မြေ၊ အိမ်၊ တိုက်ခန်း ဝယ်ရင် အလွတ်လက်ရောက်အပ်မှ လက်ခံပါ - Property Knowledge in Myanmar from iMyanmarHouse.com
4944 Views

မြေ၊ အိမ်၊ တိုက်ခန်း ဝယ်ရင် အလွတ်လက်ရောက်အပ်မှ လက်ခံပါ

Knowledge | Posted by Aye Myat Thu

[Unicode]

ရန်ကုန်မြို့တွင်းမှ တိုက်ခန်း ဝယ်လိုသူများအနေ နဲ့ တိုက်ခန်း အရောင်းအဝယ်စာချုပ်ပေးဖို့ ကျွနု်ပ် ကိုလာခေါ်တဲ့အခါ စာချုပ်စာတမ်းတွေ အသေအချာ စစ်ဆေးပေးပါ။ ပြည့်စုံမှန်ကန်တယ်ဆိုရင် စရန်ငွေပေးစာချုပ်မယ်။ ပြီးရင် သတင်းစာကြော်ငြာမယ်။ (၇)ရက် သို့မဟုတ် (၁၄)ရက် ကြော်ငြာချင်တယ်။ သတ်မှတ်ရက်အတွင်းမှာ ကန့်ကွက်မည့်သူ မရှိဘူးဆိုရင် အပြီးငွေချေ စာချုပ်ချုပ်မယ်...စသဖြင့် မိမိ တို့ ဖြစ်ချင်တဲ့ဆန္ဒတွေကို ရှေ့နေကို ပြောပြကြတယ်။

ရှေ့နေကလည်း မေးရတာပေါ့။ အခုရောင်းမယ့်သူ နဲ့ ရင်းနှီးပြီးသားလား။ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်လားလို့ မေးကြည့်တဲ့အခါ အချို့ကလည်း အသိအကျွမ်းမဟုတ်ကြဘူး။ တစ်လမ်းထဲနေသူအချင်းချင်းလည်း မဟုတ်ဘူး။ အခုမှ ပွဲစား က မိတ်ဆက်ပေးလို့ ဝယ်ဖို့ဆုံးဖြတ်ကြတာလို့ ပြောကြပါတယ်။

များသောအားဖြင့်တော့ ပွဲစားလုပ်သူကို ပေးလိုက်ရင်တော့ အဖြေမှန်ပေါ်တာပါပဲ။ တိုက်ခန်းရောင်းချင်သူတော် တော်များများက ပွဲစားမပါဘဲ တိုက်ခန်းရောင်းမယ်လို့ ဖုန်းနံပါတ်ရေးပြီး ကြော်ငြာပေမယ့် ဝယ်လိုသူတွေက သတိမထားမိကြတော့မသိလိုက်ကြဘူး။ အကျိုးဆောင်ဆိုသူတွေကတော့ သူတို့ကို လာအပ်ထားတာကိုလည်း လက်ခံပြီး အကျိုးဆောင် ပေးပါတယ်။ ဒါနဲ့ပဲ မတင်းတိမ်နိုင်လို့ အိမ်ရောင်းမယ်၊ တိုက်ခန်းရောင်းမယ့် ဆိုင်းဘုတ်တွေ့ရင်လည်း ဖုန်းဆက်ပြီး စုံစမ်းလေ့လာလိုက်တာပဲ။ တစ်ခါတစ်ရံကြုံရင် အိမ်ရောင်းမယ်၊ တိုက်ရောင်းမယ် ဖုန်းနံပါတ်ကြော်ငြာထားတဲ့ အိမ်ကို သွားရောက်မေးမြန်း ကြည့်တဲ့အခါ ဆိုင်းဘုတ်ချိတ်ထားသူက ပွဲစားဖြစ်နေတတ်တယ်။ များသောအားဖြင့် ရောင်းမယ့်ပိုင်ရှင်တွေက သူတို့ကိုယ်တိုင်ကြော်ငြာတာနည်းတယ်။ သိက္ခာကျမှာစိုးလို့ ကိုယ်တိုင် မကြော်ငြာတာလားတော့ မပြောတတ်ပါဘူး။ ဒါလည်း အပြစ် သွားပြောလို့ ဘယ်ဖြစ်မလဲ။ လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုရိုးရှိနေတာပဲ။

အဲ...ပြောချင်တာက ဒါမဟုတ်ဘူး။ ဝယ်သူနဲ့ အကျိုးဆောင်လုပ်သူက ရှေ့နေလာခေါ် တဲ့အခါ ရောင်းသူထံမှာရှိတဲ့ စာရွက်စာတမ်းတွေ ကြည့်ပေးဖို့သာပြောပြီး ရောင်းမယ့်အိမ်က ပိုင်ရှင်ကိုယ် တိုင်နေတာလား။ အိမ်ငှားတွေတင် ထားတာလား ဒါမှမဟုတ် အိမ်ကို သော့ပိတ်ထားတာလားဆိုတာကို ရှင်းရှင်းလင်းလင်းပြောမသွားကြဘူး မေ့နေတတ် ကြတယ်။

တကယ်တော့ အိမ်တစ်အိမ်၊ တိုက်ခန်းတစ်ခန်းဝယ်ပြီဆိုရင် စာရွက်စာတမ်း ပြည့်စုံရုံနဲ့ မရသေးဘူး။ ရောင်းတဲ့လူက အပြီးငွေချေတဲ့နေ့မှာ အိမ်ကို လက်ရောက်အပ်ဖို့လိုတယ်။ တစ်ချို့ဆိုရင် တိုက်ခန်းအရောင်း အဝယ်လုပ်စဉ်က အပြီးငွေချေတဲ့နေ့မှာ အိမ်ငှားတွေကို အပြီး ရှင်းပေးထားမယ် လို့ ဝန်ခံကတိ ပြုခဲ့ပေမယ့် တကယ်လည်း အပြီးငွေချေတဲ့နေ့ လည်းရောက်ရော အိမ်ငှားတွေက ဆင်းမပေးနိုင်ဘူးလို့ ငြင်းဆန်နေတာကို တွေ့ဖူးတယ်။

အဲဒီကို အိမ်ငှားသူတွေက ဆင်းပေးဖို့ ငြင်းဆန်တဲ့ အကြောင်းကလည်းရှိသေးတယ်။ သူတို့က တစ်နှစ်စာချုပ်ထား တာ၊ (၃) နှစ်စာချုပ်ထားတာ၊ နောက်(၂)လမှ ပြည့်မယ်။ အဲဒီ ကျမှဆင်းပေးမယ်ဆိုပြီး ဆင်းဖို့အတင်းငြင်းတတ်ကြတယ်။ အိမ်ငှားတွေဘက်က ပြောမယ်ဆိုရင် ပြောလောက်စရာပဲ။ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေအရ ဆက်မငှားလိုရင် အိမ်ရှင်က ကြိုပြောလေ။ အခုလိုကြီး စရန်ငွေယူပြီးတဲ့နောက်မှ ကျွန်တော်က အခန်းကို ရောင်းလိုက် ပြီ၊ ခင်ဗျားတို့ဖယ်ပေးတော့။ ကျန်နေတဲ့ (၁)လစာ (၂)လစာ ကို ပြန်အမ်းလိုက်မယ်။ စပေါ်လည်း ပြန်အမ်းပေးမယ်ဆိုပြီး ရာဇသံပေးသလိုလုပ်တော့ အခန်းငှားသူကလည်း “လမပြည့်”ဘဲနဲ့ ဖယ်မပေးနိုင်ဘူးဆိုပြီး အပေါ်စီးနဲ့ ခပ်တင်းတင်း ပြောပါ လေရော။

ဒီတော့မှ အိမ်ရှင်လည်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ငယ်ထိပ်မြွေပေါက်သလို ခံစားရပြီး အကျဉ်းအကျပ်ထဲ ရောက်တော့တာပေါ့။ ဆုပ်လည်းစူး၊ စားလည်းရူး ဆိုသလို ဝယ်သူကို စရန်ငွေပြန်အမ်းရင်လည်း စရန်ငွေကအနည်းဆုံး သိန်း ၅၀၀ ယူထားတာဖြစ်နေတယ်။ ဝယ်သူတို့ပြန်အမ်းရရင် လည်း စရန်ငွေ (၂)ဆပေးရမှာဆိုတော့ မချောင်ဘူး။

