ဇနီးေမာင္ႏွံမ်ားအိမ္ဝယ္တဲ့အခါ စဥ္းစားသင့္စရာအခ်က္ေလးမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
4384 Views

ဇနီးေမာင္ႏွံမ်ားအိမ္ဝယ္တဲ့အခါ စဥ္းစားသင့္စရာအခ်က္ေလးမ်ား

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

ဇနီးေမာင္ႏွံမ်ား အတြက္ မိသားစုတစ္ခု ကိုတည္ေထာင္ ၾကတဲ့ အခါ ေနာင္တစ္ခ်ိန္ သားေလးေတြ၊သမီးေလးေတြ ေမြးဖြားလာတဲ့ အခါ သိုက္သိုက္ဝန္းဝန္းေနထိုင္ဖို႕ဆိုတဲ့ရည္ရြယ္ခ်က္ေလးနဲ႕ အိမ္ေလးတစ္လံုးကို ပိုင္ဆိုင္ခ်င္ၾကမွာပါ။ အဲဒီလိုအခ်ိန္မွာ ဘယ္ေနရာေလးမွာ အိမ္ဝယ္ရင္ေကာာင္း မလဲဆိုတာလည္း ေတြးလာမိၾကမွာအမွန္ပါ။ ဇနီးေမာင္ႏွံတို႕အတြက္ အိမ္တစ္လံုးကို၀ယ္ဖို႔ ပထမဆံုးအၾကိမ္ျဖစ္ေနခဲ့ရင္ လက္ရိွမိမိတို႕ရဲ႕လိုအပ္ခ်က္၊အနာဂတ္ေမ်ာ္မွန္း ခ်က္ေတြနဲ႕ ပတ္သက္ျပီး အေသအခ်ာနားလည္သေဘာေပါက္ဖို႕လိုပါတယ္။

အဓိကအေနနဲ႕ ေမာင္ႏွံတို႕ဟာ အိမ္အတြင္း အခန္းမ်ားမ်ားပါရမယ္ဆိုတဲ့ စိတ္အစြဲထက္ ဘယ္လိုအခန္းအမ်ဳိးအစားျဖစ္သင့္တယ္ဆိုတာ ကိုနားလည္သေဘာေပါက္ေနဖို႕အေရးၾကီးပါတယ္။ ဥပမာ- ကေလးေတြေမြးလာမယ့္အစီအစဥ္ရိွေနခဲ့ရင္ ကေလးအတြက္ အိပ္ခန္း၊ မိသားစုနားေနခန္း၊ မိတ္ေဆြေတြလာရင္ေတြ႕ဆံုဧည့္ခံမယ့္ ဧည့္ခန္း၊မိသားစုအိပ္ခန္း၊ ထမင္းစားခန္း၊ မီးဖိုေခ်ာင္ အစရိွတဲ့ အခန္းအမ်ဳိးအစားေတြဘဲျဖစ္ပါတယ္။ဒီအတြက္ ေငြေၾကး အတိုင္းအတာပမာဏတစ္ခုဟာလည္း အေရးၾကီးတဲ့အခ်က္တစ္ခ်က္ဘဲျဖစ္ပါတယ္။

အိမ္တစ္လံုး ဝယ္ယူဖို႕စဥ္းစားလိုက္တဲ့အခ်ိန္မွာ အိမ္ေလးရဲ႕ ေကာင္းမြန္ျပည့္စံုမႈနဲ႕ ရပ္တန္႕မေနဘဲ မိသားစုနဲ႕ ေႏြးေထြးစြာ ျဖတ္သန္းဖို႕ဒီလို အခ်က္ေလးေတြကိုလည္း ထည့္သြင္းစဥ္းစားဖို႕လိုပါတယ္။

