အာမခံထားရွိသူ ႏွစ္သန္းခန္႔သာရွိၿပီး အာမခံေစ်းကြက္သည္ တစ္ႏွစ္အတြင္း က်ပ္ဘီလီယံႏွစ္ေထာင္ ခန္႔ျဖင့္ လည္ပတ္ေန - Property News in Myanmar from iMyanmarHouse.com
1074 Views

အာမခံထားရွိသူ ႏွစ္သန္းခန္႔သာရွိၿပီး အာမခံေစ်းကြက္သည္ တစ္ႏွစ္အတြင္း က်ပ္ဘီလီယံႏွစ္ေထာင္ ခန္႔ျဖင့္ လည္ပတ္ေန

### Zawgyi Version ###

ျမန္မာႏိုင္ငံ၏ အာမခံေစ်းကြက္ႏွင့္ပတ္သက္ၿပီး IKBZ အာမခံကုမၸဏီက ခန္႔မွန္းမႈတြင္ အာမခံေစ်းကြက္သည္ တစ္ႏွစ္အတြင္း က်ပ္ဘီလီယံႏွစ္ေထာင္ခန္႔ျဖင့္ လည္ပတ္ေနမည္ျဖစ္ၿပီး လာမည့္ ၁၀ ႏွစ္တြင္ က်ပ္ဘီလီယံ ေလးေထာင္ခန္႔ျဖင့္ လည္ပတ္ေနမည္ျဖစ္ေၾကာင္းသိရသည္။

ဧၿပီႏွင့္ ေမလအတြင္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ခုနစ္ခုရွိ လူတန္းစားအလႊာမ်ိဳးစံုမွ လူတစ္ေထာင္ခန္႔ ကို IKBZ အာမခံကုမၸဏီက စစ္တမ္းေကာက္ယူၿပီး ယခုကဲ့သုိ႔ ထုတ္ျပန္ ခဲ့ျခင္းျဖစ္သည္။

အာမခံေစ်းကြက္ထိုးေဖာက္ ၀င္ေရာက္ႏိုင္စြမ္းလည္း ဂ်ီဒီပီ၏ ၀ ဒသမ ၁ ရာခိုင္ႏႈန္းေအာက္သာရွိေသးေၾကာင္း၊ လက္ရွိ၌ ျမန္မာႏိုင္ငံတြင္ အာမခံထားရွိသူ ႏွစ္သန္းခန္႔သာ ရွိေသးေၾကာင္းထုတ္ျပန္ခ်က္အရ သိရသည္။

IKBZ အာမခံ ကုမၸဏီလက္ေထာက္မန္ေနဂ်င္း ဒါ႐ိုက္တာ Mr. Anil Manchan က ေျပာထားရာတြင္ ‘‘ေလ့လာေတြ ့ရွိခ်က္မ်ား အရ အာမခံလုပ္ငန္းမ်ားနဲ႔ ပတ္သက္ၿပီး ပညာေပး ေဆာင္ရြက္ခ်က္မ်ား ပိုမိုလိုအပ္ေနပါတယ္။ စစ္တမ္းေျဖဆိုသူေတြကို အသက္နဲ႔ က်န္းမာေရးအာမခံ အေရးပါမႈအသံုး၀င္ပံုရွင္းျပၿပီးေနာက္မွာ ေျဖဆိုသူ ၆၃ ရာခိုင္ႏႈန္းခန္႔က စိတ္၀င္စားလာတာလည္း ေတြ႕ရပါတယ္’’ဟုဆိုသည္။

အာမခံလုပ္ငန္းသေဘာတရားႏွင့္ မူ၀ါဒ ကို စစ္တမ္းေျဖဆိုသူ ၁,၀၀၀ အနက္ ၁၇ ရာခိုင္ႏႈန္းက သိရွိ နားလည္သည္ဟု ေျဖဆိုၿပီး သံုးဦးအနက္ တစ္ဦးသည္ အာမခံထားရွိေရး ေဆာင္ရြက္ရျခင္းသည္ အလြန္႐ႈပ္ေထြးေၾကာင္း ျပန္လည္ေျဖဆိုသည္။

ခန္႔မွန္းထားသည့္အတိုင္း အာမခံလုပ္ငန္းသည္ လာမည့္ ၁၀ ႏွစ္အတြင္း ေစ်းကြက္ ၅ ရာခိုင္ ႏႈန္းခန္႔ တိုးတက္လာပါက ၀န္ေဆာင္မႈ လုပ္ကိုင္ေနသူမ်ားအတြက္ ႀကီးမားေသာ စိန္ေခၚမႈမ်ား ႀကံဳေတြ႕ရမည္ျဖစ္ေသာ္လည္း ျမန္မာႏိုင္ငံ၏ ၀န္ေဆာင္မႈလုပ္ငန္းသည္ ၂၀ ရာခိုင္ႏႈန္း တုိးတက္လာမည္ဟုေျပာထားသည္။

