စနစ္တက် အိမ္ေျပာင္းေရႊ႕ႏုိင္မယ့္နည္းလမ္းေကာင္းမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
4365 Views

စနစ္တက် အိမ္ေျပာင္းေရႊ႕ႏုိင္မယ့္နည္းလမ္းေကာင္းမ်ား

Knowledge | Posted by Zarni Kyaw

### Zawgyi Version ###

အိမ္ေနရာထုိင္ခင္း အသစ္တစ္ခုအတြက္ တစ္ေနရာနဲ႔ တစ္ေနရာ ေျပာင္းေရႊ႕ၾကတဲ့အခါ အိမ္ရဲ႕ပရိေဘာအသံုး အေဆာင္ေတြ ထုပ္ပိုးသယ္ေဆာင္ရတဲ့ေနရာေတြမွာ ဘယ္လုိအစီအစဥ္တက် ထုပ္ပုိးၿပီးေျပာင္းေရႊ႕ၾကမလဲ ဆုိတာနဲ႔ လြယ္လြယ္ကူကူေျပာင္းေရႊ႕ႏုိင္ၾကမယ္ဆုိတာက တကယ္ေတာ့ ထင္သေလာက္မလြယ္ကူပါဘူး။

အိမ္ေထာင္ပရိေဘာဂ အႀကီးႀကီးေတြကစလုိ႔ ဟုိးအေသးဆံုး အေသးအမႊားေလးေတြအထိထုပ္ပုိးသိမ္းဆည္းတဲ့ေနရာမွာ လြယ္ကူတဲ့အပုိင္းရွိသလုိ တခ်ိဳ႕ ပစၥည္းေတြက ထုပ္ပုိးသယ္ေဆာင္တဲ့ေနရာမွာ ခက္ခဲတဲ့ အေနအထားေတြလည္း ရွိပါတယ္။ ထုပ္ပုိးမႈမလံုၿခံဳလုိ႔ စနစ္မက်လုိ႔ အခ်ိဳ႕တန္ဖိုးႀကီးပစၥည္းေတြက်ိဳးပဲ့ ပ်က္စီးရတာေတြ၊ ေျပာင္းေရႊ႕မႈစနစ္မက်လုိ႔ အေခါက္ေခါက္အခါခါ ေျပာင္းေရႊ႕ေနရလုိ႔ လူပင္ပန္း၊ စိတ္ပင္ ပန္းရတာေတြစသျဖင့္ အခက္အခဲမ်ိဳးစံုနဲ႔ ႀကံဳေတြ႕ေနရတတ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလုိမ်ိဳးေနအိမ္ေတြေျပာင္းေရႊ႕တဲ့အခါ အသံုးအေဆာင္ပစၥည္းေတြကုိ ဘယ္လုိမ်ိဳးစည္းစနစ္တက် ထုပ္ပုိးၿပီး အလြယ္တကူ ေျပာင္းေရႊ႕လုိ႕ရႏုိင္မယ္ဆုိတဲ့ နည္းလမ္းေကာင္းေလးတခ်ိဳ႕ကုိေျပာျပေပးခ်င္ပါတယ္။

၁။ အိမ္ေျပာင္းေရႊ႕မႈအတြက္ မနက္ပုိင္းေစာေစာအခ်ိန္ ကတည္းကစတင္ပါ။ မိုးလင္းအခ်ိန္ကတည္းကေန ညေနပုိင္း မိုးခ်ဳပ္တဲ့အခ်ိန္ အထိယူထားတယ္ဆုိေတာ့ ေျပာင္းေရြ႕ဖုိ႔အတြက္ေလာက္ငတဲ့ အခ်ိန္ကုိရရွိႏုိင္မွာ ျဖစ္ၿပီးေန႔ဘက္ဆုိေတာ့ပုိၿပီးေတာ့ေျပာင္းေရႊ႕ရအဆင္ေျပႏုိင္မွာပါ။

