ဇွန်လအတွင်း ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များမှ ဒေါ်လာ ၁၀ သန်း ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
939 Views

ဇွန်လအတွင်း ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များမှ ဒေါ်လာ ၁၀ သန်း ၀ယ်ယူ

ယခုလအတွင်း ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ ကန်ဒေါ်လာ ၁၀ သန်းကိုဈေးကွက် ပေါက်ဈေးဖြင့် ၀ယ်ယူသည်။

ဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေဒေါ်လာ လိုအပ်ချက်ရှိ ခြင်းကြောင့် ယင်းသို့ဝယ်ယူခြင်းဖြစ်နိုင်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူအချို့က ခန့်မှန်းသည်။ ပြည်တွင်း၌ ဒေါ်လာတန်ဖိုး အတက်၊ အကျ အနည်းငယ်ဖြင့် ပုံမှန်အခြေအနေရှိနေချိန်တွင် ဗဟိုဘဏ်က ဈေးကွက်ပေါက်ဈေးနီးပါးဖြင့် ဒေါ်လာဝယ်ယူနေခြင်းက နိုင်ငံခြားအရန်ငွေ လိုအပ်ချက်ကို ဖြည့်ဆည်းလိုခြင်း ကြောင့် ဖြစ်နိုင်သည်ဟု နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦးက ပြောသည်။

‘‘အခု တစ်ခါ ဗဟိုဘဏ် ၀ယ်တဲ့ပုံစံက လိုအပ်ချက်အတွက် ပုံမှန်ဝယ်တဲ့ ပုံစံမျိုးပါပဲ။ ဈေးကွက်ကို လှုပ်လှုပ်ရှားရှားဖြစ်အောင် သူဝင်မလုပ်သေးပါဘူး’’ ဟု ဦးရဲမင်းဦးက ပြောသည်။

ဗဟိုဘဏ်က ၂၀၁၈ နှစ် ကုန်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များ ထံမှ ဒေါ်လာကို ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီး ၀ယ်ယူခြင်းကြောင့် စီးပွားရေး လောကအတွင်း ဝေဖန်မှုများ ရှိခဲ့သည်။

ထို့ကြောင့် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာဝယ်ယူခြင်းကို စီးပွားရေးလုပ်ငန်းရှင်အချို့က စောင့်ကြည့်နေသည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲနှင့်ဆက်စပ်ပြီး ဒေါ်လာ နှင့် ယွမ်ငွေတန်ဖိုး ကျဆင်းမှုကို နိုင်ငံတကာတွင် ကြုံတွေ့နေရသည်။ ထို့ကြောင့် နိုင်ငံတကာ ငွေကြေးဈေးကွက်၌ ရွှေဈေးမြင့်တက်ပြီး ဒေါ်လာတန်ဖိုးကျဆင်းနေသည်။

သို့သော် ပြည်တွင်းငွေကြေးဈေးကွက်တွင် ဇွန်လအတွင်း ဒေါ်လာတန်ဖိုး ၁,၅၃၅ ကျပ်အထိ မြင့်တက်ပြီး ဇွန်လ ၂၄ ရက်တွင် ကျပ် ၁,၅၂၀ ခန့်ဖြင့် ဈေးတည် ငြိမ်နေသည်။

သို့သော် ပြည်တွင်းရွှေဈေးနှုန်းက စံချိန်တင်မြင့်တက်ပြီး ဇွန် လ ၂၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁ သိန်း ကျော် ဈေးရှိသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service