စစ္တမ္းရည္ရြယ္ခ်က္သည္္ အာမခံလုပ္ငန္းအေပၚ သိရွိနားလည္မႈႏွင့္တုံ႔ျပန္မႈကို အေျခခံထားၿပီး ၿမိဳ႕ျပေနထိုင္သူ ၇၀ ရာခိုင္ ႏႈန္းႏွင့္ ေက်းလက္ေနထိုင္သူ ၃၀ ရာခိုင္ႏႈန္းကို ေကာက္ယူခဲ့ျခင္းျဖစ္သည္။

ကေမၻာဇ ကုမၸဏီလုပ္ငန္းစု၏ လုပ္ငန္းခြဲျဖစ္သည့္ IKBZ အာမခံကုမၸဏီကို ၂၀၁၃ တြင္ စတင္ထူ ေထာင္ခဲ့ၿပီးလက္ရွိတြင္ ရုံးခြဲေပါင္း ၂၀ ေက်ာ္ဖြင့္ထားၿပီးျဖစ္သည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံ၏ အာမခံဈေးကွက်နှင့်ပတ်သက်ပြီး IKBZ အာမခံကုမ္ပဏီက ခန့်မှန်းမှုတွင် အာမခံဈေးကွက်သည် တစ်နှစ်အတွင်း ကျပ်ဘီလီယံနှစ်ထောင်ခန့်ဖြင့် လည်ပတ်နေမည်ဖြစ်ပြီး လာမည့် ၁၀ နှစ်တွင် ကျပ်ဘီလီယံ လေးထောင်ခန့်ဖြင့် လည်ပတ်နေမည်ဖြစ်ကြောင်းသိရသည်။

ဧပြီနှင့် မေလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုရှိ လူတန်းစားအလွှာမျိုးစုံမှ လူတစ်ထောင်ခန့် ကို IKBZ အာမခံကုမ္ပဏီက စစ်တမ်းကောက်ယူပြီး ယခုကဲ့သို့ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

အာမခံဈေးကွက်ထိုးဖောက် ဝင်ရောက်နိုင်စွမ်းလည်း ဂျီဒီပီ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းအောက်သာရှိသေးကြောင်း၊ လက်ရှိ၌ မြန်မာနိုင်ငံတွင် အာမခံထားရှိသူ နှစ်သန်းခန့်သာ ရှိသေးကြောင်းထုတ်ပြန်ချက်အရ သိရသည်။

IKBZ အာမခံ ကုမ္ပဏီလက်ထောက်မန်နေဂျင်း ဒါရိုက်တာ Mr. Anil Manchan က ပြောထားရာတွင် ‘‘လေ့လာတွေ့ရှိချက်များ အရ အာမခံလုပ်ငန်းများနဲ့ ပတ်သက်ပြီး ပညာပေး ဆောင်ရွက်ချက်များ ပိုမိုလိုအပ်နေပါတယ်။ စစ်တမ်းဖြေဆိုသူတွေကို အသက်နဲ့ ကျန်းမာရေးအာမခံ အရေးပါမှုအသုံးဝင်ပုံရှင်းပြပြီးနောက်မှာ ဖြေဆိုသူ ၆၃ ရာခိုင်နှုန်းခန့်က စိတ်ဝင်စားလာတာလည်း တွေ့ရပါတယ်’’ဟုဆိုသည်။

အာမခံလုပ်ငန်းသဘောတရားနှင့် မူဝါဒ ကို စစ်တမ်းဖြေဆိုသူ ၁,၀၀၀ အနက် ၁၇ ရာခိုင်နှုန်းက သိရှိ နားလည်သည်ဟု ဖြေဆိုပြီး သုံးဦးအနက် တစ်ဦးသည် အာမခံထားရှိရေး ဆောင်ရွက်ရခြင်းသည် အလွန်ရှုပ်ထွေးကြောင်း ပြန်လည်ဖြေဆိုသည်။

ခန့်မှန်းထားသည့်အတိုင်း အာမခံလုပ်ငန်းသည် လာမည့် ၁၀ နှစ်အတွင်း ဈေးကွက် ၅ ရာခိုင် နှုန်းခန့် တိုးတက်လာပါက ဝန်ဆောင်မှု လုပ်ကိုင်နေသူများအတွက် ကြီးမားသော စိန်ခေါ်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀ ရာခိုင်နှုန်း တိုးတက်လာမည်ဟုပြောထားသည်။

စစ်တမ်းရည်ရွယ်ချက်သည် အာမခံလုပ်ငန်းအပေါ် သိရှိနားလည်မှုနှင့်တုံ့ပြန်မှုကို အခြေခံထားပြီး မြို့ပြနေထိုင်သူ ၇၀ ရာခိုင် နှုန်းနှင့် ကျေးလက်နေထိုင်သူ ၃၀ ရာခိုင်နှုန်းကို ကောက်ယူခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဇ ကုမ္ပဏီလုပ်ငန်းစု၏ လုပ်ငန်းခွဲဖြစ်သည့် IKBZ အာမခံကုမ္ပဏီကို ၂၀၁၃ တွင် စတင်ထူ ထောင်ခဲ့ပြီးလက်ရှိတွင် ရုံးခွဲပေါင်း ၂၀ ကျော်ဖွင့်ထားပြီးဖြစ်သည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service