(၁) အိမ္နဲ႕လုပ္ငန္းခြင္ ခရီးေဝးျခင္း။

အိမ္နဲ႕လုပ္ငန္းခြင္ ဟာ ခရီးေဝးေနတဲ့အခါ အလုပ္အသြားအျပန္အခ်ိန္ေတြဟာ မိသားစုနဲ႕ အတူကုန္ဆံုးရမယ့္အခ်ိန္ေတြကုိ ယူလိုက္တာေၾကာင့္ ရင္ထဲမွာ မလူးသာမလြန္႕သာနဲ႕ သည္းခံရတာေတြရိွတတ္ပါတယ္။တကယ္လို႕ လုပ္ငန္းခြင္ဟာ မိမိရဲ႕အိမ္နဲ႕ အလွမ္းမေဝးခဲ့ရင္ အိမ္ျပန္ခ်ိန္ လမ္းခရီးမွာ အခ်ိန္မကုန္ေတာ့ဘဲ မိမိတို႕ရဲ႕ ခ်စ္ရတဲ့သူတစ္ေယာက္ေယာက္နဲ႕ အခ်ိန္ကုန္ဆံုးလို႕ရႏိုင္သြားပါတယ္။ ဒါ့အျပင္ အိမ္မွာမိသားစုဆံုညီ ထမင္းစားပြဲေတြလည္း လက္မလြတ္ရေတာ့သလို ညေနဘက္ပြဲေတြကိုလည္း ေကာင္းေကာင္းတက္ေရာက္ႏိုင္တဲ့ အခြင့္အေရးလည္းရိွသြားေစပါတယ္။ အိမ္နဲ႕ လုပ္ငန္းခြင္ဟာ ေဝးေနခဲ့ရင္ မနက္ပုိင္း၊ ညေနပုိင္း အလုပ္သြား၊အျပန္အခ်ိန္ေတြေၾကာင့္အခ်ိန္ယူစီစဥ္ရတာေတြက ေရရွည္မွာ ဖီစီးမႈတစ္ခုကို ျဖစ္ေပၚေစႏိုင္ပါတယ္။

ဒါဟာ လုပ္ငန္းခြင္ ကုိေန႔စဥ္သြားလာေနရသူမ်ားအတြက္ အိမ္နဲ႕ လုပ္ငန္းခြင္ ခရီးေဝးလြန္းျခင္းဟာ ေရရွည္မွာ ပင္ပန္းမႈ ၊စိတ္ဖိစီးမႈကို ျဖစ္ေစႏိုင္တဲ့ အတြက္ အိမ္ဝယ္တဲ့အခါ စဥ္းစားသင့္စရာ အခ်က္တစ္ခုျဖစ္ပါတယ္။

(၂) ေက်ာင္းရိွတဲ့ အရပ္ေဒသ။

တကယ္လို႕ သင့္မွာ လက္ရိွ ကေလးရိွေနခဲ့ရင္ ဒါမွမဟုတ္ ကေလးယူဖို႕ အစီအစဥ္ရိွေနခဲ့ရင္ ေက်ာင္းရိွတဲ့အရပ္ေဒသ ကို သိထားတာဟာကေလးေတြ ေက်ာင္းတက္ဖို႕အဆင္ေျပေစပါတယ္။ တကယ္ေတာ့ စာသင္ေက်ာင္းတစ္ေက်ာင္းရဲ႕ အရည္အေသြးဟာ ကေလးတို႕ရဲ႕ ဘဝကို ေကာင္းစြာပံုေဖာ္ေပးတာေၾကာင့္ ပတ္ဝန္းက်င္သစ္မွာ ေက်ာင္းနဲ႔ပတ္သက္ျပီး အေသးစိတ္ သတင္းအခ်က္အလက္ေတြကို စုေဆာင္းေလ့လာထားျခင္း ျဖင့္ သင့္ကေလး ပညာတတ္ျဖစ္ေစဖို႕အတြက္မ်ားစြာ အေထာက္အကူျဖစ္ေစပါတယ္။