၂။ ေျပာင္းေရႊ႕ရမယ့္ပစၥည္းေတြရဲ႕ စာရင္းလုပ္ပါ။ တကယ္တမ္းအေရးပါတဲ့ တန္ဖိုးႀကီးအသံုးအေဆာင္၊ ဂရုတစိုက္သယ္ေဆာင္မယ့္ ကြဲရွလြယ္၊ ပ်က္စီးလြယ္ ပစၥည္းစာရင္း၊ အရင္ေျပာင္းေရႊ႕ရမယ့္ ပရိေဘာဂႀကီးႀကီးမားမားနဲ႔ အိမ္ခန္းေနရာသစ္မွာ ထားရွိမယ့္ယာယီအထားအသို၊ ေနာက္ၿပီး ေဟာင္းႏြမ္းပ်က္စီးေနလုိ႔စြန္႔ ပစ္ခ်န္ထားမယ့္ အပ်က္အစီးေတြ စတာေတြအတြက္စာရင္းလုပ္ပါ။

၃။ ပရိေဘာဂ အသံုးအေဆာင္ေတြကုိ စနစ္တက်လံု လံုၿခံဳၿခံဳထုပ္ပိုးပါ။ ကတ္ထူ စကၠဴပံုးေတြ၊ ပလက္စတစ္ ျခင္းေတာင္း၊ ပံုးေတြ၊ ေနာက္ ခိုင္ခုိင္ခံ့ခံ့ရွိတဲ့ အိတ္ေတြ စတာေတြက ဒီေနရာမွာအရမ္းကုိ အသံုးဝင္ပါတယ္။ ခုိင္ခံ့တဲ့ ႀကိဳးေခြေတြ၊ ပလက္စတစ္တိတ္ေတြ၊ ပါကင္ တိတ္ေတြ၊ စတဲ့ အရာေတြကုိ မျဖစ္မေနအသံုးျပဳရမွာ ျဖစ္တဲ့အတြက္ ေဆာင္ထားသင့္ပါတယ္။

၄။ ထိခုိက္ကြယ္အက္လြယ္တဲ့ ပန္းအိုး၊ ေၾကြထည္ ပစၥည္း၊ပန္းကန္၊ မီးလံုး၊ဖန္ေခ်ာင္း၊ မွန္ေဘာင္ေတြ၊ ဖန္ခ်ပ္ စတဲ့အရာေတြကုိ ထူထူထဲထဲရွိတဲ့ ပလက္စတစ္ အိပ္ေတြ၊ေဖာ့လိပ္ေတြ၊စကၠဴရြက္ေတြက ထုပ္ပိုးသိမ္းဆည္းရလြယ္ကူၿပီး လံုလံုၿခံဳၿခံဳရွိေစပါတယ္။

၅။ တုိလီမိုလီ ပစၥည္းအတုိအစေတြကုိ တစ္စုတစ္စည္း ထဲအမ်ိဳးအစားအလုိက္သိမ္းဆည္းထုပ္ပိုးပါ။ ဥပမာ အ လွျပင္ပစၥည္း၊ ေဆးဝါးပစၥည္း၊ မီးဖုိေခ်ာင္သံုးပစၥည္း အိုး ခြက္စသည္၊ အပ္ခ်ဳပ္စက္ပစၥည္း အသံုးအေဆာင္ ပစၥည္း၊ ခ်ည္လံုး၊ ပိတ္စ၊ လွ်ပ္စစ္ပစၥည္း၊ အသံုးအ ေဆာင္ မီးႀကိဳး၊ မီးေခြ၊ စာအုပ္စာတန္းနဲ႔ ပတ္သက္တဲ့ အသံုးအေဆာင္၊ အိမ္ေမြးတိရစာၦန္ေမြးထားသူေတြက သူတုိ႔ေလးေတြရဲ႕အသံုးအေဆာင္ စသျဖင့္ သီးျခား ထုပ္ပုိးၿပီး သိမ္းဆည္းေျပာင္းေရႊ႕မယ္ဆုိရင္ ေနရာအသစ္ျပန္ခ်တဲ့ အခါရွာေဖြရလြယ္ကူၿပီး ျမန္ျမန္ဆန္ဆန္ပဲ ေနရာျပန္ခ်ရလြယ္ကူမွာလည္း ျဖစ္ပါတယ္။

