Discovery Channel ရုပ်သံလိုင်းတည်ထောင်သူက ကန်ဒေါ်လာ ၂၇၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသော ကော်လိုရာဒိုပြည်နယ်ရှိ မွေးမြူရေးခြံကြီး - Property News in Myanmar from iMyanmarHouse.com
799 Views

Discovery Channel ရုပ်သံလိုင်းတည်ထောင်သူက ကန်ဒေါ်လာ ၂၇၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသော ကော်လိုရာဒိုပြည်နယ်ရှိ မွေးမြူရေးခြံကြီး

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ အလွန်ဝေးကွာလှသော ဒေသတွင် ဧကပေါင်း ၈၇၀၀ အကျယ်အဝန်းရှိသည့် မွေးမြူရေးခြံကြီးကို ပိုင်ဆိုင်ထားသည့် Discovery Channel ရုပ်သံလိုင်းတည်ထောင်သူက ကန်ဒေါ်လာ ၂၇၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

အလွန်တရာ အပြောကျယ်လှသော ခြံဝန်းကြီးအတွင်း စတုရန်းပေ ၂၂၀၀၀ ကျယ်ဝန်းသော နေအိမ်တစ်လုံး၊ မော်တော်ကား ပြတိုက် ပါဝင်သည့် သီးသန့် အပန်းဖြေစခန်းတစ်ခုနှင့် လေယာဉ်သိုလှောင်ရုံတစ်ခုတို့ ပါဝင်သည်။

၁၉၉၀ ပြည့်လွန်ကာလများအတွင်း Discovery Channel ရုပ်သံလိုင်းတည်ထောင်သူ ဂျွန်ဟန်းဒရစ်စ်နှင့် ဇနီး မော်ရင်း ဟန်းဒရစ်စ်တို့သည် နယူးမက္ကဆီကိုပြည်နယ်တွင် အပန်းဖြေရန် နေအိမ်တစ်လုံး ဝယ်ယူတော့မည့်ဆဲဆဲအချိန်၌ မစ္စတာ ဟန်းဒရစ်စ်က ယူတားပြည်နယ်နှင့် ကော်လိုရာဒိုပြည်နယ် နယ်စပ်ဒေသ လူသူအလှမ်းကွာဝေးလှသော ဒေသတွင် အလွန်တရာကျယ်ပြောလှသော မွေးမြူရေးခြံကြီးတစ်ခုကို ရောင်းချမည့် သတင်းစာကြော်ငြာတစ်ခုကို ဖတ်ရှုမိခဲ့သည်။

…ကျွန်တော်ချက်ချင်းပဲ အဲဒါကို သွားကြည့်ခဲ့ပါတယ်..

Cessna လေယာဉ်တစ်စင်းဖြင့် သွားရောက်ခဲ့ပြီး နောက်နေ့ နံနက်ခင်းတွင် မွေးမြူရေးခြံကြီးရှိ လေယာဉ်ပြေးလမ်းပေါ်သို့ ရောက်ရှိခဲ့သည်။

အနီးရှိ ကျောက်တောင်များသို့ နေရောင်ဖြာကျနေပုံမှာ ပါလစ်ဆိတ်အရပ်နှင့် များစွာတူညီလှသည်ဟု မစ္စတာဟန်းဒရစ်စ်က တွေးတောမိသည်။

မစ္စတာ ဟန်းဒရစ်စ် ချက်ချင်းသဘောတွေ့သွားသည်။ ထိုကာလက ကော်လိုရာဒိုပြည်နယ်၊ ဂိတ်ဝေးဒေသ (အက်စ်ပန်မြို့ ၏ အနောက်ဘက် မိုင် ၁၈၀ အကွာ) ကလေးတွင် စာသင်ကျောင်းငယ်လေးတစ်ခု၊ ဓာတ်ငွေ့ဆိုင်တစ်ဆိုင်နှင့် အရက်ဘားတစ်ခုသာ ရှိခဲ့သည်။

သို့ရာတွင် ဝန်းကျင် ရှုမျှော်ခင်းများကား အလွန်ကြီးကျယ်ခမ်းနားလှသည်။

နောင် ၁၀ စုနှစ် ၃ ခုနီးပါးအကြာတွင် ဟန်းဒရစ်စ်မိသားစုသည် အဆိုပါမွေးမြူရေးခြံကြီးတွင် များစွာရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး ဖြစ်နေသည်။