(၃)ပတ္ဝန္းက်င္ အေျခအေန။

မိမိတို႕အိမ္ဝယ္မယ့္ ပတ္ဝန္းက်င္ကို လမ္းေလ်ာက္ျပီး ေလ့လာၾကည့္ပါ။ ျပီးေတာ့ ဘယ္ေနရာမွာ ေစ်းဆိုင္ေတြရိွမလဲ ၊ဘယ္ေနရာမွာ ေဆးရံု၊ေဆးခန္း၊ အလွျပင္ဆိုင္၊ အားကစားခန္းမ၊ ကားဝပ္ေရွာ့ အစရိွတဲ့ မိ္မိတုိ႕နဲ႕ အျမဲမျပတ္ထိေတြ႕ေနရမယ့္ေနရာေတြ ကုိ အရင္ဆံုးသိရိွေနေအာင္ ရွာေဖြထားဖို႕လိုပါတယ္။ မိမိတို႕အတြက္ ေအးခ်မ္းျပီး ပတ္ဝန္းက်င္ေကာင္းျဖစ္၊မျဖစ္ဆိုတာကိုလည္း ေလ့လာဖို႕လိုအပ္ပါတယ္။ အိမ္ဝယ္တဲ့အခါ ပတ္ဝန္းက်င္ အေျခအေနဟာလည္း မိမိတုိ႕ကို အမ်ားၾကီး အက်ဳးိသက္ေရာက္မႈေပးႏိုင္တာေၾကာင့္ ထည့္သြင္းစဥ္းစားရမယ့္အခ်က္ဘဲျဖစ္ပါတယ္။

(၄) ဝယ္ယူဖို႕အတြက္ အေကာင္းဆံုးအခ်ိန္။

မိမိတို႕အေနနဲ႕ အိမ္တစ္လံုးကို ဝယ္တဲ့အခ်ိန္မွာ ကေလးမရိွေသးတဲ့အေျခအေနျဖစ္ေနခဲ့ရင္ ဒါဟာ အရမ္းကို သက္ေသာင့္သက္တာ အဆင္ေျပေစတဲ့အခ်ိန္ဘဲျဖစ္ပါတယ္။ ဒါမွမဟုတ္ မိမိတို႕မွာ ရာထူးတိုးခ်ိန္၊ ေနရာေျပာင္းခ်ိန္တို႕ျဖစ္ေနခဲ့ရင္မိမိတို႕အတြက္ ရက္ေျပာင္းေရႊ႕ရတာေတြက အေရးတၾကီးလုပ္လာရျပီျဖစ္တာေၾကာင့္ အဲဒီလိုမ်ဳိးအခ်ိန္ေတြက ဝယ္ယူဖို႕အဆင္မေျပေစတဲ့ အခ်ိန္ေတြဘဲျဖစ္ပါတယ္။ မိသားစုထဲမွာ မက်န္းမာတဲ့သူ ရိွေနခဲ့ရင္လည္း သူတို႕အတြက္ ျပဳစုေပးရတာနဲ႕ စိတ္က မေပါ့ပါးႏိုင္တာေၾကာင့္ အိမ္တစ္လံုးကုိ ဝယ္ယူေတာ့မယ္ဆိုရင္ စိတ္လက္ေပါ့ပါးစြာနဲ႕ အေျခအေနေတြ ေပါ့ေပါ့ပါးပါးျဖစ္ေနတဲ့အခ်ိန္မွာ ဝယ္ရတာပိုမိုအဆင္ေျပေစတာေၾကာင့္ အေကာင္းဆံုးအခ်ိန္တစ္ခုဆိုတာကို ေရြးခ်ယ္သင့္ပါတယ္။

