နယ္ျမိဳ႕က ဂရန္ေျမကိုဝယ္တဲ့အခါ ဂရုစိုက္ျပီးဝယ္ၾကပါ - Property Knowledge in Myanmar from iMyanmarHouse.com
5556 Views

နယ္ျမိဳ႕က ဂရန္ေျမကိုဝယ္တဲ့အခါ ဂရုစိုက္ျပီးဝယ္ၾကပါ

Knowledge | Posted by Aye Myat Thu

### Zawgyi Version ###

တစ္ခါတစ္ရံမွာ လူေတာ္ေတာ္မ်ားမ်ားၾကံဳဘူးပါလိမ့္မယ္ ။အလုပ္မ်ားပါတယ္ဆိုမွ တိုက္တိုက္ဆိုင္ဆိုင္အဲဒီေန႕ေရာက္မွ အလုပ္ေတြက စုျပံဳက်လာတာမ်ိဳးေပါ့။ ဒါမ်ိဳးကလည္း ဘယ္သူမွဒီေန႕ေရာက္ရင္ အလုပ္ေတြအားလံုးတျပိဳင္နက္စုျပံဳခ်ိန္းလိုက္ျပီး တထိုင္တည္းနဲ႕ ရွင္းလိုက္မယ္လို႕ဆံုးျဖတ္ၾကသူမ်ိဳးရွိမယ္မထင္ပါဘူး။အေၾကာင္းတိုက္ဆိုင္လာေတာ့လည္း အဲဒီေန႕ေရာက္မွဘဲ လုပ္ငန္းအပ္နွံထားတဲ့သူေတြကလည္း အတင္းလိုခ်င္တာနဲ႕ ၾကံဳရတက္တယ္။ အသစ္ေပၚလာသူတစ္ဦးကလည္း အဲဒီေန႕ဘဲအလုပ္လုပ္ခ်င္တယ္ဆိုျပီး တိုက္ဆိုင္တတ္တာမ်ိဳးေတြ ရွိတတ္ျပန္တယ္။

တစ္ခါတစ္ခါၾကံဳရတဲ့ ရက္ရာဇာ

ျပီးခဲ့တဲ့ ရက္ကကၽြန္ေတာ္မွာလည္း အဲဒီလိုၾကံဳခဲ့တယ္။ ရန္ကုန္က မိတ္ေဆြေတြကလည္း အဲဒီရက္မွာစာခ်ဳပ္ခ်င္တယ္ဆိုတာနဲ႕ အခ်ိန္ (၁) နာရီခြဲခန္႕ေျပာင္းျပီး စာခ်ဳပ္ေပးခဲ့ရတယ္။ဒီၾကားထဲ ပဲခူးတိုင္းေဒသၾကီး ၊ ၾကိဳပင္ေကာက္ျမိဳ႕က သူေဌးၾကီး တစ္ဦးကလည္း ျခံကြက္တစ္ကြက္ဝယ္စရာရွိလို႕ခဏေလာက္ လာေပးပါေျပာလို႕ အခက္ၾကံဳခဲ့ရတယ္။ အဲဒါနဲ႕ ရုံးဖြင့္ရက္တစ္ရက္ရက္မွာ လာခဲ့ပါရေစလို႕ေမတၱာရပ္ခံရတယ္သူကိုယ္တိုင္ကလည္း ၾကီးမာတဲ့ကုမၸဏီလုပ္ငန္းေတြနဲ႕ မအားလပ္တာမို႕ ရက္ေတြ ေရြ႕မေနႏိုင္ေတာ့ပါဘူး။တနလၤာေန႕လာေပးပါ ဆိုလို႕တနလၤာေန႕မနက္မွာ ရန္ကုန္က သူရဲ႕ ညီေတာ္ေမာင္ ကားနဲ႕ၾကိဳပင္ေကာက္ကိုခရီးနွင္ခဲ့ရတယ္။ ကၽြန္ႏ္ုပ္တို႕ေရာက္သြားတဲ့အခ်ိန္မွာ ၁၁း၃၀ နာရီထိုးေတာ့ ထမင္းစားခ်ိန္ေရာက္ေနျပီေလ။