၆။ အိမ္ေျပာင္းေရႊ႕မႈလုပ္ငန္း ကုိယ္ကုိတုိင္ေျပာင္းေရႊ႕တာပဲျဖစ္ျဖစ္၊ ဒီေန႔မွာေခတ္စားလာတဲ့ ေျပာင္းေရႊ႕မႈ လုပ္ငန္းလုပ္ကုိင္ေနတဲ့ အဖြဲ႔ေတြနဲ႔ပဲျဖစ္ျဖစ္ လုပ္ေဆာင္ ၾကေတာ့မယ္ဆုိရင္ ပစၥည္းေတြရဲ႕လံုၿခံဳစိတ္ခ်ရမႈကုိ အဓိက ဦးစားေပးေဆာင္ရြက္သင့္ပါတယ္။ တန္ဖိုးႀကီးတဲ့ ပစၥည္းအသံုးအေဆာင္၊ အေရးတႀကီးအသံုးဝင္တဲ့ အရာေတြေပ်ာက္ရွကြဲအက္တာတုိ႔ ျဖစ္သြားမယ္ဆုိရင္ အစားထုိးျပန္ရဖုိ႔ မလြယ္ကူႏုိင္ေတာ့တာေၾကာင့္ ဂရုတစုိက္ေျပာင္းေရႊ႕သင့္ပါတယ္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အိမ်နေရာထိုင်ခင်း အသစ်တစ်ခုအတွက် တစ်နေရာနဲ့ တစ်နေရာ ပြောင်းရွှေ့ကြတဲ့အခါ အိမ်ရဲ့ပရိဘောအသုံး အဆောင်တွေ ထုပ်ပိုးသယ်ဆောင်ရတဲ့နေရာတွေမှာ ဘယ်လိုအစီအစဉ်တကျ ထုပ်ပိုးပြီးပြောင်းရွှေ့ကြမလဲ ဆိုတာနဲ့ လွယ်လွယ်ကူကူပြောင်းရွှေ့နိုင်ကြမယ်ဆိုတာက တကယ်တော့ ထင်သလောက်မလွယ်ကူပါဘူး။

အိမ်ထောင်ပရိဘောဂ အကြီးကြီးတွေကစလို့ ဟိုးအသေးဆုံး အသေးအမွှားလေးတွေအထိထုပ်ပိုးသိမ်းဆည်းတဲ့နေရာမှာ လွယ်ကူတဲ့အပိုင်းရှိသလို တချို့ ပစ္စည်းတွေက ထုပ်ပိုးသယ်ဆောင်တဲ့နေရာမှာ ခက်ခဲတဲ့ အနေအထားတွေလည်း ရှိပါတယ်။ ထုပ်ပိုးမှုမလုံခြုံလို့ စနစ်မကျလို့ အချို့တန်ဖိုးကြီးပစ္စည်းတွေကျိုးပဲ့ ပျက်စီးရတာတွေ၊ ပြောင်းရွှေ့မှုစနစ်မကျလို့ အခေါက်ခေါက်အခါခါ ပြောင်းရွှေ့နေရလို့ လူပင်ပန်း၊ စိတ်ပင် ပန်းရတာတွေစသဖြင့် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုးနေအိမ်တွေပြောင်းရွှေ့တဲ့အခါ အသုံးအဆောင်ပစ္စည်းတွေကို ဘယ်လိုမျိုးစည်းစနစ်တကျ ထုပ်ပိုးပြီး အလွယ်တကူ ပြောင်းရွှေ့လို့ရနိုင်မယ်ဆိုတဲ့ နည်းလမ်းကောင်းလေးတချို့ကိုပြောပြပေးချင်ပါတယ်။

၁။ အိမ်ပြောင်းရွှေ့မှုအတွက် မနက်ပိုင်းစောစောအချိန် ကတည်းကစတင်ပါ။ မိုးလင်းအချိန်ကတည်းကနေ ညနေပိုင်း မိုးချုပ်တဲ့အချိန် အထိယူထားတယ်ဆိုတော့ ပြောင်းရွေ့ဖို့အတွက်လောက်ငတဲ့ အချိန်ကိုရရှိနိုင်မှာ ဖြစ်ပြီးနေ့ဘက်ဆိုတော့ပိုပြီးတော့ပြောင်းရွှေ့ရအဆင်ပြေနိုင်မှာပါ။

၂။ ပြောင်းရွှေ့ရမယ့်ပစ္စည်းတွေရဲ့ စာရင်းလုပ်ပါ။ တကယ်တမ်းအရေးပါတဲ့ တန်ဖိုးကြီးအသုံးအဆောင်၊ ဂရုတစိုက်သယ်ဆောင်မယ့် ကွဲရှလွယ်၊ ပျက်စီးလွယ် ပစ္စည်းစာရင်း၊ အရင်ပြောင်းရွှေ့ရမယ့် ပရိဘောဂကြီးကြီးမားမားနဲ့ အိမ်ခန်းနေရာသစ်မှာ ထားရှိမယ့်ယာယီအထားအသို၊ နောက်ပြီး ဟောင်းနွမ်းပျက်စီးနေလို့စွန့် ပစ်ချန်ထားမယ့် အပျက်အစီးတွေ စတာတွေအတွက်စာရင်းလုပ်ပါ။

