ကြန္ဒိုအခန္း ႏိုင္ငံျခားသားဝယ္ယူခြင့္ယခုႏွစ္ဩဂုတ္လတြင္ ခြင့္ျပဳမည္ - Property News in Myanmar from iMyanmarHouse.com
4150 Views

ကြန္ဒိုအခန္း ႏိုင္ငံျခားသားဝယ္ယူခြင့္ယခုႏွစ္ဩဂုတ္လတြင္ ခြင့္ျပဳမည္

### Zawgyi Version ###

ျမန္မာႏိုင္ငံအတြင္းရွိ ကြန္ဒို  တိုက္ခန္း ႏိုင္ငံျခားသားဝယ္ယူခြင့္ ဩဂုတ္လတြင္ခြင့္ျပဳသြားႏိုင္မည္ျဖစ္ေၾကာင္း စုေပါင္းပိုင္အေဆာက္အအုံဆိုင္ရာ စီမံခန္႔ခြဲေရးေကာ္မတီဝင္ တစ္ဦးကေျပာသည္။

“ ကြန္ဒိုေတြႏိုင္ငံျခားသားဝယ္ယူခြင့္ျပဳႏိုင္ေရးအစည္းအေဝးေတြလုပ္ေနတယ္ ႏိုင္ငံျခားကပညာရွင္ေတြေခၚၿပီး pershare value ကိစၥေတြေဆာင္႐ြက္ခ္ိုင္းဖို႔လုပ္ေနတယ္ ဒါကိုသက္ဆိုင္ရာဌာနေတြမွာတင္ျပထားတယ္ ႏိုင္ငံေတာ္ဘက္ကခြင့္ျပဳခ်က္ရရင္ ဩဂုတ္လေလာက္ စတင္ခြင့္ျပဳႏိုင္ၿပီ”ဟု၎ကဆက္လက္ ရွင္းျပသည္။

ႏိုင္ငံျခားသားပညာရွင္ေခၚယူမႈအတြက္ ပညာရွင္အစစ္မွန္ျဖစ္ေၾကာင္း သံ႐ုံးမ်ား၏အသိမွတ္ျပဳလက္မွတ္မ်ားကို အမိန္႔ထုတ္ျပန္ေပးရန္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ ျပည္တြင္းရွိ ျမန္မာႏိုင္ငံအင္ဂ်င္နီယာ အသင္း၊ အင္ဂ်င္နီယာေကာင္စီႏွင့္ ဗိသုကာေကာင္စီတို႔မွပညာရွင္မ်ားကို ျပည္တြင္းတြင္သင္တန္းမ်ားေပးၿပီး အေဆာက္အအုံစိစစ္ေရးကိစၥမ်ားေဆာင္႐ြက္သြားမည္ဟု စုေပါင္းပိုင္အေဆာက္အအုံဆိုင္ရာ စီမံခန္႔ခြဲေရး ေကာ္မတီမွသိရသည္။ ဒါ့အျပင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ကြန္ဒိုအသစ္ေဆာက္လုပ္ျခင္းအတြက္ ဘဏ္တြင္တန္ဖိုး၏၁၅ရာခိုင္ႏႈန္း ေပးသြင္းျခင္းလုပ္ငန္းမ်ားကိုလဲ ႏႈန္းထားေျပာင္းလဲေပးရန္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏိုင္ငံျခားသားဝယ္ယူမႈအတြက္ ႏိုင္ငံျခားေငြဘဏ္သို႔လြဲေျပာင္းမႈမ်ားကိုလည္း အေသးစိတ္ျပန္လဲၫွိႏႈိင္းမႈမ်ားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စုေပါင္းပိုင္အေဆာက္အအုံဆိုင္ရာ စီမံခန္႔ခြဲေရး ေကာ္မတီမွ သိရသည္။

လက္ရွိကြန္ဒိုတိုက္ခန္းအသစ္ေဆာက္လုပ္မႈတြင္ ေဆာက္လုပ္သူမ်ားမွ တည္ေဆာက္စရိတ္ ၁၅ ရာခိုင္ႏႈန္းကို ထည့္သြင္းရမည္ျဖစ္ၿပီး အဆိုပါထည့္ဝင္ေငြမ်ားကို ေဆာက္လုပ္ခြင့္ပါမစ္က်ၿပီးမွသာျပန္လည္ထုတ္ေပးမည္ျဖစ္ေသာေၾကာင့္ေဈးကြက္ေအးခ်ိန္တြင္ ေဆာက္လုပ္သူအတြက္အခက္ခဲႏိုင္ေပၚႏိုင္ေၾကာင္း စုေပါင္းပိုင္အေဆာက္အအုံဆိုင္ရာ စီမံခန္႔ခြဲေရး ေကာ္မတီမွ သိရသည္။

စုေပါင္းပိုင္အေဆာက္အအုံဥပေဒတြင္ ႏိုင္ငံျခားသားဝယ္ယူခြင့္ကို ၄ဝ ရာခိုင္ႏႈန္းသတ္မွတ္ထားၿပီး ႏိုင္ငံျခားသားဝယ္ယူခြင့္ရရွိရန္ ကြန္ဒိုတိုက္ခန္း မွတ္ပုံတင္ျခင္း ၊ ေဆာက္လုပ္ခြင့္ျပဳကန္ထ႐ိုက္တာအျဖစ္ခြင့္ ျပဳျခင္းမ်ားျပဳလုပ္လ်က္ရွိၿပီး လက္ရွိတြင္ ကြန္ဒိုေဆာက္လုပ္ခြင့္လိုင္စင္ ၃၂ ခုထိ ခ်ထားေပးၿပီးျဖစ္ေၾကာင္း စုေပါင္းပိုင္အေဆာက္အအုံဆိုင္ရာ စီမံခန္႔ခြဲေရး ေကာ္မတီမွသိရသည္။