အလုပ္လုပ္ဖို႕က ပထမ ျပီးေတာ့မွ ထမင္းစားၾကမွာ

ဒါနဲ႕ ေန႕လည္စာထမင္းစားရရင္ေကာင္းမွာဘဲ လို႕စဥ္းစားေနဆဲမွာဘဲ ေရာင္းမယ့္သူေတြက ခ်ိန္းထားတဲ့အတြက္ သူေဌးရဲ႕ ကုမၸဏီကို ေရာက္လာၾကတယ္ ။ဒါဆိုရင္လည္း ေျမပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္းေတြအရင္ ၾကည့္လိုက္တာေကာင္းမယ္ဆိုျပီး ေရာင္းမယ့္သူဆီက ေတာင္းယူၾကည့္လိုက္ပါတယ္။

အေခၚအေဝၚေတြ ေျပာင္းတတ္တဲ့ ေျမစာရင္းပံုစံ ၁၀၅/၁၀၆

ဂရန္လို႕ေခၚတဲ့ ေျမငွါးစာခ်ဳပ္ကို ၾကည့္လိုက္တဲ့အခါ အနွစ္ (၃၀) အငွါးခ်ထားတဲ့ ဂရန္ေျမပါ။ ဂရန္မွာ ေျမပံု ေျမရာဇဝင္ ပူးတြဲထားတာမေတြ႕ရပါဘူး။ေနာက္မွသတိရတယ္။ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကထုတ္ေပးတဲ့။ ဂရန္နဲ႕ တိုင္းနဲ႕ျပည္နယ္ဂရန္ေတြပူးတြဲ တယ္ေလ။ ရန္ကုန္မွာေျမပံုလိုေခၚေပမယ္ နယ္ျမိဳ႕ေတြမွာက်ေတာ့ ေျမစာရင္းပံုစံ ၁၀၅ (ဦးပိုင္ေျမပံု) လို႕ေခၚၾကတယ္။ ရန္ကုန္မွာ ေျမရာဇဝင္လို႕ေခၚတာကို နယ္ျမိဳ႕ေတြမွာက်ေတာ့ ေျမစာရင္းပံုစံ ၁၀၆ (ဦးပိုင္တစ္စု၏ရာဇဝင္)လို႕ေခၚတာေတြ႕ရတယ္။အေခၚအေဝၚသာ ေျပာင္းတာပါအတူတူပါဘဲ။

အဲဒီပံုစံ - ၁၀၅ ၊ ပံုစံ - ၁၀၆ ကိုသိခ်င္ရင္ အေၾကာင္းအရာတစ္ခုခုကို သီးသန္႕တင္ျပေလွ်ာက္ထားရတယ္လို႕ဆိုပါတယ္။ ဥပမာ-ေမတၱာျဖင့္အပိုင္ေပးစာခ်ဳပ္ရန္ စြန္႔လႊတ္စာခ်ဳပ္ရန္ ပုိင္ဆိုင္ေၾကာင္းစာခ်ဳပ္ခ်ဳပ္ရန္ စသျဖင့္ေပါ့ အခုကေတာ့ အေရာင္းအဝယ္စာခ်ဳပ္ရန္ေလွ်ာက္ရမွာေပါ့။အဲဒီလို ဂရန္မွာပူးတြဲမပါေပမယ့္ ၊ ေရာင္းသူအရင္ဝယ္ခဲ့တဲ့စာခ်ဳပ္မွာေတာ့ပါရမယ္လို႕စဥ္းစားျပီး ပံုစံ-၁၀၆ ျပပါဦးဆိုေတာ့မွ ေျမပံုေျမရာဇဝင္ကိုထုတ္ခဲ့တယ္။

ၾကည့္လိုက္ေတာ့ ပံုစံ-၁၀၅ မွာ ေျမပံုအတိအက်ဆြဲထားတယ္။ အခုအေရာင္းအဝယ္ျပဳလုပ္မယ့္ေနရာက ရန္ကုန္-ျပည္လမ္းမၾကီးေဘးကပ္လ်က္ေျမကြက္ျဖစ္ေနတယ္။ရန္ကုန္ကလာတယ္ဆိုရင္ေတာ့ ၾကိဳးပင္ေကာက္ျမိဳ႕အဝင္ေပါ့ ဝယ္မယ့္ေျမကြက္ တစ္ဖက္တစ္ခ်က္မွာ စက္သံုးဆီဆိုင္ၾကီးနဲ႕ စားေသာက္ဆိုင္ေတြရွိေနတယ္ ၊ လမ္းမၾကီးဆိုေတာ့ ေရာင္းသူေခၚေဈးကို ေပးျပီးဝယ္တဲ့သေဘာပါဘဲ ျမိဳ႕တြင္းေဈးနဲ႕အျပိဳင္ျဖစ္ေနတယ္ ။ေျမအက်ယ္က (50 ‘x 80’) ေလာက္ဘဲရွိပါတယ္။