(၅) ျပတင္းေပါက္မ်ား။

အိမ္တစ္အိမ္မွာ ျပတင္းေပါက္ေတြဟာ အိမ္ရဲ႕ အသက္ျဖစ္တာေၾကာင့္ အရမ္းကို အေရးၾကီးလွပါတယ္။ ျပတင္းေပါက္ေတြရိွမွသာ အိမ္အတြင္းေလဝင္ေလထြက္ေကာင္းၿပီး သန္႕ရွင္းလတ္ဆတ္တဲ့ေလေကာင္းေလသန္႕ေတြကို ရရိွေနမွာျဖစ္ပါတယ္။ ဒါ့အျပင္ ေနေရာင္ျခည္ေကာင္းေကာင္းရရိွေစျပီး လူေတြအတြက္ အက်ဳိးေက်းဇူးေတြျဖစ္ေစပါတယ္။ ျပတင္းေပါက္တစ္ေပါက္တည္းသာ ရွိတဲ့ အိမ္ကေတာ့ ေႏြရာသီနဲ႕ ေဆာင္းရာသီအတြင္း မွာ ရာသီဥတုေဖာက္ျပန္မႈ ၾကံဳလာခဲ့ရင္ ျပသနာမ်ားစြာ ၾကံဳေတြ႕ရႏိုင္မွာျဖစ္ပါတယ္။အိမ္အတြင္းပိုင္းကို မနက္ပိုင္းက်ေရာက္တဲ့ ေနေရာင္ျခည္ဟာ လူေတြအတြက္ အက်ဳိးရိွေစႏိုင္တဲ့အတြက္ မိသားစုအမ်ားစုမွာ အိမ္အတြင္းသဘာဝေနေရာင္ျခည္ မရရိွျခင္းဟာ ဆိုးက်ဳိးကို ျဖစ္ပြားေစႏိုင္ပါတယ္။

Credit : yangon life

 

### Unicode Version ###

ဇနီးမောင်နှံများ အတွက် မိသားစုတစ်ခု ကိုတည်ထောင် ကြတဲ့ အခါ နောင်တစ်ချိန် သားလေးတွေ၊သမီးလေးတွေ မွေးဖွားလာတဲ့ အခါ သိုက်သိုက်ဝန်းဝန်းနေထိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ အိမ်လေးတစ်လုံးကို ပိုင်ဆိုင်ချင်ကြမှာပါ။ အဲဒီလိုအချိန်မှာ ဘယ်နေရာလေးမှာ အိမ်ဝယ်ရင်ကောာင်း မလဲဆိုတာလည်း တွေးလာမိကြမှာအမှန်ပါ။ ဇနီးမောင်နှံတို့အတွက် အိမ်တစ်လုံးကိုဝယ်ဖို့ ပထမဆုံးအကြိမ်ဖြစ်နေခဲ့ရင် လက်ရှိမိမိတို့ရဲ့လိုအပ်ချက်၊အနာဂတ်မျော်မှန်း ချက်တွေနဲ့ ပတ်သက်ပြီး အသေအချာနားလည်သဘောပေါက်ဖို့လိုပါတယ်။

အဓိကအနေနဲ့ မောင်နှံတို့ဟာ အိမ်အတွင်း အခန်းများများပါရမယ်ဆိုတဲ့ စိတ်အစွဲထက် ဘယ်လိုအခန်းအမျိုးအစားဖြစ်သင့်တယ်ဆိုတာ ကိုနားလည်သဘောပေါက်နေဖို့အရေးကြီးပါတယ်။ ဥပမာ- ကလေးတွေမွေးလာမယ့်အစီအစဉ်ရှိနေခဲ့ရင် ကလေးအတွက် အိပ်ခန်း၊ မိသားစုနားနေခန်း၊ မိတ်ဆွေတွေလာရင်တွေ့ဆုံဧည့်ခံမယ့် ဧည့်ခန်း၊မိသားစုအိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင် အစရှိတဲ့ အခန်းအမျိုးအစားတွေဘဲဖြစ်ပါတယ်။ဒီအတွက် ငွေကြေး အတိုင်းအတာပမာဏတစ်ခုဟာလည်း အရေးကြီးတဲ့အချက်တစ်ချက်ဘဲဖြစ်ပါတယ်။

အိမ်တစ်လုံး ဝယ်ယူဖို့စဉ်းစားလိုက်တဲ့အချိန်မှာ အိမ်လေးရဲ့ ကောင်းမွန်ပြည့်စုံမှုနဲ့ ရပ်တန့်မနေဘဲ မိသားစုနဲ့ နွေးထွေးစွာ ဖြတ်သန်းဖို့ဒီလို အချက်လေးတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

