွန်း-ယိုးတရုတ်လမ်းပိုင်းကို ၂၀၁၀ ခုနှစ် မေ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ကာ ၁၉ ဒသမ ၈၂ မိုင်အရှည်ရှိသည့် ယိုးတရုတ်ကျောက်တော်လမ်းပိုင်းကို ၂၀၁၁ ခုနှစ် ဧပြီ ၁၀ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

Upcoming Property Events

imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service