ပိုင္ဆိုင္ေၾကာင္းက်မ္းကိ်န္နဲ႕ေရာင္းလို႕ရတဲ့ေျမ

စာခ်ဳပ္အဆက္အစပ္ေတြၾကည့္ရတာ အရင္တုန္းကေတာ့ ရြာေျမအမ်ိဳးအစားပါဘဲ။ အဲဒီေျမကို အခုေရာင္းမယ့္သူက ျပန္ဝယ္ထားတဲ့ စာခ်ဳပ္ေတြေတြ႕ရတယ္။အဲဒီစာခ်ဳပ္မွာပါတဲ့ ေျမရာဇဝင္ကို ေလ့လာၾကည့္ေတာ့ မူလအမည္ေပါက္က ဖခင္အမည္ေပါက္ေျမပါ။ ဖခင္ကြယ္လြန္ေတာ့ တစ္ဦးတည္းေသာသမီးျဖစ္သူက ၊ တရားရုံးက်မ္းက်ိန္လႊာလုပ္ျပီး မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္နဲ႔ျပန္ေရာင္းထားတာကို ေတြ႕ရပါတယ္။

ရန္ကုန္နဲ႕မတူတဲ့နယ္ျမိဳ႕က က်မ္းက်ိန္နဲ႕ေရာင္းဝယ္လို႕ရတယ္

တရားရုံးက်မ္းက်ိန္လႊာနဲ႕ အေရာင္းအဝယ္လုပ္လို႕ရတယ္ဆိုတာကေတာ့ မွတ္သားစရာပါဘဲ။ ရန္ကုန္မွာဆိုရင္ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း က်မ္းက်ိန္လႊာလည္းလုပ္ရတယ္။ ေျခရင္းေခါင္းရင္း (၂) ဦးကလည္း ေထာက္ခံေပးတဲ့ က်မ္းက်ိန္ (၂) ေစာင္ကို အပ္တယ္။အဲဒီ့အေထာက္အထားေတြနဲ႕မွ ပံုစံ - ၁၀၅ ပံုစံ - ၁၀၆ လို႕ေခၚတဲ့ ေျမပံုေျမရာဇဝင္ထုတ္ယူလို႕ရတာေလ ၊ ဒါနဲ႕တင္အေရာင္းအဝယ္စာခ်ဳပ္ကိုမရေသးဘူး အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ကို ၊ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးမွာ လုပ္ရေသးတယ္။ အဲဒီ့ပို္င္ဆိုင္ေၾကာင္းစာခ်ဳပ္ရွိမွ တကယ္အေမြဆက္ခံသူလို႕ ယံုၾကည္ၾကတယ္။

အဲဒီပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ရွိမွလည္း မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္လို႕ရတာေလ။ ျပီးေတာ့ က်မ္းက်ိန္လည္း ပူးတြဲတင္ျပရေသးတယ္။ နယ္မွာထက္ အဆင့္ေတြပိုမ်ားတယ္လို႕ဆိုရမွာေပါ့။ ဒါက ၾကံဳလို႕ ဗဟုသုတေျပာျပတာပါ။

