အမွန္တကယ္ေနထိုင္လိုသူမ်ားရရွိေစရန္စီစဥ္ေရာင္းခ်ေပးမည့္ မႏၱေလးရွိ ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာ - Property News in Myanmar from iMyanmarHouse.com
936 Views

အမွန္တကယ္ေနထိုင္လိုသူမ်ားရရွိေစရန္စီစဥ္ေရာင္းခ်ေပးမည့္ မႏၱေလးရွိ ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာ

 ### Zawgyi Version ###

ခ်မ္းျမသာစည္ၿမိဳ႕ နယ္ရွိ ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာတိုက္ခန္းမ်ားကိုေရာင္းခ်ရာတြင္ အမွန္တကယ္ ေနထိုင္လိုသူမ်ားသာရရွိေစရန္အတြက္ နည္းလမ္းတစ္မ်ိဳးျဖင့္ၾကပ္မတ္စီစဥ္ ေရာင္းခ်ရန္သြားမွာျဖစ္ၾကာင္း မႏၱေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ဦးေက်ာ္ဆန္းျမင့္က ေျပာထားသည္။

ျမရည္နႏၵာရပ္ကြက္ရွိ တန္ဖိုးမွ်တအိမ္ရာတိုက္ခန္းေပါင္း ၅၄၂ ခန္းကို မႏၱေလး ခရိုင္ ေျခာက္ၿမိဳ႕နယ္ အတြင္းရွိအရပ္ဘက္ႏိုင္ငံ႔ဝန္ထမ္းမ်ားႏွင့္အၿငိမ္းစားဝန္ထမ္းမ်ားအတြက္ ေရာင္းခ်ေပးႏိုင္ရန္ ဇြန္၁၇ ရက္မွ ၃၀ ရက္ေန႔အထိ မႏၱေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ရုံးဝင္အတြင္း ေလွ်ာက္လႊာတစ္ေစာင္လွ်င္ ၅၀၀ က်ပ္ႏႈန္းျဖင့္ေရာင္းခ်ေပးခဲ့သည္။စုစုေပါင္း ၁၆၃၃ ေစာင္ကိုေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။ေလွ်ာက္ထားသူမ်ားတြင္ အရပ္ဘက္ႏိုင္ငံ႔ဝန္ထမ္း ၁၂၂၁ ဦးႏွင့္အၿငိမ္းစားဝန္ထမ္း ၄၁၂ ဦးတို႔ ေလွ်ာက္လႊာဝယ္ယူေလွ်ာက္ ထားခဲ့ေၾကာင္းသိရသည္။

ယခင္ေရာင္းခ်ေပးခဲ့သည့္တိုက္ခန္းမ်ားတြင္ေလွ်ာက္လႊာတင္ၿပီးမဲႏိႈက္ေရာင္းခဲ့ေသာ္လိုခ်င္သည့္အထပ္ကိုမရသူမ်ားအေနႏွင့္ျပန္လည္အပ္ႏွံသူႏွင့္ဆက္သြယ္ျခင္းမရွိသည့္တိုက္ခန္းေပါင္း ၈၆ ခန္းရွိေၾကာင္း သိရသည္။အမွန္ေနလိုသူမ်ားအတြက္နစ္နာေၾကာင္း၊ယခုတစ္ႀကီမ္တြင္အဆိုပါအျဖစ္မ်ိဳး ထပ္မျဖစ္ေစဘဲ အမွန္ေနလိုသူတို႔အတြက္ပဲ မဲႏိႈက္ေနရာခ်ထားႏိုင္ေအာင္နည္းလမ္းေကာင္းတစ္ခုႏွင့္ၾကပ္မတ္စီစဥ္ၿပီး ေဆာင္ ရြက္သြားဖို႔ရွိေၾကာင္း သိရသည္။

ထိုတိုက္ခန္းမ်ားေရာင္းခ်မႈအတြက္ ေလွ်ာက္လႊာမ်ားကို ဇူလိုင္ ၁ ရက္မွ ၁၄ ရက္ေန႔အထိ ျပန္လည္ လက္ခံေပးသြားမွာျဖစ္ၿပီးယခင္ေလွ်ာက္ထားၿပီး မဲမေပါက္သူမ်ားကိုျပန္လည္ေလွ်ာက္ထားမႈအဆိုျပဳလႊာမ်ားကို ဇူလိုင္ ၁ ရက္ေန႔တြင္ စတင္လက္ခံေပးေနေၾကာင္းသိရသည္။