တိုက်ခန်းငှားသူကလည်း (၂)လစာ ပြန်အမ်းတာ လက်မခံဘူး။ အိမ်ရှင်ဘက်က အငှားစာချုပ်ဖောက်ဖျက်တာရယ်၊ ကြိုမပြောတာရယ်၊ ဖုတ်ပူမီးတိုက်ရွှေ့ပြောင်းပေးရတာရယ် စတဲ့ ဒုက္ခတွေကြောင့် နစ်နာကြေး သိန်း ၅၀၀ ပေးရင် ဆင်းပေးမယ်လို့တောင်းဆိုပါလေရော။

အဲဒီတော့မှ ကာလပြောင်းပြန်တွေဖြစ်တော့တာပဲ။ အိမ်ရှင်က အပေါ်စီးကနေရမယ့်အစား မျက်နှာငယ်လေးနဲ့ တိုက်ခန်းငှားသူကို အောက်ကျို့ဆက်ဆံရတာတွေဖြစ်လာတယ်။ သိန်း ၅၀၀ မပေးဘဲနဲ့ မဆင်းနိုင်ဘူးဆိုပေမယ့် အိမ်ရှင်ကတော့ စေတနာမရှိတဲ့အတွက် တစ်ပြားမှတောင်ပေးချင်မှာ မဟုတ်ဘူးလေ။ ဒီတော့ အိမ်ငှားကိုတော့ပြန်ပြီးအောက်မကျို့တော့ ဘူး။ ဝယ်သူကိုပဲ မေတ္တာရပ်ခံတောင်းပန်ဖို့ ဆုံးဖြတ်ရတော့ တာပေါ့။

ဗုဒ္ဓဘာသာ ဝယ်သူအများစုကလည်း ဒီလိုချည်းတော့ သူများပိုက်ဆံအလကားမယူချင်ကြဘူး။ ရောင်းသူကိုယ်တိုင် က မေတ္တာရပ်ခံတောင်းပန်လာတော့လည်း သဘောထား ပျော့ ပြောင်းပြီး အိမ်ငှားတွေဆင်းတဲ့လအထိ စောင့်ပေးကြသူလည်း ရှိပါတယ်။ ဒါဘာပြောချင်တာလည်းဆိုတော့ ဝယ်သူများအနေ နဲ့ မိမိဝယ်ယူမည့်တိုက်ခန်းဖြစ်စေ၊ မြေနဲ့ အိမ်ဖြစ်စေ၊ ရောင်းမယ့် မြေ၊ အိမ်၊ တိုက်ခန်းဟာ အိမ်ငှားတွေရှိလားလို့ မမေးလိုက်မိတဲ့ အချက်ကြောင့်ပါပဲ။ ဒါကြောင့် မြေ၊ အိမ် တိုက်ခန်းဝယ် ရင် အခန်းလွတ်လက်ရောက်အပ်မှ ဝယ်ကြပါလို့ အကြံပေး တိုက်တွန်းလိုက်ရပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

 

[Zawgyi]

ေျမ၊ အိမ္၊ တိုက္ခန္း ၀ယ္ရင္ အလြတ္လက္ေရာက္အပ္မွ လက္ခံပါ

ရန္ကုန္ၿမိဳ႕တြင္းမွ တုိက္ခန္း ၀ယ္လိုသူမ်ားအေန နဲ႔ တိုက္ခန္း အေရာင္းအ၀ယ္စာခ်ဳပ္ေပးဖို႔ ကၽြႏု္ပ္ ကိုလာေခၚတဲ့အခါ စာခ်ဳပ္စာတမ္းေတြ အေသအခ်ာ စစ္ေဆးေပးပါ။ ျပည့္စံုမွန္ကန္တယ္ဆိုရင္ စရန္ေငြေပးစာခ်ဳပ္မယ္။ ၿပီးရင္ သတင္းစာေၾကာ္ျငာမယ္။ (၇)ရက္ သို႔မဟုတ္ (၁၄)ရက္ ေၾကာ္ျငာခ်င္တယ္။ သတ္မွတ္ရက္အတြင္းမွာ ကန္႔ကြက္မည့္သူ မရွိဘူးဆိုရင္ အၿပီးေငြေခ် စာခ်ဳပ္ခ်ဳပ္မယ္...စသျဖင့္ မိမိ တို႔ ျဖစ္ခ်င္တဲ့ဆႏၵေတြကို ေရွ႕ေနကို ေျပာျပၾကတယ္။