အခုအေရာင္းအဝယ္လုပ္တဲ့ ေျမဧရိယာအတိအက်ေဖာ္ျပတဲ့ ေျမပံုကိုထပ္ရွာေတာ့ မေတြ႕ရျပန္ဘူး။ ဒါနဲ႕ ထူးဆန္းေနပါတယ္ဆိုျပီး။ အနွစ္ (၃၀)ဂရန္္ကို ျပန္ၾကည့္တဲ့အခါ ပိုျပီး အံ့ၾသသြားျပန္တယ္။ ဂရန္မွာေဖာ္ျပတဲ့ ေျမအက်ယ္က ဧကဝက္ေတာင္ရွိေနတယ္။ အခုတကယ္၀ယ္မွာက ၁ ဧကရဲ႕ ၄ ပံု ၁ ပံု ဘဲဝယ္မွာအဲဒီေတာ့ ပထမေရာင္းသူရဲ႕ ေျမပံုအေဟာင္းကိုုျပန္ၾကည့္ရျပန္တယ္။ အဲဒီေျမပံုထဲမွာ က ဧရိယာဧကဝက္ရွိသည့္အနက္မွ တရားဝင္မခြဲစိတ္ရေသးသည့္ (၅၀’x၈၀’) ရွိသည့္ေျမကို ေဖာ္ျပထားတာကိုေတြ႕ရပါတယ္။ ဒါဆိုရင္ရွင္သြားပါတယ္။ ေရာင္းသူက ဂရန္မခြဲရေသးတဲ့ ဧကဝက္ရွိတဲ့ ေျမကြက္ၾကီးကို ေရာင္းသလိုျဖစ္ေနပါတယ္။တကယ္ဝယ္တဲ့သူအေနနဲ႕ ဒီအတိုင္းဝယ္လို႕မျဖစ္ပါဘူး။ ဂရန္ခြဲစိတ္ျပီးေနာက္ ဂရန္ခြဲရမွ ဝယ္လို႕ျဖစ္မွာကိုေတြ႕ရပါတယ္။ ဒါဆိုရင္စရန္ေငြေပးလို႕မျဖစ္ေသးပါဘူး။ေရာင္းသူအမည္ေပါက္ ဂရန္ခြဲရမွ အေၾကာင္းၾကားပါလို႕ေျပာျပီး ျပန္ခဲ့ရပါတယ္။တနလၤာေန႕မို႕ (၂) ခါျပန္လုပ္ရတာမ်ားလား။အမွန္တကယ္ဆိုရေသာ္ ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲေရးနွင့္စာရင္းအင္းဦးစီးဌာနက ဂရန္မခြဲရေသးဘဲ မူလအမည္ေပါက္ပိုင္ဧကဝက္အတိုင္းမွားယြင္းဂရန္ထုတ္ေပးလိုက္တာလို႕ယူဆရပါတယ္။

ဂရန္ခြဲေပးရမယ့္အဆင့္လိုေနတာကိုေတြ႕ရပါတယ္။ဒါေၾကာင့္ တိုင္းနဲ႕ျပည္နယ္အတြင္းက အိမ္ျခံေျမေတြကို ဝယ္ၾကမယ့္သူမ်ားအေနနဲ႕ ကၽြမ္းက်င္သူမ်ားေခၚယူသြားျပီး အေရာင္းအဝယ္လုပ္သင့္ပါေၾကာင္း ဗဟုသုတတင္ျပလိုက္ရပါေတာ့တယ္.။

အျမဲတန္းေစ့စပ္ေသခ်ာဂရုစိုက္ႏိုင္ၾကပါေစ

 

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

တစ်ခါတစ်ရံမှာ လူတော်တော်များများကြုံဘူးပါလိမ့်မယ် ။အလုပ်များပါတယ်ဆိုမှ တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့ရောက်မှ အလုပ်တွေက စုပြုံကျလာတာမျိုးပေါ့။ ဒါမျိုးကလည်း ဘယ်သူမှဒီနေ့ရောက်ရင် အလုပ်တွေအားလုံးတပြိုင်နက်စုပြုံချိန်းလိုက်ပြီး တထိုင်တည်းနဲ့ ရှင်းလိုက်မယ်လို့ဆုံးဖြတ်ကြသူမျိုးရှိမယ်မထင်ပါဘူး။အကြောင်းတိုက်ဆိုင်လာတော့လည်း အဲဒီနေ့ရောက်မှဘဲ လုပ်ငန်းအပ်နှံထားတဲ့သူတွေကလည်း အတင်းလိုချင်တာနဲ့ ကြုံရတက်တယ်။ အသစ်ပေါ်လာသူတစ်ဦးကလည်း အဲဒီနေ့ဘဲအလုပ်လုပ်ချင်တယ်ဆိုပြီး တိုက်ဆိုင်တတ်တာမျိုးတွေ ရှိတတ်ပြန်တယ်။

