အမည္ေပါက္မဟုတ္တဲ့ အိမ္ၿခံေျမ ၀ယ္မယ္ဆုိရင္ - Property Knowledge in Myanmar from iMyanmarHouse.com
6172 Views

အမည္ေပါက္မဟုတ္တဲ့ အိမ္ၿခံေျမ ၀ယ္မယ္ဆုိရင္

Knowledge | Posted by Aye Myat Thu

### Zawgyi Version ###

အမည္ေပါက္မဟုတ္တဲ့ အိမ္ၿခံေျမ၀ယ္ယူတဲ့ အခါမွာ ေရာင္းမွား၊ ၀ယ္မွား မျဖစ္ေအာင္ ၀ယ္သူအေနနဲ႔ အလိမ္မခံရေအာင္ ေငြေခ်တာကအစ သတိျပဳသင့္ပါတယ္။

ကိုယ္၀ယ္ယူမယ့္ ေျမ၊ တိုက္ခန္းတို႔ရဲ႕ စာရြက္စာတမ္း၊ ပို္င္ဆုိင္မႈ စစ္ေဆးၿပီးတာနဲ႔ ၀ယ္ယူဖုိ႔ ေစ်းညွိႏႈိင္းၾကပါတယ္။ စာရြက္စာတမ္း၊ ပိုင္ဆုိင္မႈစစ္ေဆးတဲ့အခါမွာ မွန္ကန္တယ္ဆုိေပမယ့္ တခ်ိဳ႕က အေမြဆုိင္နဲ႔ အတုျဖစ္ေနတာမ်ိဳးေတြ ရွိေနတာေၾကာင့္ ေငြကို အမ်ားႀကီးေပးေခ်လိုက္တာ၊ ေငြအေက် ေခ်လိုက္တာမ်ိဳး မျပဳလုပ္သင့္ပါဘူးလို႔ အက်ိဳးေဆာင္ ေရွ႕ေနတခ်ိဳ႕က ေျပာပါတယ္။

စရန္စာခ်ဳပ္မွာ စရန္ေငြကို တစ္၀က္ပဲ ေပးသင့္တယ္။ စၿပီးေငြေပးေခ်တဲ့ အခ်ိန္ကေန ေရာင္းတဲ့သူက ေျမကြက္အမည္ေပါက္ဖုိ႔ အတြက္ လုပ္ေဆာင္ရမွာပါ။ ေရာင္းသူနဲ႔ အမည္ရရွိၿပီးတာနဲ႔ က်န္တဲ့ေငြတ၀က္ကုိ ၀ယ္သူက ထပ္ၿပီးေပးေဆာင္ရမယ္။ ေရာင္းသူကအေရာင္းအ၀ယ္ ျပဳလုပ္နုိင္ဖို႔ ေျမပံု၊ ေျမရာဇ၀င္ရရွိေရးကို လုပ္ေဆာင္ရမွာ ျဖစ္တယ္။ အေရာင္းအ၀ယ္ ျပဳလုပ္ဖို႔ ေျမပံုနဲ႔ ေျမရာဇ၀င္ရရွိတာနဲ႔ ၀ယ္သူက ေငြအားလံုး ေပးေခ်လို႔ ရပါၿပီ။

ေငြေပးေခ်တဲ့ ေန႔မွာပဲ ေရာင္းသူက၀ယ္သူအတြက္ မွတ္ပံုတင္စာခ်ဳပ္ႀကီး ျပဳလုပ္ခ်ဳပ္ဆုိေပးရမွာပါ။ ၿပီးတာနဲ႔ ၀ယ္သူလက္ထဲကို ေျမ၊ အိမ္နဲ႔သက္ဆုိင္တဲ့ စာရြက္စာတမ္းအကုန္ ေပးအပ္ရမွာ ျဖစ္ပါတယ္။ သည္လုိ ျပဳလုပ္ရမယ့္ အဆင့္ဆင့္ကို စရန္စာခ်ဳပ္ခ်ဳပ္ဆုိ ကတည္းက စာခ်ဳပ္အတြင္းမွာ တစ္ခါတည္းေရးသားၿပီး ခ်ဳပ္ဆုိမွသာ ႏွစ္ဦးနွစ္ဖက္စလံုးအတြက္ အျငင္းပြားစရာမလုိဘဲ အဆင္ေျပတဲ့ နည္းတခုပါလုိ႔ သိရပါတယ္။

