စက္မႈဇုန္အျဖစ္ ေျခဥေရးဆြဲခဲ့သည့္ ေညာင္ႏွစ္ပင္စခန္းကို ၂၀၂၀ ႏွစ္ဆန္းတြင္ စတင္မည္ - Property News in Myanmar from iMyanmarHouse.com
1467 Views

စက္မႈဇုန္အျဖစ္ ေျခဥေရးဆြဲခဲ့သည့္ ေညာင္ႏွစ္ပင္စခန္းကို ၂၀၂၀ ႏွစ္ဆန္းတြင္ စတင္မည္

### Zawgyi Version ###

ကိုရီးယား LH ေကာ္ပိုေရးရွင္းက ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒေရးဆြဲသည့္ ေညာင္ႏွစ္ပင္စခန္းကို ၂၀၂၀ ႏွစ္ဆန္းတြင္ စက္မႈဇုန္ အျဖစ္ ေျပာင္းလဲတည္ေဆာက္ရန္ပထမအဆင့္ကို စတင္မည္ျဖစ္ေၾကာင္း ေျပာထားသည္။

၂၀၁၉ ေဖေဖာ္ဝါရီတြင္ ကိုရီးယားစက္မႈဇုန္ထူေထာင္ေရး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က LH ေကာ္ပိုေရးရွင္းကို ခြင့္ျပဳမိန္႔ေပးခဲ့ၿပီး ေညာင္ႏွစ္ပင္စခန္းေျမ ဧက ၅၅၀ တြင္ ပထမအဆင့္အျဖစ္ ေျမဧက ၃၀၀ တြင္ စတင္မည္ဟု အဆိုပါေကာ္ပိုေရးရွင္းက ဆိုသည္။

ျမန္မာႏိုင္ငံဘက္မွ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိုးအိမ္ဖြံ႕ၿဖိဳးေရးဦးစီးဌာနႏွင့္ ကိုရီးယား အစိုးရပိုင္LH ေကာ္ပိုေရးရွင္းတို႔ ပူးေပါင္းေဆာင္ရြက္မည္ျဖစ္သည္။ LH ေကာ္ပိုေရးရွင္း ရန္ကုန္႐ံုးခြဲမွ တာဝန္ရွိသူတစ္ဦးက JVA လို႔ေခၚသည့္ အက်ိဳးတူပူးေပါင္းမႈသေဘာတူညီမႈကို စတင္မည္ျဖစ္ၿပီး ၂၀၂၀ ႏွစ္ဆန္းတြင္ ေျမျပင္လုပ္ငန္းမ်ား စတင္မည္ျဖစ္ေၾကာင္း ေျပာထားသည္။ ေညာင္ႏွစ္ပင္ၿမိဳ႕ျပစီမံကိန္းသည္ အေမရိကန္ေဒၚလာတစ္ဘီလီယံ တန္ဖိုးရွိၿပီး ျမန္မာႏိုင္ငံက ရွယ္ယာ ၄၀ ရာခိုင္ႏႈန္း၊ ကိုရီးယားအစိုးရက ၆၀ ရာခိုင္ႏႈန္းပိုင္ဆိုင္မည္ျဖစ္ေၾကာင္းသိရသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီးက အေကာင္အထည္ေဖာ္မည့္ စီမံကိန္းမ်ား၌ စက္မႈလုပ္ငန္း ဧရိယာ၊ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးစင္တာ၊ သင္တန္းေက်ာင္း၊ အိမ္ရာႏွင့္စီးပြားေရးဆိုင္ရာ အေဆာက္အအံုမ်ားပါဝင္မည္ျဖစ္ေၾကာင္းေျပာထားသည္။

ေျမဧက ၆၀၀ ေပၚတြင္ အဆိုပါစီမံကိန္းအေကာင္အထည္ေဖာ္ရန္ ကိုရီးယားဘက္က စီစဥ္ျခင္းျဖစ္ေသာ္လည္း ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒေရးဆြဲရန္ အမ်ိဳးသားညီလာခံက်င္းပခဲ့သည့္ သမိုင္းဝင္အေဆာက္အအံုအပါအဝင္ေျမဧက ၃၀ ေက်ာ္ကို အစိုးရထံ ျပန္လည္ေပးအပ္ရ၍ ဧက ၅၅၀ ေက်ာ္သာ ျပဳလုပ္ခြင့္ရခဲ့ ေၾကာင္း LH ကထုတ္ျပန္ထားၿပီး ကိုရီးယား-ျမန္မာ ၿမိဳ႕ျပစက္မႈဇုန္စီမံကိန္း (KMIC) အေကာင္အထည္ေဖာ္ရန္ ၂၀၁၇ ဇြန္လ ၁၆ ရက္ တြင္ ကိုရီးယားႏိုင္ငံဂ်ယ္ဂ်ဴးကြၽန္း၌ ႏွစ္ႏုိင္ငံလက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ကိုရီးယား LH ကော်ပိုရေးရှင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် ညောင်နှစ်ပင်စခန်းကို ၂၀၂၀ နှစ်ဆန်းတွင် စက်မှုဇုန်အဖြစ် ပြောင်းလဲတည်ဆောက်ရန်ပထမအဆင့်ကို စတင်မည်ဖြစ်ကြောင်း ပြောထားသည်။

၂၀၁၉ ဖေဖော်ဝါရီတွင် ကိုရီးယားစက်မှုဇုန်ထူထောင်ရေး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က LH ကော်ပိုရေးရှင်းကို ခွင့်ပြုမိန့်ပေးခဲ့ပြီး ညောင်နှစ်ပင်စခန်းမြေ ဧက ၅၅၀ တွင် ပထမအဆင့်အဖြစ် မြေဧက ၃၀၀ တွင် စတင်မည်ဟု အဆိုပါကော်ပိုရေးရှင်းက ဆိုသည်။

မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကိုရီးယား အစိုးရပိုင်LH ကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ LH ကော်ပိုရေးရှင်း ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တစ်ဦးက JVA လို့ခေါ်သည့် အကျိုးတူပူးပေါင်းမှုသဘောတူညီမှုကို စတင်မည်ဖြစ်ပြီး ၂၀၂၀ နှစ်ဆန်းတွင် မြေပြင်လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ပြောထားသည်။ ညောင်နှစ်ပင်မြို့ပြစီမံကိန်းသည် အမေရိကန်ဒေါ်လာတစ်ဘီလီယံ တန်ဖိုးရှိပြီး မြန်မာနိုင်ငံက ရှယ်ယာ ၄၀ ရာခိုင်နှုန်း၊ ကိုရီးယားအစိုးရက ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်း ဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့်စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်းပြောထားသည်။

မြေဧက ၆၀၀ ပေါ်တွင် အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရန် ကိုရီးယားဘက်က စီစဉ်ခြင်းဖြစ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် သမိုင်းဝင်အဆောက် အအုံအပါအဝင်မြေဧက ၃၀ ကျော်ကို အစိုးရထံ ပြန်လည်ပေးအပ်ရ၍ ဧက ၅၅၀ ကျော်သာ ပြုလုပ်ခွင့်ရခဲ့ ကြောင်း LH ကထုတ်ပြန်ထားပြီး ကိုရီးယား-မြန်မာ မြို့ပြစက်မှုဇုန်စီမံကိန်း (KMIC) အကောင်အထည်ဖော်ရန် ၂၀၁၇ ဇွန်လ ၁၆ ရက် တွင် ကိုရီးယားနိုင်ငံဂျယ်ဂျူးကျွန်း၌ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service