တစ်ခါတစ်ခါကြုံရတဲ့ ရက်ရာဇာ

ပြီးခဲ့တဲ့ ရက်ကကျွန်တော်မှာလည်း အဲဒီလိုကြုံခဲ့တယ်။ ရန်ကုန်က မိတ်ဆွေတွေကလည်း အဲဒီရက်မှာစာချုပ်ချင်တယ်ဆိုတာနဲ့ အချိန် (၁) နာရီခွဲခန့်ပြောင်းပြီး စာချုပ်ပေးခဲ့ရတယ်။ဒီကြားထဲ ပဲခူးတိုင်းဒေသကြီး ၊ ကြိုပင်ကောက်မြို့က သူဌေးကြီး တစ်ဦးကလည်း ခြံကွက်တစ်ကွက်ဝယ်စရာရှိလို့ခဏလောက် လာပေးပါပြောလို့ အခက်ကြုံခဲ့ရတယ်။ အဲဒါနဲ့ ရုံးဖွင့်ရက်တစ်ရက်ရက်မှာ လာခဲ့ပါရစေလို့မေတ္တာရပ်ခံရတယ်သူကိုယ်တိုင်ကလည်း ကြီးမာတဲ့ကုမ္ပဏီလုပ်ငန်းတွေနဲ့ မအားလပ်တာမို့ ရက်တွေ ရွေ့မနေနိုင်တော့ပါဘူး။တနင်္လာနေ့လာပေးပါ ဆိုလိုတနင်္လာနေ့မနက်မှာ ရန်ကုန်က သူရဲ့ ညီတော်မောင် ကားနဲ့ကြိုပင်ကောက်ကိုခရီးနှင်ခဲ့ရတယ်။ ကျွန်န်ုပ်တို့ရောက်သွားတဲ့အချိန်မှာ ၁၁း၃၀ နာရီထိုးတော့ ထမင်းစားချိန်ရောက်နေပြီလေ။

အလုပ်လုပ်ဖို့က ပထမ ပြီးတော့မှ ထမင်းစားကြမှာ

ဒါနဲ့ နေ့လည်စာထမင်းစားရရင်ကောင်းမှာဘဲ လို့စဉ်းစားနေဆဲမှာဘဲ ရောင်းမယ့်သူတွေက ချိန်းထားတဲ့အတွက် သူဌေးရဲ့ ကုမ္ပဏီ ကို ရောက်လာကြတယ် ။ဒါဆိုရင်လည်း မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေအရင် ကြည့်လိုက်တာကောင်းမယ်ဆိုပြီး ရောင်းမယ့်သူဆီက တောင်းယူကြည့်လိုက်ပါတယ်။

အခေါ်အဝေါ်တွေ ပြောင်းတတ်တဲ့ မြေစာရင်းပုံစံ ၁၀၅/၁၀၆

ဂရန်လို့ခေါ်တဲ့ မြေငှါးစာချုပ်ကို ကြည့်လိုက်တဲ့အခါ အနှစ် (၃၀) အငှါးချထားတဲ့ ဂရန်မြေပါ။ ဂရန်မှာ မြေပုံ မြေရာဇဝင် ပူးတွဲထားတာမတွေ့ရပါဘူး။နောက်မှသတိရတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကထုတ်ပေးတဲ့။ ဂရန်နဲ့ တိုင်းနဲ့ပြည်နယ်ဂရန်တွေပူးတွဲ တယ်လေ။ ရန်ကုန်မှာမြေပုံလိုခေါ်ပေမယ် နယ်မြို့တွေမှာကျတော့ မြေစာရင်းပုံစံ ၁၀၅ (ဦးပိုင်မြေပုံ) လို့ခေါ်ကြတယ်။ ရန်ကုန်မှာ မြေရာဇဝင်လို့ခေါ်တာကို နယ်မြို့တွေမှာကျတော့ မြေစာရင်းပုံစံ ၁၀၆ (ဦးပိုင်တစ်စု၏ရာဇဝင်)လို့ခေါ်တာတွေ့ရတယ်။အခေါ်အဝေါ်သာ ပြောင်းတာပါ အတူတူပါဘဲ။

