ဆယ်အိမ်တန်းကမ်းခြေကို ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်သည့် အခြေအနေ ရှိမရှိ လေ့လာမည် - Property News in Myanmar from iMyanmarHouse.com
2293 Views

ဆယ်အိမ်တန်းကမ်းခြေကို ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်သည့် အခြေအနေ ရှိမရှိ လေ့လာမည်

ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ် တွင် တည်ရှိသည့် ဆယ်အိမ်တန်း အပန်းဖြေကမ်းခြေဒေသကို ခရီးသွားလုပ်ငန်းအဖြစ် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေရှိ၊ မရှိ လေ့လာမည်ဟု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဒေါ်နော်ပန်းသဉ္ဇာမျိုးက ဇွန် ၂၅ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းဝေးတွင် ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်၊ ယခင် လက်ခုပ်ကုန်းကမ်းခြေဟောင်း အနီးတွင် ဖြစ်ပေါ်လာသည့် ဆယ်အိမ်တန်း အလယ်ရွာကမ်းခြေ အပန်းဖြေစခန်းကို တရားဝင်အပန်းဖြေကမ်းခြေတစ်ခု ဖြစ်လာစေရန် တိုင်းအစိုးရအနေဖြင့် စီမံဆောင်ရွက်ပေးရန် အစီစဉ်ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မင်းမင်းက တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည်။

ဆယ်အိမ်တန်းကမ်းခြေ အပန်းဖြေဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရတစ်ဦးတည်း အကောင်ထည်ဖော်နိုင်ခြင်းမရှိပါကလည်း ပီပီပီ (အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်စနစ်)ဖြင့် ရင်းနှီးမြှုပ်နှံမှုဖော်ဆောင်ရန် ရှိမရှိကိုလည်း ထပ်မံမေးမြန်းခဲ့သည်။

''စီးပွားရေးအရ တွက်ခြေမကိုက်ရင် လုပ်ငန်းရှင်တော်တော်များများက လာရောက်ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါ ဘူး။ ဒါကြောင့် အစိုးရက စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိ ကနဦး ကွင်းဆင်းလေ့လာမှုပြုလုပ်ပါမယ်။ ပြီးတော့တွက်ခြေကိုက်နိုင်မယ့် စီးပွားရေးပုံစံမျိုးဖြစ်တဲ့ ပီပီပီစနစ်နဲ့ ဖိတ်ခေါ်နိုင်အောင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြပေးပါမယ်''ဟု ဝန်ကြီးက ပြောသည်။

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ဒေသခံပြည်သူများ၏ လူမှုအကျိုး စီးပွားဖွံ့ဖြိုးမှုကို အလျင်အမြန် အထောက်အပံ့ဖြစ်စေနိုင်သော်လည်း ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အစီအမံတစ်ခုရေးဆွဲရန် လိုအပ်သည်ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ယင်း အစီမံရေးဆွဲရေးအတွက် သာယာလှပသော ရှုခင်းများတည်ရှိမှု၊ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုများ တည်ရှိမှု၊ ဒေသခံများ၏ ဧည့်ဝတ်ပျူငှာမှုနှင့် ခရီးသွားဧည့်သည်များကို စနစ်တကျ ဝန်ဆောင်မှုပေးနိုင်ခြင်း ရှိ၊ မရှိတို့မှာ အခြေခံလိုအပ်ချက်များဖြစ်သည်။ထို့ပြင် ဒေသခံများ၏ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အသိပညာရှိမှုတို့အပြင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် အခြေခံအဆောက်အအုံများ ပြည့်စုံရန်လိုအပ်သည်ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်၊ ဆယ်အိမ်တန်းကမ်းခြေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ် ရေး၊ ရေချိုရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ကနဦးအစီစဉ်ဖြင့် အကောင်ထည် ဖော် ဆောင်ရွက်ပေးမည်ဟု ၎င်းကဆိုသည်။ယခင် လက်ခုပ်ကုန်းအပန်းဖြေကမ်းခြေဟောင်းအနီးတွင် အသစ်ပေါ်ထွက်လာသည့် ဆယ်အိမ်တန်းကမ်းခြေကို ရန်ကုန်မြို့မှသွားလျှင် နှစ်နာရီခန့်အတွင်း ရောက်ရှိနိုင်ပြီး ပြည်တွင်းခရီးသွားများ အများအပြားသွားရောက်သည့် ပင်လယ်ကမ်းခြေတစ်ခုဖြစ်လာသည်။

ကမ်းခြေရှိ ပင်လယ်ရေများမှာ ကြည်လင်မှုမရှိသော်လည်း သန့်ရှင်းလတ် ဆတ်သည့် ပင်လယ်လေနှင့် ပင်လယ်အစားအစာများ ရရှိသည့်အတွက် သွားရောက်အပန်းဖြေရန် နေရာကောင်းတစ်ခုဖြစ်သည်ဟု ပြီးခဲ့သည့် ပွင့်လင်းရာသီအတွင်း သွားရောက်ခဲ့သူများက ပြောသည်။ကွမ်းခြံကုန်းမြို့နယ်ရှိ၊ လက်ခုပ်ကုန်းကမ်းခြေကို ပြည်တွင်း၊ ပြည်ပဧည့်သည်များ သွားရောက်အပန်းဖြေနိုင်သည့် ကမ်းခြေဒေသအဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂ဝ၁၅ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

သို့သော်လည်း နုန်းပို့ချမှုများကြောင့် ကမ်းခြေအရည်အသွေးကျဆင်းခဲ့ပြီး ကမ်းခြေတွင်သောင်ပြင်များ ပေါ်ထွန်းလာမှုကြောင့် ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေမှု လျော့ကျသွားခဲ့သည်။လက်ရှိတွင် လက်ခုပ်ကုန်းကမ်းခြေရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနပိုင် ၁၈ ခန်းတွဲ ဟိုတယ်မှာလည်း ယိုယွင်းပျက်စီးသွားခဲ့ပြီး အသစ်ပြန်လည်တည်ဆောက်ရမည့် အခြေနေတွင်ရှိနေသည်။ 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service