အိမ်ခြံမြေကဏ္ဍ၌ ၂၂ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထုတ်ပြန်ထား - Property News in Myanmar from iMyanmarHouse.com
564 Views

အိမ်ခြံမြေကဏ္ဍ၌ ၂၂ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထုတ်ပြန်ထား

### Zawgyi Version ###






 



 

### Unicode Version ###

၁၉၈၈ မှ ၂၀၁၉ ခုနှစ်အထိ နှစ်ပေါင်း(၃၀)အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၅၇၄ ခုရှိရာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၈၃၅ ဒသမ ၄၇၅ ဘီလီ ယံကျော်ဖိုးကို ရင်းနှီးမြှုပ်နှံမှု လုပ်ထားသည်။မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအနေနှင့် မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းကြီး(၁၁) ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ထား ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံသည့် အဓိကလုပ်ငန်းကြီး(၁၁)ခုမှာ အိမ်ခြံမြေကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှု ဇုန်လုပ်ငန်းဆိုင်ရာ အိမ်ခြံမြေကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သတ္တုတွင်းထွက်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ နှင့်အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း သိရသည်။

ခွင့်ပြုရာခိုင်နှုန်းအများဆုံးအနေနှင့် အိမ်ခြံမြေကဏ္ဍတွင် ၂၂ ရာခိုင်နှုန်းရှိပြီး လုပ်ငန်း ၈၀ ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုပမာဏအနေနှင့် ကျပ် ၄၁၈၂ ဒသမ ၂၉၀ ဘီလီယံရှိကြောင်းသိရသည်။

ရာခိုင်နှုန်းအားဖြင့် ၁၈ ရာခိုင်နှုန်းကျော်ကို ကုန်ထုတ်လုပ်မှုကဏ္ဍတွင်လုပ်ငန်းပေါင်း ၈၆၈ ခု၊ ရင်းနှီးမြှုပ်နှံ မှုပမာဏ ကျပ် ၃၄၁၂ ဒသမ ၂၅၀ ဘီလျံကျော် ခွင့်ပြုပေးခဲ့ကြောင်း၊၁၅ ရာခိုင်နှုန်းကျော်ကို သယ်ယူပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းပေါင်း ၅၁ ခု၊ ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၂၈၅၄ ဒသမ ၃၁၀ ဘီလီယံ ကျော် ခွင့်ပြုပေးထာကြောင်း၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ၁၀ ရာခိုင်နှုန်းကျော်နှင့်ဆောက်လုပ်ရေး ကဏ္ဍ တွင် ခြောက်ရာခိုင်နှုန်းခန့်ရှိပြီး စက်မှုဇုန်လုပ်ငန်းဆိုင်ရာ အိမ်ခြံမြေကဏ္ဍတွင် လေးရာခိုင်နှုန်းကျော်၊ လျှပ်စစ် ကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်နှင့် အခြားကဏ္ဍများတွင် ၁၇ ရာခိုင်နှုန်းကျော်ဖြင့် အသီးသီးရှိကြောင်း သိရသည်။ ထို့ပြင် မွေးမြူရေးကဏ္ဍတွင် နှစ်ရာခိုင်နှုန်းနီးပါး၊ သတ္တုတွင်းထွက် ကဏ္ဍတွင် တစ်ရာခိုင်နှုန်းကျော်နှင့် စိုက်ပျိုးရေးကဏ္ဍတွင် သုည ဒသမ ၅ ရာခိုင်နှုန်းအောက်သာရှိပြီး အနည်းဆုံးဖြစ်ကြောင်း သိရသည်။

 

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service