အဲဒီပုံစံ - ၁၀၅ ၊ ပုံစံ - ၁၀၆ ကိုသိချင်ရင် အကြောင်းအရာတစ်ခုခုကို သီးသန့်တင်ပြလျှောက်ထားရတယ်လို့ဆိုပါတယ်။ ဥပမာ-မေတ္တာဖြင့်အပိုင်ပေးစာချုပ်ရန် စွန့်လွှတ်စာချုပ်ရန် ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ရန် စသဖြင့်ပေါ့ အခုကတော့ အရောင်းအဝယ်စာချုပ်ရန်လျှောက်ရမှာပေါ့။အဲဒီလို ဂရန်မှာပူးတွဲမပါပေမယ့် ၊ ရောင်းသူအရင်ဝယ်ခဲ့တဲ့စာချုပ်မှာတော့ပါရမယ်လို့စဉ်းစားပြီး ပုံစံ-၁၀၆ ပြပါဦးဆိုတော့မှ မြေပုံမြေရာဇဝင်ကိုထုတ်ခဲ့တယ်။

ကြည့်လိုက်တော့ ပုံစံ-၁၀၅ မှာ မြေပုံအတိအကျဆွဲထားတယ်။ အခုအရောင်းအဝယ်ပြုလုပ်မယ့်နေရာက ရန်ကုန်-ပြည်လမ်းမကြီးဘေးကပ်လျက်မြေကွက်ဖြစ်နေတယ်။ရန်ကုန်ကလာတယ်ဆိုရင်တော့ ကြိုးပင်ကောက်မြို့အဝင်ပေါ့ ဝယ်မယ့်မြေကွက် တစ်ဖက်တစ်ချက်မှာ စက်သုံးဆီဆိုင်ကြီးနဲ့ စားသောက်ဆိုင်တွေရှိနေတယ် ၊ လမ်းမကြီးဆိုတော့ ရောင်းသူခေါ်ဈေးကို ပေးပြီးဝယ်တဲ့သဘောပါဘဲ မြို့တွင်းဈေးနဲ့အပြိုင်ဖြစ်နေတယ် ။မြေအကျယ်က (50 ‘x 80’) လောက်ဘဲရှိပါတယ်။

ပိုင်ဆိုင်ကြောင်းကျမ်းကျိန်နဲ့ရောင်းလို့ရတဲ့မြေ

စာချုပ်အဆက်အစပ်တွေကြည့်ရတာ အရင်တုန်းကတော့ ရွာမြေအမျိုးအစားပါဘဲ။ အဲဒီမြေကို အခုရောင်းမယ့်သူက ပြန်ဝယ်ထားတဲ့ စာချုပ်တွေတွေ့ရတယ်။အဲဒီစာချုပ်မှာပါတဲ့ မြေရာဇဝင်ကို လေ့လာကြည့်တော့ မူလအမည်ပေါက်က ဖခင်အမည်ပေါက်မြေပါ။ ဖခင်ကွယ်လွန်တော့ တစ်ဦးတည်းသောသမီးဖြစ်သူက ၊ တရားရုံးကျမ်းကျိန်လွှာလုပ်ပြီး မှတ်ပုံတင်အရောင်းအဝယ်စာချုပ်နဲ့ပြန်ရောင်းထားတာကို တွေ့ရပါတယ်။

ရန်ကုန်နဲ့မတူတဲ့နယ်မြို့က ကျမ်းကျိန်နဲ့ရောင်းဝယ်လို့ရတယ်

တရားရုံးကျမ်းကျိန်လွှာနဲ့ အရောင်းအဝယ် လုပ်လို့ရတယ်ဆိုတာကတော့ မှတ်သားစရာပါဘဲ။ ရန်ကုန်မှာဆိုရင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာလည်းလုပ်ရတယ်။ ခြေရင်းခေါင်းရင်း (၂) ဦးကလည်း ထောက်ခံပေးတဲ့ ကျမ်းကျိန် (၂) စောင်ကို အပ်တယ်။အဲဒီ့အထောက်အထားတွေနဲ့မှ ပုံစံ - ၁၀၅ ပုံစံ - ၁၀၆ လို့ခေါ်တဲ့ မြေပုံမြေရာဇဝင်ထုတ်ယူလို့ရတာလေ ၊ ဒါနဲ့တင်အရောင်းအဝယ်စာချုပ်ကိုမရသေးဘူး အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ကို ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ လုပ်ရသေးတယ်။ အဲဒ ီပိုင်ဆိုင်ကြောင်းစာချုပ်ရှိမှ တကယ်အမွေဆက်ခံသူလို့ ယုံကြည်ကြတယ်။