ေရွ႕ေနကလည္း ေမးရတာေပါ့။ အခုေရာင္းမယ့္သူ နဲ႔ ရင္းႏွီးၿပီးသားလား။ ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္လားလို႔ ေမးၾကည့္တဲ့အခါ အခ်ဳိ႕ကလည္း အသိအကၽြမ္းမဟုတ္ၾကဘူး။ တစ္လမ္းထဲေနသူအခ်င္းခ်င္းလည္း မဟုတ္ဘူး။ အခုမွ ပြဲစား က မိတ္ဆက္ေပးလို႔ ၀ယ္ဖို႔ဆံုးျဖတ္ၾကတာလို႔ ေျပာၾကပါတယ္။

မ်ားေသာအားျဖင့္ေတာ့ ပြဲစားလုပ္သူကို ေပးလိုက္ရင္ေတာ့ အေျဖမွန္ေပၚတာပါပဲ။ တိုက္ခန္းေရာင္းခ်င္သူေတာ္ ေတာ္မ်ားမ်ားက ပြဲစားမပါဘဲ တိုက္ခန္းေရာင္းမယ္လို႔ ဖုန္းနံပါတ္ေရးၿပီး ေၾကာ္ျငာေပမယ့္ ၀ယ္လိုသူေတြက သတိမထားမိၾကေတာ့မသိလိုက္ၾကဘူး။ အက်ဳိးေဆာင္ဆိုသူေတြကေတာ့ သူတို႔ကို လာအပ္ထားတာကိုလည္း လက္ခံၿပီး အက်ဳိးေဆာင္ ေပးပါတယ္။ ဒါနဲ႔ပဲ မတင္းတိမ္ႏိုင္လို႔ အိမ္ေရာင္းမယ္၊ တိုက္ခန္းေရာင္းမယ့္ ဆိုင္းဘုတ္ေတြ႕ရင္လည္း ဖုန္းဆက္ၿပီး စံုစမ္းေလ့လာလိုက္တာပဲ။ တစ္ခါတစ္ရံႀကံဳရင္ အိမ္ေရာင္းမယ္၊ တိုက္ေရာင္းမယ္ ဖုန္းနံပါတ္ေၾကာ္ျငာထားတဲ့ အိမ္ကို သြားေရာက္ေမးျမန္း ၾကည့္တဲ့အခါ ဆိုင္းဘုတ္ခ်ိတ္ထားသူက ပြဲစားျဖစ္ေနတတ္တယ္။ မ်ားေသာအားျဖင့္ ေရာင္းမယ့္ပိုင္ရွင္ေတြက သူတို႔ကိုယ္တိုင္ေၾကာ္ျငာတာနည္းတယ္။ သိကၡာက်မွာစိုးလို႔ ကိုယ္တိုင္ မေၾကာ္ျငာတာလားေတာ့ မေျပာတတ္ပါဘူး။ ဒါလည္း အျပစ္ သြားေျပာလို႔ ဘယ္ျဖစ္မလဲ။ လူတစ္ကိုယ္ စိတ္တစ္မ်ဳိး ဆို႐ိုးရွိေနတာပဲ။

အဲ...ေျပာခ်င္တာက ဒါမဟုတ္ဘူး။ ၀ယ္သူနဲ႔ အက်ဳိးေဆာင္လုပ္သူက ေရွ႕ေနလာေခၚ တဲ့အခါ ေရာင္းသူထံမွာရွိတဲ့ စာရြက္စာတမ္းေတြ ၾကည့္ေပးဖို႔သာေျပာျပီး ေရာင္းမယ့္အိမ္က ပိုင္ရွင္ကိုယ္ တိုင္ေနတာလား။ အိမ္ငွားေတြတင္ ထားတာလား ဒါမွမဟုတ္ အိမ္ကို ေသာ့ပိတ္ထားတာလားဆိုတာကို ရွင္းရွင္းလင္းလင္းေျပာမသြားၾကဘူး ေမ့ေနတတ္ ၾကတယ္။

