လူဦးေရ ၃ ဒသမ ၄ သန္းေက်ာ္ ဝန္ေဆာင္မႈေပးေနသည့္ ျမန္မာႏိုင္ငံအေသးစားေငြေရးေၾကးေရး လုပ္ငန္းမ်ား - Property News in Myanmar from iMyanmarHouse.com
871 Views

လူဦးေရ ၃ ဒသမ ၄ သန္းေက်ာ္ ဝန္ေဆာင္မႈေပးေနသည့္ ျမန္မာႏိုင္ငံအေသးစားေငြေရးေၾကးေရး လုပ္ငန္းမ်ား

 ### Zawgyi Version ###

ျမန္မာႏိုင္ငံအေသးစားေငြေရးေၾကးေရးလုပ္ငန္းမ်ား ကူညီေရးအသင္းမွ ျမန္မာႏိုင္ငံအတြင္းဝင္ေရာက္ လုပ္ကိုင္ေနသည့္ အေသးစားေငြေရးေၾကးေရးလုပ္ငန္းမ်ားက ဥပေဒထြက္ရွိလာၿပီးေနာက္ပိုင္းတြင္ လူဦးေရ ၃ ဒသမ ၄ သန္းကိုဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္းသိရသည္။

ယင္းလုပ္ငန္းမ်ားအေနႏွင့္ ေငြေခ်းျခင္းလုပ္ငန္းမ်ားကို ေဈးကြက္အတြင္း ေငြေခ်းလုပ္ငန္းမ်ားသာမက ၿမိဳ႕နယ္အလိုက္၊ရြာအလိုက္ ကြင္းဆင္းၿပီး ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ထိုလုပ္ငန္းမ်ားတြင္ အမွန္တကယ္လုပ္ငန္းတြင္ ရင္ႏွီးသူမ်ားရွိေသာ္လည္း လုပ္ငန္းတြင္ရင္းႏွီးမႈမလုပ္ဘဲ ျပန္မဆပ္သည့္အေျခအေနမ်ားလည္းရွိသျဖင့္ စိန္ေခၚမႈမ်ားလည္းရွိေၾကာင္း သိရသည္။

အဖြဲ႔ေပါင္း ၁၈၀ ေက်ာ္ ၎လုပ္ငန္းကိုလုပ္ကိုင္ေနၾကၿပီး ၂၀၁၁ ခုႏွစ္ကထြက္ရွိလာေသာ Microfinan -ce Law ထြက္ရွိၿပီးကတည္းက တိုးတက္မႈရွိလာေၾကာင္း၊လုပ္ငန္းတန္ဖိုးအေနႏွင့္ ျမန္မာေငြ ၃၅၀ ဘီလီယံေက်ာ္ ဝင္ေနေၾကာင္းသိရသည္။

ယင္းႏွင့္သက္ဆိုင္ေသာကုမၸဏီမ်ားထံမွ အစိုးရဘက္က အဆိုပါလုပ္ငန္းမ်ားအတြက္ တိက်သည့္ ေပၚလစီေကာင္းမ်ားလိုအပ္ၿပီး အတိုးႏႈန္း ေျပာင္းလဲသတ္မွတ္ျခင္း၊ေပၚလစီအသစ္ခ်မွတ္ျခင္းမ်ားကို ႀကိဳတင္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ၿပီးမွသာ ထုတ္ျပန္သင့္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံ အေသးစားေငြေရးေၾကးေရးလုပ္ငန္းမ်ားကူညီေရးအသင္းထံမွ ျမန္မာႏိုင္ငံအတြင္းဝင္ ေရာက္လုပ္ကိုင္ေနသည့္ Microfinance လုပ္ငန္းမ်ားသည္ ေနာက္ပိုင္းတြင္ အရစ္က်ေရာင္းခ်ျခင္းလုပ္ငန္းမ်ား၊ ဝင္ေငြအလိုက္ေခ်းေငြမ်ား၊မိသားစုအလိုက္ေခ်းေငြမ်ား၊စိုက္ပ်ိဳးေရးေခ်းေငြမ်ား၊လုပ္ငန္းတိုးတတ္ေရးေခ်းေငြမ်ားကို အမ်ိဳးအစားအလုိက္ထုတ္ေခ်းျခင္းမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းမှ မြန်မာနိုင်ငံအတွင်းဝင်ရောက် လုပ်ကိုင်နေသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများက ဥပဒေထွက်ရှိလာပြီးနောက်ပိုင်းတွင် လူဦးရေ ၃ ဒသမ ၄ သန်းကိုဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။

ယင်းလုပ်ငန်းများအနေနှင့် ငွေချေးခြင်းလုပ်ငန်းများကို ဈေးကွက်အတွင်း ငွေချေးလုပ်ငန်းများသာမက မြို့နယ်အလိုက်၊ရွာအလိုက် ကွင်းဆင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ထိုလုပ်ငန်းများတွင် အမှန်တကယ်လုပ်ငန်းတွင် ရင်နှီးသူများရှိသော်လည်း လုပ်ငန်းတွင်ရင်းနှီးမှုမလုပ်ဘဲ ပြန်မဆပ်သည့်အခြေအနေများလည်းရှိသဖြင့် စိန်ခေါ်မှုများလည်းရှိကြောင်း သိရသည်။

အဖွဲ့ပေါင်း ၁၈၀ ကျော် ၎င်းလုပ်ငန်းကိုလုပ်ကိုင်နေကြပြီး ၂၀၁၁ ခုနှစ်ကထွက်ရှိလာသော Microfinan -ce Law ထွက်ရှိပြီးကတည်းက တိုးတက်မှုရှိလာကြောင်း၊လုပ်ငန်းတန်ဖိုးအနေနှင့် မြန်မာငွေ ၃၅၀ ဘီလီယံကျော် ဝင်နေကြောင်းသိရသည်။

ယင်းနှင့်သက်ဆိုင်သောကုမ္ပဏီများထံမှ အစိုးရဘက်က အဆိုပါလုပ်ငန်းများအတွက် တိကျသည့် ပေါ်လစီကောင်းများလိုအပ်ပြီး အတိုးနှုန်း ပြောင်းလဲသတ်မှတ်ခြင်း၊ပေါ်လစီအသစ်ချမှတ်ခြင်းများကို ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ပြီးမှသာ ထုတ်ပြန်သင့်ကြောင်းသိရသည်။

မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်များကူညီရေးအသင်းထံမှ မြန်မာနိုင်ငံအတွင်းဝင် ရောက်လုပ်ကိုင်နေသည့် Microfinance လုပ်ငန်းများသည် နောက်ပိုင်းတွင် အရစ်ကျရောင်းချခြင်းလုပ်ငန်းများ၊ ဝင်ငွေအလိုက်ချေးငွေများ၊မိသားစုအလိုက်ချေးငွေများ၊စိုက်ပျိုးရေးချေးငွေများ၊လုပ်ငန်းတိုးတတ်ရေးချေးငွေများကို အမျိုးအစားအလိုက်ထုတ်ချေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service