အသေးစားငွေရေးကြေးရေးလုပ်ငန်းများအတွက်အတိုးနှုန်းများသတ်မှတ် - Property News in Myanmar from iMyanmarHouse.com
1475 Views

အသေးစားငွေရေးကြေးရေးလုပ်ငန်းများအတွက်အတိုးနှုန်းများသတ်မှတ်

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် အသင်းဝင်များ၏ ချေးငွေ၊ စုဆောင်းငွေများနှင့်ပတ်သက်၍ အတိုးနှုန်းနှင့် အခြားကောက်ခံသည့် အခကြေးငွေများကို အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ် မှုကော်မတီက ဇွန်လပထမပတ်အတွင်း သတ် မှတ်ထုတ်ပြန်ခဲ့သည်။

တွက်ချက်ကောက်ခံ

အသေးစားချေးငွေအပေါ်ကောက်ခံသည့် အတိုးနှုန်းသည် ကျပ် ၁၀ဝ အတွက် တစ်လလျှင် ၂ ကျပ် ပြား ၃၀၊ တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်း ထက်မပိုရ၊ အတိုးနှုန်းတွက်ချက်ရာတွင် သက်ရောက်အတိုးနှုန်း (Effective Rate) ဖြင့်တွက်ချက်ကောက်ခံရမည်ဖြစ်ကြောင်း ယင်း ကော်မတီမှ သိရသည်။

ထို့ပြင် မဖြစ်မနေစုဆောင်းငွေအပေါ်တွင် ပေးသည့် အတိုးနှုန်းသည် ကျပ် ၁၀ဝ အတွက် တစ်လလျှင် ၁ ကျပ် ပြား ၂၀၊ တစ်နှစ်လျှင် ၁၄ ရာခိုင်နှုန်းထက်မနည်းစေရန်နှင့် ဆန္ဒ အလျောက် စုဆောင်းငွေအပေါ်၌ပေးသည့် အတိုးနှုန်းသည် ကျပ် ၁၀ဝ အတွက် တစ်လလျှင် ပြား ၈၀ ၊ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း ထက်မနည်းစေရန် သတ်မှတ်လိုက်ခြင်းဖြစ် သည်။

ဝန်ဆောင်မှုစရိတ်

အခြားကောက်ခံသော အခကြေးငွေများ ဖြစ်သည့် ချေးငွေဝန်ဆောင်မှုစရိတ်၊ ဘဏ် ဝန်ဆောင်မှုစရိတ်၊ ဒဏ်ကြေးများ၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုအတွက် ကောက်ခံ သည့် ဝန်ဆောင်ခ၊ လူမှုရေးထောက်ပံ့ငွေ အတွက် ထည့်ဝင်ကြေး၊ အသက်အာမခံကြေး၊ အသင်းဝင်ကြေး၊ စာအုပ်နှင့် စာရွက်စာတမ်း ကြေးတို့သည် ချေးငွေထုတ်ချေးသည့်ကာလ ၁၂ လအတွက် ချေးငွေပမာဏ၏ နှစ်ရာခိုင် နှုန်းထက်မပိုစေရန်တို့အပြင် ၁၂ လအောက် နှင့် ၁၂ လအထက်ချေးငွေများအတွက် အခြား ကောက်ခံသည့် အခကြေးငွေစုစုပေါင်းသည် တစ်နှစ်လျှင် ချေးငွေပမာဏ၏ နှစ်ရာခိုင်နှုန်း အပေါ်အခြေခံ၍ တွက်ချက်ကောက်ခံရမည် ဖြစ်သည်။

စတင်အကျိုးသက်ရောက်

ယင်းအတိုးနှုန်းများသတ်မှတ်ခြင်းသည် ယခုနှစ် ဇွန် ၁ ရက်ကပင် စတင်အကျိုးသက် ရောက်မှုရှိပြီး ယခင်ထုတ်ပြန်ခဲ့သည့် ချေးငွေ အပေါ် ပေးကောက်ခံရမည့် အတိုးနှုန်းနှင့် စုဆောင်းငွေအပေါ်ပေးရမည့် အတိုးနှုန်းကို ယခုညွှန်ကြားချက်ဖြင့် ကျော်လွန်လွှမ်းမိုး လိုက်ကြောင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service