(၁) အိမ်နဲ့လုပ်ငန်းခွင် ခရီးဝေးခြင်း။

အိမ်နဲ့လုပ်ငန်းခွင် ဟာ ခရီးဝေးနေတဲ့အခါ အလုပ်အသွားအပြန်အချိန်တွေဟာ မိသားစုနဲ့ အတူကုန်ဆုံးရမယ့်အချိန်တွေကို ယူလိုက်တာကြောင့် ရင်ထဲမှာ မလူးသာမလွန့်သာနဲ့ သည်းခံရတာတွေရှိတတ်ပါတယ်။တကယ်လို့ လုပ်ငန်းခွင်ဟာ မိမိရဲ့အိမ်နဲ့ အလှမ်းမဝေးခဲ့ရင် အိမ်ပြန်ချိန် လမ်းခရီးမှာ အချိန်မကုန်တော့ဘဲ မိမိတို့ရဲ့ ချစ်ရတဲ့သူတစ်ယောက်ယောက်နဲ့ အချိန်ကုန်ဆုံးလို့ရနိုင်သွားပါတယ်။ ဒါ့အပြင် အိမ်မှာမိသားစုဆုံညီ ထမင်းစားပွဲတွေလည်း လက်မလွတ်ရတော့သလို ညနေဘက်ပွဲတွေကိုလည်း ကောင်းကောင်းတက်ရောက်နိုင်တဲ့ အခွင့်အရေးလည်းရှိသွားစေပါတယ်။ အိမ်နဲ့ လုပ်ငန်းခွင်ဟာ ဝေးနေခဲ့ရင် မနက်ပိုင်း၊ ညနေပိုင်း အလုပ်သွား၊အပြန်အချိန်တွေကြောင့်အချိန်ယူစီစဉ်ရတာတွေက ရေရှည်မှာ ဖီစီးမှုတစ်ခုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါဟာ လုပ်ငန်းခွင် ကိုနေ့စဉ်သွားလာနေရသူများအတွက် အိမ်နဲ့ လုပ်ငန်းခွင် ခရီးဝေးလွန်းခြင်းဟာ ရေရှည်မှာ ပင်ပန်းမှု ၊စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ အတွက် အိမ်ဝယ်တဲ့အခါ စဉ်းစားသင့်စရာ အချက်တစ်ခုဖြစ်ပါတယ်။

(၂) ကျောင်းရှိတဲ့ အရပ်ဒေသ။

တကယ်လို့ သင့်မှာ လက်ရှိ ကလေးရှိနေခဲ့ရင် ဒါမှမဟုတ် ကလေးယူဖို့ အစီအစဉ်ရှိနေခဲ့ရင် ကျောင်းရှိတဲ့အရပ်ဒေသ ကို သိထားတာဟာကလေးတွေ ကျောင်းတက်ဖို့အဆင်ပြေစေပါတယ်။ တကယ်တော့ စာသင်ကျောင်းတစ်ကျောင်းရဲ့ အရည်အသွေးဟာ ကလေးတို့ရဲ့ ဘဝကို ကောင်းစွာပုံဖော်ပေးတာကြောင့် ပတ်ဝန်းကျင်သစ်မှာ ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက်တွေကို စုဆောင်းလေ့လာထားခြင်း ဖြင့် သင့်ကလေး ပညာတတ်ဖြစ်စေဖို့အတွက်များစွာ အထောက်အကူဖြစ်စေပါတယ်။