၃။ ပရိဘောဂ အသုံးအဆောင်တွေကို စနစ်တကျလုံ လုံခြုံခြုံထုပ်ပိုးပါ။ ကတ်ထူ စက္ကူပုံးတွေ၊ ပလက်စတစ် ခြင်းတောင်း၊ ပုံးတွေ၊ နောက် ခိုင်ခိုင်ခံ့ခံ့ရှိတဲ့ အိတ်တွေ စတာတွေက ဒီနေရာမှာအရမ်းကို အသုံးဝင်ပါတယ်။ ခိုင်ခံ့တဲ့ ကြိုးခွေတွေ၊ ပလက်စတစ်တိတ်တွေ၊ ပါကင် တိတ်တွေ၊ စတဲ့ အရာတွေကို မဖြစ်မနေအသုံးပြုရမှာ ဖြစ်တဲ့အတွက် ဆောင်ထားသင့်ပါတယ်။

၄။ ထိခိုက်ကွယ်အက်လွယ်တဲ့ ပန်းအိုး၊ ကြွေထည် ပစ္စည်း၊ပန်းကန်၊ မီးလုံး၊ဖန်ချောင်း၊ မှန်ဘောင်တွေ၊ ဖန်ချပ် စတဲ့အရာတွေကို ထူထူထဲထဲရှိတဲ့ ပလက်စတစ် အိပ်တွေ၊ဖော့လိပ်တွေ၊စက္ကူရွက်တွေက ထုပ်ပိုးသိမ်းဆည်းရလွယ်ကူပြီး လုံလုံခြုံခြုံရှိစေပါတယ်။

၅။ တိုလီမိုလီ ပစ္စည်းအတိုအစတွေကို တစ်စုတစ်စည်း ထဲအမျိုးအစားအလိုက်သိမ်းဆည်းထုပ်ပိုးပါ။ ဥပမာ အ လှပြင်ပစ္စည်း၊ ဆေးဝါးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း အိုး ခွက်စသည်၊ အပ်ချုပ်စက်ပစ္စည်း အသုံးအဆောင် ပစ္စည်း၊ ချည်လုံး၊ ပိတ်စ၊ လျှပ်စစ်ပစ္စည်း၊ အသုံးအ ဆောင် မီးကြိုး၊ မီးခွေ၊ စာအုပ်စာတန်းနဲ့ ပတ်သက်တဲ့ အသုံးအဆောင်၊ အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေက သူတို့လေးတွေရဲ့အသုံးအဆောင် စသဖြင့် သီးခြား ထုပ်ပိုးပြီး သိမ်းဆည်းပြောင်းရွှေ့မယ်ဆိုရင် နေရာအသစ်ပြန်ချတဲ့ အခါရှာဖွေရလွယ်ကူပြီး မြန်မြန်ဆန်ဆန်ပဲ နေရာပြန်ချရလွယ်ကူမှာလည်း ဖြစ်ပါတယ်။

၆။ အိမ်ပြောင်းရွှေ့မှုလုပ်ငန်း ကိုယ်ကိုတိုင်ပြောင်းရွှေ့တာပဲဖြစ်ဖြစ်၊ ဒီနေ့မှာခေတ်စားလာတဲ့ ပြောင်းရွှေ့မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့ပဲဖြစ်ဖြစ် လုပ်ဆောင် ကြတော့မယ်ဆိုရင် ပစ္စည်းတွေရဲ့လုံခြုံစိတ်ချရမှုကို အဓိက ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်းအသုံးအဆောင်၊ အရေးတကြီးအသုံးဝင်တဲ့ အရာတွေပျောက်ရှကွဲအက်တာတို့ ဖြစ်သွားမယ်ဆိုရင် အစားထိုးပြန်ရဖို့ မလွယ်ကူနိုင်တော့တာကြောင့် ဂရုတစိုက်ပြောင်းရွှေ့သင့်ပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service