ယခုေရာင္းခ်မည့္ တန္ဖိုးမွ်တအိမ္ရာတိုက္ခန္းမ်ားကို ပြင့္လင္းျမင္သာစြာ မဲစနစ္ျဖင့္ေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္း သိရသည္။ထိုတိုက္ခန္းမ်ားမွာ တစ္ခန္းလွ်င္ ၆၆၁ စတုရန္းေပရွိ ေလးခန္းတြဲေျခာက္ထပ္ပါ အခန္း ၅၄၂ ခန္းျဖစ္ၿပီး တစ္ခန္းလွ်င္ကုန္သြယ္လုပ္ငန္းခြန္ သုံးရာခိုင္ႏႈန္းအပါအဝင္ ေျမညီထပ္ဆိုလွ်င္၂၆၇ သိန္း ရွစ္ေသာင္းက်ပ္၊ပထမထပ္ဆိုလွ်င္ ၂၄၇သိန္းႏွစ္ေသာင္းက်ပ္၊ဒုတိယထပ္ ၂၂၆သိန္းေျခာက္ေသာင္းက်ပ္၊ တတိယထပ္ ၂၁၆သိန္းသုံးေသာင္းက်ပ္၊စတုတၳထပ္ကို ၂၀၆သိန္းက်ပ္၊ပဥၥမထပ္ကို ၁၉၅သိန္းခုနစ္ေသာင္းႏႈန္း ျဖင့္ ေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္း သိရသည္။

မိုးယံလင္းထင္ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ချမ်းမြသာစည်မြို့ နယ်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာတိုက်ခန်းများကိုရောင်းချရာတွင် အမှန်တကယ် နေထိုင်လိုသူများသာရရှိစေရန်အတွက် နည်းလမ်းတစ်မျိုးဖြင့်ကြပ်မတ်စီစဉ် ရောင်းချရန်သွားမှာဖြစ်ကြာင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဦးကျော်ဆန်းမြင့်က ပြောထားသည်။

မြရည်နန္ဒာရပ်ကွက်ရှိ တန်ဖိုးမျှတအိမ်ရာတိုက်ခန်းပေါင်း ၅၄၂ ခန်းကို မန္တလေးခရိုင် ခြောက်မြို့နယ် အတွင်းရှိအရပ်ဘက်နိုင်ငံ့ဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအတွက် ရောင်းချပေးနိုင်ရန် ဇွန်၁၇ရက်မှ ၃၀ ရက်နေ့အထိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးဝင်အတွင်း လျှောက်လွှာတစ်စောင်လျှင် ၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးခဲ့သည်။စုစုပေါင်း ၁၆၃၃ စောင်ကိုရောင်းချနိုင်ခဲ့ကြောင်း သိရသည်။လျှောက်ထားသူများတွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်း ၁၂၂၁ ဦးနှင့်အငြိမ်းစားဝန်ထမ်း ၄၁၂ ဦးတို့ လျှောက်လွှာဝယ်ယူလျှောက် ထားခဲ့ကြောင်းသိရသည်။

ယခင်ရောင်းချပေးခဲ့သည့်တိုက်ခန်းများတွင်လျှောက်လွှာတင်ပြီးမဲနှိုက်ရောင်းခဲ့သော်လိုချင်သည့်အထပ်ကိုမရသူများအနေနှင့်ပြန်လည်အပ်နှံသူနှင့်ဆက်သွယ်ခြင်းမရှိသည့်တိုက်ခန်းပေါင်း ၈၆ ခန်းရှိကြောင်း သိရသည်။အမှန်နေလိုသူများအတွက်နစ်နာကြောင်း၊ယခုတစ်ကြီမ်တွင်အဆိုပါအဖြစ်မျိုး ထပ်မဖြစ်စေဘဲ အမှန်နေလိုသူတို့အတွက်ပဲ မဲနှိုက်နေရာချထားနိုင်အောင်နည်းလမ်းကောင်းတစ်ခုနှင့်ကြပ်မတ်စီစဉ်ပြီး ဆောင် ရွက်သွားဖို့ရှိကြောင်း သိရသည်။

ထိုတိုက်ခန်းများရောင်းချမှုအတွက် လျှောက်လွှာများကို ဇူလိုင် ၁ ရက်မှ ၁၄ ရက်နေ့အထိ ပြန်လည် လက်ခံပေးသွားမှာဖြစ်ပြီးယခင်လျှောက်ထားပြီး မဲမပေါက်သူများကိုပြန်လည်လျှောက်ထားမှုအဆိုပြုလွှာများကို ဇူလိုင် ၁ ရက်နေ့တွင် စတင်လက်ခံပေးနေကြောင်းသိရသည်။

ယခုရောင်းချမည့် တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများကို ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။ထိုတိုက်ခန်းများမှာ တစ်ခန်းလျှင် ၆၆၁ စတုရန်းပေရှိ လေးခန်းတွဲခြောက်ထပ်ပါ အခန်း ၅၄၂ ခန်းဖြစ်ပြီး တစ်ခန်းလျှင်ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းအပါအဝင် မြေညီထပ်ဆိုလျှင်၂၆၇ သိန်း ရှစ်သောင်းကျပ်၊ပထမထပ်ဆိုလျှင် ၂၄၇သိန်းနှစ်သောင်းကျပ်၊ဒုတိယထပ် ၂၂၆သိန်းခြောက်သောင်းကျပ်၊ တတိယထပ် ၂၁၆သိန်းသုံးသောင်းကျပ်၊စတုတ္ထထပ်ကို ၂၀၆သိန်းကျပ်၊ပဉ္စမထပ်ကို ၁၉၅သိန်းခုနစ်သောင်းနှုန်း ဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။

 

မိုးယံလင်းထင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service