ပင်မ ဧက ၇၀၀၀ နေရာတွင် အဆင့်မြင့်အပန်းဖြေစခန်းတစ်ခုနှင့် ဧကပေါင်း ၁၇၀၀ ပေါ်တွင် ကားပြတိုက်တစ်ခုတို့ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်ခန့်က ပင်မမွေးမြူရေးခြံကို ကန်ဒေါ်လာ ၁၄၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့ချေ။

ယခုအခါ မွေးမြူရေးခြံဝန်းကြီးတစ်ခုလုံးကို ၂၇၉ သန်းဖြင့် အရောင်းဈေးကွက်တင်ရန် ဆုံးဖြတ်လိုက်ကြခြင်းလည်း ဖြစ်သည်။

ယခုခေါ်ဈေးဝန်းကျင်ဖြင့် ရောင်းထွက်မည်ဆိုပါက ဒေသတွင်းတွင် ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်သွားမည် ဖြစ်သည်။

ဤမွေးမြူရေးခြံကြီးသည် ကော်လိုရာဒိုပြည်နယ်တွင် တည်ရှိသော ထိပ်တန်းမွေးမြူရေးခြံကြီး ၁၀ ခုခန့်အနက် တစ်ခု အပါအဝင် ဖြစ်သည်။

ထိုသို့သော ထိပ်တန်းခြံကြီးများတွင် KKR ကုမ္ပဏီတည်ထောင်သူ ဘီလျံနာကြီး ဟင်နရီ အာရ်-ကရာဗစ် ပိုင်ဆိုင်သော ဧက ၄၆၀၀ ရှိ Westlands မွေးမြူရေးခြံကြီးနှင့် ဘီလျံနာ ချာလီ ဂါလက်ဂျာပိုင်ဆိုင်သော ဧက ၆၀၀၀ ကျယ်ဝန်းသည့် Elk Island မွေးမြူရေး ခြံကြီးများလည်း ပါဝင်သည်။

မစ္စတာဟန်းဒရစ်၏ ခြံကြီးမှာ မြေမျက်နှာသွင်ပြင် အနေအထားအရ တမူထူးခြားသော ခြံကြီးဖြစ်သည်။

ဝန်းကျင်တွင် အရောင်အသွေးစုံလှသည့် ကျောက်ကမ်းပါး၊ ကျောက်ထရံကြီးများ၊ La Sal တောင်တန်း၏ ရှုမျှော်ခင်းများ၊ အဆိုပါတောင်တန်းများသည် အက်စ်ပန်၏ အဖြူရောင်တောင်ထွတ်များနှင့်စာလျှင် ယူတားပြည်နယ်၊ အရီဇိုးနားပြည်နယ်တို့တွင် တည်ရှိသော အနီရောင် ကျောက်ချောက်ကမ်းပါးကြီးများနှင့် သဏ္ဍာန်တူနေသည်။

အနီးစပ်ဆုံး လေဆိပ်မှာ တစ်နာရီခရီးဝေးကွာသောအရပ်တွင် တည်ရှိသည်။

ခြံဝန်းတွင် မြက်ခင်းလေယာဉ်ပြေးလမ်း၊ လေယာဉ်သိုလှောင်ရုံနှင့် ရဟတ်ယာဉ်ကွင်း ၂ ကွင်း ဖောက်လုပ်ပေးထားပြီး ယခုရောင်းချမှုတွင် ရဟတ်ယာဉ်တစ်စင်းလည်း ပါဝင်မည်ဟု ဆိုသည်။

အများပြည်သူသို့ ဖွင့်လှစ်ပြသထားသည့် မော်တော်ကားပြတိုက်တွင် မစ္စတာဟန်းဒရစ် စုဆောင်းထားသော မော်တော်ကား ၅၅ စင်းခန့် ပြသထားသည်။

ပြသထားသောကားများတွင် ၁၉၀၆ ခုနှစ်ထုတ် Cadillac ကားတစ်စင်းနှင့် ၁၉၂၉ ခုနှစ်ထုတ် Duesenberg ကားတစ်စင်းတို့ ပါဝင်ပြီး ယခုရောင်းချမှုတွင် ကားများလည်း ပါဝင်မည်ဟု ဆိုသည်။

အပန်းဖြေစခန်းသို့ လာရောက်သည့်ဧည့်သည်များကို Signature 100 Tesla Roadster အမျိုးအစား မော်တော်ကား စီးနင်းခွင့် ပေးထားသည်။

