ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်း မဟာဘောဂငွေကြေးကုမ္ပဏီက စတော့အိတ်ချိန်းဝင်ရန်ပြင်ဆင်နေကြောင်း - Property News in Myanmar from iMyanmarHouse.com
2012 Views

ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်း မဟာဘောဂငွေကြေးကုမ္ပဏီက စတော့အိတ်ချိန်းဝင်ရန်ပြင်ဆင်နေကြောင်း

ဒီနေ့ဖတ်ရတဲ့ သတင်းတွေထဲက အပတ်စဉ်ထုတ်မြန်မာတိုင်းမှာပါတဲ့ သတင်းလေးတွေက ပြန်လည်ဖောက်သည်ချဖို့ကောင်းတဲ့ စီးပွားရေးသတင်းတွေပါပဲ။အဲဒါကတော့ မဟာဘောဂငွေကြေးကုမ္ပဏီက အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲပြီး ရန်ကုန်စတော့အိတ်ချိန်းဝင်ဖို့ ပြင်ဆင်နေကြောင်းကို ကုမ္ပဏီရဲ့ ဘဏ္ဍာရေးမှူး ဒေါ်ပန်းပပက မြန်မာတိုင်းကိုပြောထားတဲ့အကြောင်းပါ။

မဟာဘောဂငွေကြေးကုမ္ပဏီဟာဆိုရင် ဘဏ်မဟုတ်တဲ့ငွေကြေးအဖွဲ့အစည်း (Non-Bank Financial Institution) အဖြစ်နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုင်စင်ချပေးထားတဲ့ကုမ္ပဏီများအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊သူတို့ကုမ္ပဏီဟာဆိုရင် လာမယ့် ၂၀၂၀ပြည့်နှစ်မှာ ချေးငွေပံ့ပိုးမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ် ဆိုတဲ့အကြောင်း၊လုပ်ငန်းတိုးချဲ့လုပ်ဆောင်မှုတွေအတွက် အများပိုင်ကုမ္ပဏီ အဖြစ်ပြောင်းလဲသွားရန်ပြင်ဆင်ခြင်းဖြစ်ကြောင်းကို ပြောထားပါတယ်။

ကုမ္ပဏီအနေနဲ့နောက်ပိုင်း ချေးငွေချေးဖို့ လျာထားတဲ့ ရာခိုင်နှုန်းပုံစံကို ပြောင်းလဲပြီးတိုးမြှင့်သွားဖို့နဲ့ ရုံးခွဲတွေ ထပ်တိုးမယ်၊ဒါနဲ့အတူ လျာထားချက်ရှိတာက အများပိုင်ကုမ္ပဏီပြောင်းတာနဲ့ရန်ကုန်စတော့အိတ်ချိန်း ဝင်ဖို့ ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပြောထားပါတယ်။

လက်ရှိမှာ မဟာဘောဂငွေကြေးကုမ္ပဏီအနေနဲ့ ချေးငွေထုတ်ပေးခြင်းကို တစ်ဦးချင်းချေးငွေ (Consumer Loan) နဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်း ချေးငွေ (SME Loan)စုစုပေါင်း (၈၀) ရာခိုင်နှုန်းနဲ့ အိမ်၊ခြံ၊မြေ၊ကား၊မြေငှားစာချုပ်စတဲ့ ပေါင်နှံပစ္စည်းတွေ ရယူပြီး ဆောင်ရွက်တဲ့ ချေးငွေများအတွက် (၂၀) ရာခိုင် နှုန်းအချိုးနဲ့ဆောင်ရွက်နေကြောင်း ပြောထားပြီး၊၂၀၁၉ လက်ကျန်အချိန်နဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကာလတွေမှာ တော့ အိမ်၊ခြံ၊မြေ၊ကား၊မြေငှားစာချုပ်စတဲ့ ပေါင်နှံပစ္စည်းများဆိုင်ရာ ချေးငွေများကို တိုးမြှင့်လုပ်ဆောင်ဖို့ပြင်ဆင်ခြင်းနဲ့အများပိုင်ကုမ္ပဏီပြောင်းလဲဖို့ ပြင်ဆင်မှုတွေလုပ်နေသော်လည်း အချိန်ကာလအတိအကျကိုမူ ပြောဆိုရန် ခက်ခဲနေသေးကြောင်း ပြောထားပါတယ်။

စီးပွားရေးဆိုင်ရာ စီမံကိန်းလျာထားချက် အစီအစဉ် (Business Plan) အရ ဆောင်ရွက်ရတာဖြစ်လို့ ဘယ်တော့ ပြောင်းဖြစ်မယ်ဆိုတာကပြောဖို့ခက်နေတာပါ။စီစဉ်ထားပေမယ့်မမြင်နိုင်တဲ့ အပြောင်းအလဲတွေကြောင့် ကြန့်ကြာတာတွေလဲဖြစ်သွားနိုင်တယ်လေ၊ငါးနှစ်၊ခြောက်နှစ်ထိကြာသွားဖို့ မရှိကြောင်း ပြောထားပါတယ်။

ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်း (Non-Bank Financial Institution) များကို ၂၀၁၃ခုနှစ်က စပြီး လုပ်ကိုင်ခွင်လိုင်စင်ကို မြန်နိုင်ငံတော်ဗဟိုဘဏ်က ချထားပေးခဲ့ရာ အခု ၂၀၁၉ ဧပြီလအထိဆိုရင် လုပ်ငန်းပေါင်း ၂၆ခုထိရှိလာပြီဖြစ်ကြောင်းလည်းသိရပါတယ်။

ဘဏ်မဟုတ်တဲ့ငွေကြေး အဖွဲ့အစည်းတွေ အနေနဲ့ တစ်ဦးချင်းဆီကငွေစုအပ်ငွေ လက်ခံတာကလွဲပြီးအခြားငွေကြေးဝန်ဆောင်မှုများကို ဘဏ်များလိုလုပ်ကိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းများဖြစ်ကြောင်းသိရပါတယ်။

မဟာဘောဂငွေကြေးကုမ္ပဏီအနေနဲ့က သူတို့ထံက ချေးငွေရယူနေတဲ့သူ အရေအတွက်ကို ၂၀၂၀ မှာ သုံးသောင်း (၃၀၀၀၀) ဝန်းကျင်အထိတတ်လာဖို့မျှော်မှန်ထားတဲ့ အကြောင်းကို ဒေါ်ပန်းပပကပြောထားပြီး၊ ရန်ကုန်စတော့အိတ်ချိန်း YSX တွင်လက်ရှိစာရင်းဝင် ကုမ္ပဏီ (၅) ခုထိုရှိထားပါကြောင်း သတင်းစကားမျှဝေရပါတယ်။

ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service