မြန်မာပြည်သူပြည်သားများ အိမ်ပိုင်ဆိုင်မှု မြင့်တက်ရန် YOMA Land နှင့် iMyanmarHouse.com တို့ပူးပေါင်း၍ တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲ အောင်မြင်စွာကျင်းပ - Property News in Myanmar from iMyanmarHouse.com
1172 Views
မြန်မာပြည်သူပြည်သားများ အိမ်ပိုင်ဆိုင်မှု မြင့်တက်ရန် YOMA Land နှင့် iMyanmarHouse.com တို့ပူးပေါင်း၍ တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲ အောင်မြင်စွာကျင်းပ
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ Yoma Land မှတည်ဆောက်နေသော City Loft တန်ဖိုးသင့်အိမ်ရာ အရောင်းပြပွဲကြီးကို ၂ဝ၁၉ ခုနှစ် ၊ ဇူလိုင်လ (၁၃) နှင့် (၁၄) ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင်၊ နံနက် (၉) နာရီ မှ ညနေ (၅)နာရီ အထိ အဆိုပါစီမံကိန်းတည်ရှိရာ ရန်ကုန်မြို့ ၊ သံလျင်အမှတ် (၁) တံတားအဆင်း Star City အိမ်ရာဝင်းအတွင်းရှိ Sales Gallery တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
ပြပွဲအတွင်းတွင် ဝယ်ယူသူများအဆင်ပြေစေရန်အတွက် Home Loan ဖြင့်လည်းကောင်း ၊ အတိုးမဲ့အရစ်ကျ ပေးချေစနစ်များဖြင့်လည်းကောင်း ရောင်းချခဲ့သည့်အပြင် ပထမဆုံးဝယ်ယူသူ ( ၁၀ ) ဦးကို iPad mini ၊ Beko Coffee maker နှင့် Bean bags စသည့် လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
City Loft အိမ်ရာစီမံကိန်းတွင် Tower (၁၁) လုံး တည်ဆောက်လျှက်ရှိပြီး အခန်းပေါင်း ( ၁၃၅၁ ) ခန်း ပါဝင်ပါမည်။ အခန်းအမျိုးအစားများအနေဖြင့် Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အခန်းအကျယ်အဝန်း 312 sqft မှ 958 sqft အထိ ရွေးချယ်နိုင်မည်ဖြစ်သည်။ အခန်းတန်ဖိုးများမှာ ကျပ်ငွေ သိန်း(၄၀၀) ကျော်မှ (၁၄၀၀) ကျော်အထိဖြစ်ပြီး အခန်းအမျိုးအစားပေါ်မူတည်၍ လစဉ်အနည်းဆုံး (၅)သိန်းဝန်းကျင် ပေးသွင်းရုံဖြင့် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အိမ်ရာဝန်းအတွင်း Facilities များအနေဖြင့် ဂေါက်ကွင်း ၊ ရေကူးကန် ၊ ကလေးကစားကွင်း ၊ အားကစားခန်းမ ၊ ပန်းခြံစသဖြင့် ပြည့်စုံစွာပါဝင်မည့်အပြင် ပန်းလှိုင်ဆေးခန်း ၊ သွားဘက်ဆိုင်ရာ ဆေးခန်း ၊ Spa and Body Massage ၊ အလှပြင်ဆိုင် ၊ ကော်ဖီဆိုင် နှင့် အခြားစားသောက်ဆိုင်များ ၊ Wet Market ၊ စူပါမားကတ် ၊ ၂၄ နာရီ စတိုးဆိုင် ၊ ဘဏ် နှင့် ATM များ ၊ Dulwich International School နှင့် ဘတ်(စ်)ကားဂိတ်တို့ ပါရှိကြောင်း သိရသည်။
“ City Loft အိမ်ရာစီမံကိန်းကို ရန်ကုန်မှာနာမည်ကြီးအိမ်ရာတွေဖြစ်တဲ့ FMI အိမ်ရာ တို့ Pun Hlaing အိမ်ရာတို့ကို တည်ဆောက်ထားတဲ့ YOMA Land မှတည်ဆောက်နေတာဖြစ်လို့ စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးကြပါ။ ဈေးနှုန်းအားဖြင့် သိန်း ၄၀၀ ကျော်မှ စတင်တာဖြစ်ပြီး ငွေပေးချေမှုကို သက်တောင့်သက်သာဖြစ်စေမဲ့ ပုံစံမျိုးဖြင့် စီစဉ်ရောင်းချပေးနေပါတယ်။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
" ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ အခုလို Yoma Land နဲ့ ပူးပေါင်းပြီး မြန်မာပြည်သူပြည်သားများ အိမ်ပိုင်ဆိုင်မှု မြင့်တက်ရန် ဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း များစွာ ဂုဏ်ယူမိပါတယ်။ ယခု ဇူလိုင်လကုန်မှာလည်း စင်္ကာပူရောက် မြန်မာများအတွက် သွားရောက်ရောင်းချပေးဦးမှာပါ။ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက် ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service