မစ္စတာဟန်းဒရစ်သည် ကလေးအရွယ်ကတည်းကပင် အာကာသကို စိတ်ဝင်စားခဲ့သူဖြစ်၏။

အဆိုပါ စိတ်ဝင်စားမှု မျိုးစေ့ကြောင့် စတုရန်း ၂၂၀၀၀ ပေ ကျယ်ဝန်းကာ ပွေဘလို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် ပင်မနေအိမ်တွင် စတုရန်းပေ ၄၀၀ ခန့်ရှိ နက္ခတ် တာရာကြည့်မျှော်စင် ထည့်သွင်းဆောက်လုပ်ထားသည်။

“အနီးဆုံးမြို့ နဲ့တောင် ၄၅ မိုင်လောက် ဝေးကွာတာကြောင့် ညအချိန်တွေမှာ ကောင်းကင်အလင်းညစ်ညမ်းမှုမရှိဘဲ ကြည်လင်တဲ့ ကောင်းကင်မြင်ကွင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ကြယ်တွေကို အနှောင့်အယှက်ကင်းစွာ ကြည့်ရှုခွင့်ရပါတယ်။ နဂါးငွေ့တန်းအပြင် အင်ဒရိုမီဒါ ဂလက်ဇီတွေကို ကြည့်ရတာဟာ တကယ့်အံ့ဖွယ်တစ်ပါးပါ”

ပင်မနေအိမ်တွင် စာကြည့်တိုက်၊ ရေကူးကန်၊ အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာ၊ စပါးကျီနှင့် မြင်းများအတွက် စားကျက်တို့လည်း ပါဝင်သည်။

ကနဦး ဧက ၇၀၀၀ ရရှိရန် မစ္စတာဟန်းဒရစ်တို့ ဇနီးမောင်နှံသည် ၁၉၉၀ ပြည့်လွန်ကာလများအတွင်း သီးခြား မွေးမြူရေး ခြံကြီး ၄ ခုကို ဝယ်ယူပေါင်းစည်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ၁၉၉၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် နောက်ထပ် ဧက ၁၇၀၀ ထပ်မံဝယ်ယူခဲ့ပြီး ၂၀၀၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင် အပန်းဖြေစခန်းကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အပန်းဖြေစခန်းကို Gateway Canyons Resort ဟု အမည်ပေးထားပြီး အပန်းဖြေအိမ်ငယ်များစွာတွင် တည်းခိုရန်အခန်းပေါင်း ၇၂ ခု၊ ………14 casitas ၊ စားသောက်ဆိုင် ၅ ခု၊ စီးပွားရေးကွန်ဖရင့်ကျင်းပရာနေရာများ ပါဝင်သည်။

Casitas မှာ constellations ကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။

မစ္စတာ ဟန်းဒရစ်က ပြောကြားရာတွင် အပန်းဖြေစခန်းနေရာအတွင်း လူနေအိမ် ၃၇၁ လုံး (သို့မဟုတ်) ကွန်ဒိုမီနီယံ ဆောက်လုပ်ခွင့် လျှောက်ထားရရှိပြီးဖြစ်ကြောင်း၊ ပိုင်ရှင်သစ်အနေဖြင့် ဆောက်လုပ်လိုပါက အသင့်ဆောက်လုပ်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အပန်းဖြေစခန်းသည် မြို့ ကြီးများနှင့် အလှမ်းဝေးသည်ဖြစ်ရာ လိုအပ်သည့်ပစ္စည်းများကို ကြိုတင်ဝယ်ယူရမည်ဖြစ်သော်လည်း စတိုးဆိုင်ငယ်တစ်ခု ထားရှိပေးထားကြောင်းလည်း မစ္စတာဟန်းဒရစ်က ဆိုသည်။

မူလကမူ အပန်းဖြေစခန်းကို ရောင်းချရန် ရည်ချက်ချက်မရှိခဲ့ကြောင်း၊ သို့ရာတွင် စုံစမ်းမေးမြန်းသူများ အမြဲရှိနေသောကြောင့် မွေးမြူရေးခြံနှင့် အပန်းဖြေစခန်း ၂ ခုလုံးကို ရောင်းချသွားတော့မည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် မွေးမြူရေးခြံတွင် လာရောက်နေထိုင်ဖြစ်သည့် အချိန်နည်းပါးလှသောကြောင့် ပြန်လည်ရောင်းချခြင်းလည်းဖြစ်ကြောင်း မစ္စတာ ဟန်းဒရစ်က ပြောကြားသည်။

ရှေရီ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

Upcoming Property Events

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service