(၃)ပတ်ဝန်းကျင် အခြေအနေ။

မိမိတို့အိမ်ဝယ်မယ့် ပတ်ဝန်းကျင်ကို လမ်းလျောက်ပြီး လေ့လာကြည့်ပါ။ ပြီးတော့ ဘယ်နေရာမှာ ဈေးဆိုင်တွေရှိမလဲ ၊ဘယ်နေရာမှာ ဆေးရုံ၊ဆေးခန်း၊ အလှပြင်ဆိုင်၊ အားကစားခန်းမ၊ ကားဝပ်ရှော့ အစရှိတဲ့ မိမိတို့နဲ့ အမြဲမပြတ်ထိတွေ့နေရမယ့်နေရာတွေ ကို အရင်ဆုံးသိရှိနေအောင် ရှာဖွေထားဖို့လိုပါတယ်။ မိမိတို့အတွက် အေးချမ်းပြီး ပတ်ဝန်းကျင်ကောင်းဖြစ်၊မဖြစ်ဆိုတာကိုလည်း လေ့လာဖို့လိုအပ်ပါတယ်။ အိမ်ဝယ်တဲ့အခါ ပတ်ဝန်းကျင် အခြေအနေဟာလည်း မိမိတို့ကို အများကြီး အကျုးိသက်ရောက်မှုပေးနိုင်တာကြောင့် ထည့်သွင်းစဉ်းစားရမယ့်အချက်ဘဲဖြစ်ပါတယ်။

(၄) ဝယ်ယူဖို့အတွက် အကောင်းဆုံးအချိန်။

မိမိတို့အနေနဲ့ အိမ်တစ်လုံးကို ဝယ်တဲ့အချိန်မှာ ကလေးမရှိသေးတဲ့အခြေအနေဖြစ်နေခဲ့ရင် ဒါဟာ အရမ်းကို သက်သောင့်သက်တာ အဆင်ပြေစေတဲ့အချိန်ဘဲဖြစ်ပါတယ်။ ဒါမှမဟုတ် မိမိတို့မှာ ရာထူးတိုးချိန်၊ နေရာပြောင်းချိန်တို့ဖြစ်နေခဲ့ရင်မိမိတို့အတွက် ရက်ပြောင်းရွှေ့ရတာတွေက အရေးတကြီးလုပ်လာရပြီဖြစ်တာကြောင့် အဲဒီလိုမျိုးအချိန်တွေက ဝယ်ယူဖို့အဆင်မပြေစေတဲ့ အချိန်တွေဘဲဖြစ်ပါတယ်။ မိသားစုထဲမှာ မကျန်းမာတဲ့သူ ရှိနေခဲ့ရင်လည်း သူတို့အတွက် ပြုစုပေးရတာနဲ့ စိတ်က မပေါ့ပါးနိုင်တာကြောင့် အိမ်တစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် စိတ်လက်ပေါ့ပါးစွာနဲ့ အခြေအနေတွေ ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့အချိန်မှာ ဝယ်ရတာပိုမိုအဆင်ပြေစေတာကြောင့် အကောင်းဆုံးအချိန်တစ်ခုဆိုတာကို ရွေးချယ်သင့်ပါတယ်။

(၅) ပြတင်းပေါက်များ။

အိမ်တစ်အိမ်မှာ ပြတင်းပေါက်တွေဟာ အိမ်ရဲ့ အသက်ဖြစ်တာကြောင့် အရမ်းကို အရေးကြီးလှပါတယ်။ ပြတင်းပေါက်တွေရှိမှသာ အိမ်အတွင်းလေဝင်လေထွက်ကောင်းပြီး သန့်ရှင်းလတ်ဆတ်တဲ့လေကောင်းလေသန့်တွေကို ရရှိနေမှာဖြစ်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ကောင်းကောင်းရရှိစေပြီး လူတွေအတွက် အကျိုးကျေးဇူးတွေဖြစ်စေပါတယ်။ ပြတင်းပေါက်တစ်ပေါက်တည်းသာ ရှိတဲ့ အိမ်ကတော့ နွေရာသီနဲ့ ဆောင်းရာသီအတွင်း မှာ ရာသီဥတုဖောက်ပြန်မှု ကြုံလာခဲ့ရင် ပြသနာများစွာ ကြုံတွေ့ရနိုင်မှာဖြစ်ပါတယ်။အိမ်အတွင်းပိုင်းကို မနက်ပိုင်းကျရောက်တဲ့ နေရောင်ခြည်ဟာ လူတွေအတွက် အကျိုးရှိစေနိုင်တဲ့အတွက် မိသားစုအများစုမှာ အိမ်အတွင်းသဘာဝနေရောင်ခြည် မရရှိခြင်းဟာ ဆိုးကျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။

Credit : yangon life

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service