အဲဒီပိုင်ဆိုင်ကြောင်း စာချုပ်ရှိမှလည်း မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်လို့ရတာလေ။ ပြီးတော့ ကျမ်းကျိန်လည်း ပူးတွဲတင်ပြရသေးတယ်။ နယ်မှာထက် အဆင့်တွေပိုများတယ်လို့ဆိုရမှာပေါ့။ ဒါက ကြုံလို့ ဗဟုသုတပြောပြတာပါ။

အခုအရောင်းအဝယ်လုပ်တဲ့ မြေဧရိယာအတိအကျဖော်ပြတဲ့ မြေပုံကိုထပ်ရှာတော့ မတွေ့ရပြန်ဘူး။ ဒါနဲ့ ထူးဆန်းနေပါတယ်ဆိုပြီး။ အနှစ် (၃၀)ဂရန်ကို ပြန်ကြည့်တဲ့အခါ ပိုပြီး အံ့သြသွားပြန်တယ်။ ဂရန်မှာဖော်ပြတဲ့ မြေအကျယ်က ဧကဝက်တောင်ရှိနေတယ်။ အခုတကယ်ဝယ်မှာက ၁ ဧကရဲ့ ၄ ပုံ ၁ ပုံ ဘဲဝယ်မှာအဲဒီတော့ ပထမရောင်းသူရဲ့ မြေပုံအဟောင်းကိုပြန်ကြည့်ရပြန်တယ်။ အဲဒီမြေပုံထဲမှာ က ဧရိယာဧကဝက်ရှိသည့်အနက်မှ တရားဝင်မခွဲစိတ်ရသေးသည့် (၅၀’x၈၀’) ရှိသည့်မြေကို ဖော်ပြထားတာကိုတွေ့ရပါတယ်။

ဒါဆိုရင်ရှင်သွားပါတယ်။ ရောင်းသူက ဂရန်မခွဲရသေးတဲ့ ဧကဝက်ရှိတဲ့ မြေကွက်ကြီးကို ရောင်းသလိုဖြစ်နေပါတယ်။တကယ်ဝယ်တဲ့သူအနေနဲ့ ဒီအတိုင်းဝယ်လို့မဖြစ်ပါဘူး။ ဂရန်ခွဲစိတ်ပြီးနောက် ဂရန်ခွဲရမှ ဝယ်လို့ဖြစ်မှာကိုတွေ့ရပါတယ်။ ဒါဆိုရင်စရန်ငွေပေးလို့မဖြစ်သေးပါဘူး။ရောင်းသူအမည်ပေါက် ဂရန်ခွဲရမှ အကြောင်းကြားပါလို့ပြောပြီး ပြန်ခဲ့ရပါတယ်။တနင်္လာနေ့မို့ (၂) ခါပြန်လုပ်ရတာများလား။အမှန်တကယ်ဆိုရသော် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက ဂရန်မခွဲရသေးဘဲ မူလအမည်ပေါက်ပိုင်ဧကဝက်အတိုင်းမှားယွင်းဂရန်ထုတ်ပေးလိုက်တာလို့ယူဆရပါတယ်။ ဂရန်ခွဲပေးရမယ့်အဆင့်လိုနေတာကိုတွေ့ရပါတယ်။ဒါကြောင့် တိုင်းနဲ့ပြည်နယ်အတွင်းက အိမ်ခြံမြေတွေကို ဝယ်ကြမယ့်သူများအနေနဲ့ ကျွမ်းကျင်သူများခေါ်ယူသွားပြီး အရောင်းအဝယ်လုပ်သင့်ပါကြောင်း ဗဟုသုတတင်ပြလိုက်ရပါတော့တယ်.။

အမြဲတန်းစေ့စပ်သေချာဂရုစိုက်နိုင်ကြပါစေ

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service