တခ်ိဳ႕က အခုလို ပံုစံမ်ိဳးမဟုတ္ဘဲ ေငြေပးေခ်ၾကတာေၾကာင့္ အေမြဆုိင္ျဖစ္ေနတာမ်ိဳး၊ စာရြက္စာတမ္းအတု ျဖစ္ေနတာမ်ိဳးေတြ ၾကံဳေတြ႔ရနုိင္ပါတယ္။ သည္ေနာက္ပိုင္း ၀ယ္သူေတြက နုိင္ငံပိုင္သတင္းစာေတြကေန စရန္ေငြေပးၿပီးတာနဲ႔ ကန္႔ကြက္နုိင္ေၾကာင္း ထည့္သြင္းေၾကာ္ျငာတယ္လို႔ သိရပါတယ္။

 

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: Aye Mon (MD)

 

### Unicode Version ###

 

အမည်ပေါက်မဟုတ်တဲ့ အိမ်ခြံမြေဝယ်ယူတဲ့ အခါမှာ ရောင်းမှား၊ ဝယ်မှား မဖြစ်အောင် ဝယ်သူအနေနဲ့ အလိမ်မခံရအောင် ငွေချေတာကအစ သတိပြုသင့်ပါတယ်။

ကိုယ်ဝယ်ယူမယ့် မြေ၊ တိုက်ခန်းတို့ရဲ့ စာရွက်စာတမ်း၊ ပိုင်ဆိုင်မှု စစ်ဆေးပြီးတာနဲ့ ဝယ်ယူဖို့ ဈေးညှိနှိုင်းကြပါတယ်။ စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုစစ်ဆေးတဲ့အခါမှာ မှန်ကန်တယ်ဆိုပေမယ့် တချို့က အမွေဆိုင်နဲ့ အတုဖြစ်နေတာမျိုးတွေ ရှိနေတာကြောင့် ငွေကို အများကြီးပေးချေလိုက်တာ၊ ငွေအကျေ ချေလိုက်တာမျိုး မပြုလုပ်သင့်ပါဘူးလို့ အကျိုးဆောင် ရှေ့နေတချို့က ပြောပါတယ်။

စရန်စာချုပ်မှာ စရန်ငွေကို တစ်ဝက်ပဲ ပေးသင့်တယ်။ စပြီးငွေပေးချေတဲ့ အချိန်ကနေ ရောင်းတဲ့သူက မြေကွက်အမည်ပေါက်ဖို့ အတွက် လုပ်ဆောင်ရမှာပါ။ ရောင်းသူနဲ့ အမည်ရရှိပြီးတာနဲ့ ကျန်တဲ့ငွေတဝက်ကို ဝယ်သူက ထပ်ပြီးပေးဆောင်ရမယ်။ ရောင်းသူကအရောင်းအဝယ် ပြုလုပ်နိုင်ဖို့ မြေပုံ၊ မြေရာဇဝင်ရရှိရေးကို လုပ်ဆောင်ရမှာ ဖြစ်တယ်။ အရောင်းအဝယ် ပြုလုပ်ဖို့ မြေပုံနဲ့ မြေရာဇဝင်ရရှိတာနဲ့ ဝယ်သူက ငွေအားလုံး ပေးချေလို့ ရပါပြီ။

ငွေပေးချေတဲ့ နေ့မှာပဲ ရောင်းသူကဝယ်သူအတွက် မှတ်ပုံတင်စာချုပ်ကြီး ပြုလုပ်ချုပ်ဆိုပေးရမှာပါ။ ပြီးတာနဲ့ ဝယ်သူလက်ထဲကို မြေ၊ အိမ်နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းအကုန် ပေးအပ်ရမှာ ဖြစ်ပါတယ်။ သည်လို ပြုလုပ်ရမယ့် အဆင့်ဆင့်ကို စရန်စာချုပ်ချုပ်ဆို ကတည်းက စာချုပ်အတွင်းမှာ တစ်ခါတည်းရေးသားပြီး ချုပ်ဆိုမှသာ နှစ်ဦးနှစ်ဖက်စလုံးအတွက် အငြင်းပွားစရာမလိုဘဲ အဆင်ပြေတဲ့ နည်းတခုပါလို့ သိရပါတယ်။

တချို့က အခုလို ပုံစံမျိုးမဟုတ်ဘဲ ငွေပေးချေကြတာကြောင့် အမွေဆိုင်ဖြစ်နေတာမျိုး၊ စာရွက်စာတမ်းအတု ဖြစ်နေတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ သည်နောက်ပိုင်း ဝယ်သူတွေက နိုင်ငံပိုင်သတင်းစာတွေကနေ စရန်ငွေပေးပြီးတာနဲ့ ကန့်ကွက်နိုင်ကြောင်း ထည့်သွင်းကြော်ငြာတယ်လို့ သိရပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: Aye Mon (MD)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service