လက္ရွိရန္ကုန္ၿမိဳ႕တြင္ လာမည့္လတြင္ႏိုင္ငံျခားသားဝယ္ယူမႈမ်ားစတင္ခြင့္ျပဳမည္ျဖစ္ေသာ္လည္း ေဈးကြက္အတြင္း ႏိုင္ငံျခားသားအမွန္တကယ္ဝယ္ယူႏိုင္သည့္ကြန္ဒိုတိုက္ခန္း ၄၀၀၀ ဝန္းက်င္သာရွိၿပီး ေဈးကြက္ကိုသိသိသာသာ႐ိုက္ခတ္မႈမ်ားျဖစ္ေပၚႏိုင္မည္မဟုတ္ေၾကာင္း ေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

### Unicode Version ###

မြန်မာနိုင်ငံအတွင်းရှိ ကွန်ဒို တိုက်ခန်း နိုင်ငံခြားသားဝယ်ယူခွင့် ဩဂုတ်လတွင်ခွင့်ပြုသွားနိုင်မည်ဖြစ်ကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင် တစ်ဦးကပြောသည်။

“ ကွန်ဒိုတွေနိုင်ငံခြားသားဝယ်ယူခွင့်ပြုနိုင်ရေးအစည်းအဝေးတွေလုပ်နေတယ် နိုင်ငံခြားကပညာရှင်တွေခေါ်ပြီး pershare value ကိစ္စတွေဆောင်ရွက်ခိုင်းဖို့လုပ်နေတယ် ဒါကိုသက်ဆိုင်ရာဌာနတွေမှာတင်ပြထားတယ် နိုင်ငံ တော်ဘက်ကခွင့်ပြုချက်ရရင် ဩဂုတ်လလောက် စတင်ခွင့်ပြုနိုင်ပြီ”ဟု၎င်းကဆက်လက်ရှင်းပြသည်။

နိုင်ငံခြားသားပညာရှင်ခေါ်ယူမှုအတွက် ပညာရှင်အစစ်မှန်ဖြစ်ကြောင်း သံရုံးများ၏အသိမှတ်ပြုလက်မှတ်များကို အမိန့်ထုတ်ပြန်ပေးရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၊ အင်ဂျင်နီယာကောင်စီနှင့် ဗိသုကာကောင်စီတို့မှပညာရှင်များကို ပြည်တွင်းတွင်သင်တန်းများပေးပြီး အဆောက်အအုံစိစစ်ရေးကိစ္စများဆောင်ရွက်သွားမည်ဟု စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှသိရသည်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းများ ကွန်ဒိုအသစ်ဆောက်လုပ်ခြင်းအတွက် ဘဏ်တွင်တန်ဖိုး၏၁၅ရာခိုင်နှုန်း ပေးသွင်းခြင်းလုပ်ငန်းများကိုလဲ နှုန်းထားပြောင်းလဲပေးရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံခြားသားဝယ်ယူမှုအတွက် နိုင်ငံခြားငွေဘဏ်သို့လွဲပြောင်းမှုများကိုလည်း အသေးစိတ်ပြန်လဲညှိနှိုင်းမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

လက်ရှိကွန်ဒိုတိုက်ခန်းအသစ်ဆောက်လုပ်မှုတွင် ဆောက်လုပ်သူများမှ တည်ဆောက်စရိတ် ၁၅ ရာခိုင်နှုန်းကို ထည့်သွင်းရမည်ဖြစ်ပြီး အဆိုပါထည့်ဝင်ငွေများကို ဆောက်လုပ်ခွင့်ပါမစ်ကျပြီးမှသာပြန်လည်ထုတ်ပေးမည်ဖြစ်သောကြောင့်ဈေးကွက်အေးချိန်တွင် ဆောက်လုပ်သူအတွက်အခက်ခဲနိုင်ပေါ်နိုင်ကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

စုပေါင်းပိုင်အဆောက်အအုံဥပဒေတွင် နိုင်ငံခြားသားဝယ်ယူခွင့်ကို ၄ဝ ရာခိုင်နှုန်းသတ်မှတ်ထားပြီး နိုင်ငံခြားသားဝယ်ယူခွင့်ရရှိရန်ကွန်ဒိုတိုက်ခန်း မှတ်ပုံတင်ခြင်း ၊ ဆောက်လုပ်ခွင့်ပြုကန်ထရိုက်တာအဖြစ်ခွင့် ပြုခြင်းများပြုလုပ်လျက်ရှိပြီး လက်ရှိတွင် ကွန်ဒိုဆောက်လုပ်ခွင့်လိုင်စင် ၃၂ ခုထိ ချထားပေးပြီးဖြစ်ကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှသိရသည်။

လက်ရှိရန်ကုန်မြို့တွင် လာမည့်လတွင်နိုင်ငံခြားသားဝယ်ယူမှုများစတင်ခွင့်ပြုမည်ဖြစ်သော်လည်း ဈေးကွက်အတွင်း နိုင်ငံခြားသားအမှန်တကယ်ဝယ်ယူနိုင်သည့်ကွန်ဒိုတိုက်ခန်း ၄၀၀၀ ဝန်းကျင်သာရှိပြီး ဈေးကွက်ကိုသိသိသာသာရိုက်ခတ်မှုများဖြစ်ပေါ်နိုင်မည်မဟုတ်ကြောင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

Central Shop House
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service