တကယ္ေတာ့ အိမ္တစ္အိမ္၊ တိုက္ခန္းတစ္ခန္း၀ယ္ၿပီဆိုရင္ စာရြက္စာတမ္း ျပည့္စံု႐ံုနဲ႔ မရေသးဘူး။ ေရာင္းတဲ့လူက အၿပီးေငြေခ်တဲ့ေန႔မွာ အိမ္ကို လက္ေရာက္အပ္ဖို႔လိုတယ္။ တစ္ခ်ဳိ႕ဆိုရင္ တိုက္ခန္းအေရာင္း အ၀ယ္လုပ္စဥ္က အၿပီးေငြေခ်တဲ့ေန႔မွာ အိမ္ငွားေတြကို အၿပီး ရွင္းေပးထားမယ္ လို႔ ၀န္ခံကတိ ျပဳခဲ့ေပမယ့္ တကယ္လည္း အၿပီးေငြေခ်တဲ့ေန႔ လည္းေရာက္ေရာ အိမ္ငွားေတြက ဆင္းမေပးႏိုင္ဘူးလို႔ ျငင္းဆန္ေနတာကို ေတြ႕ဖူးတယ္။

အဲဒီကို အိမ္ငွားသူေတြက ဆင္းေပးဖို႔ ျငင္းဆန္တဲ့ အေၾကာင္းကလည္းရွိေသးတယ္။ သူတို႔က တစ္ႏွစ္စာခ်ဳပ္ထား တာ၊ (၃) ႏွစ္စာခ်ဳပ္ထားတာ၊ ေနာက္(၂)လမွ ျပည့္မယ္။ အဲဒီ က်မွဆင္းေပးမယ္ဆိုၿပီး ဆင္းဖို႔အတင္းျငင္းတတ္ၾကတယ္။ အိမ္ငွားေတြဘက္က ေျပာမယ္ဆိုရင္ ေျပာေလာက္စရာပဲ။ ၁၉၆၀ ျပည့္ႏွစ္ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒအရ ဆက္မငွားလိုရင္ အိမ္ရွင္က ႀကိဳေျပာေလ။ အခုလိုႀကီး စရန္ေငြယူၿပီးတဲ့ေနာက္မွ ကၽြန္ေတာ္က အခန္းကို ေရာင္းလိုက္ ၿပီ၊ ခင္ဗ်ားတို႔ဖယ္ေပးေတာ့။ က်န္ေနတဲ့ (၁)လစာ (၂)လစာ ကို ျပန္အမ္းလိုက္မယ္။ စေပၚလည္း ျပန္အမ္းေပးမယ္ဆိုၿပီး ရာဇသံေပးသလိုလုပ္ေတာ့ အခန္းငွားသူကလည္း “လမျပည့္”ဘဲနဲ႔ ဖယ္မေပးႏိုင္ဘူးဆိုၿပီး အေပၚစီးနဲ႔ ခပ္တင္းတင္း ေျပာပါ ေလေရာ။

ဒီေတာ့မွ အိမ္ရွင္လည္း ေျခမကိုင္မိ၊ လက္မကိုင္မိ ျဖစ္ကာ ငယ္ထိပ္ေႁမြေပါက္သလို ခံစားရၿပီး အက်ဥ္းအက်ပ္ထဲ ေရာက္ေတာ့တာေပါ့။ ဆုပ္လည္းစူး၊ စားလည္း႐ူး ဆိုသလို ၀ယ္သူကို စရန္ေငြျပန္အမ္းရင္လည္း စရန္ေငြကအနည္းဆံုး သိန္း ၅၀၀ ယူထားတာျဖစ္ေနတယ္။ ၀ယ္သူတို႔ျပန္အမ္းရရင္ လည္း စရန္ေငြ (၂)ဆေပးရမွာဆိုေတာ့ မေခ်ာင္ဘူး။

တိုက္ခန္းငွားသူကလည္း (၂)လစာ ျပန္အမ္းတာ လက္မခံဘူး။ အိမ္ရွင္ဘက္က အငွားစာခ်ဳပ္ေဖာက္ဖ်က္တာရယ္၊ ႀကိဳမေျပာတာရယ္၊ ဖုတ္ပူမီးတိုက္ေရႊ႕ေျပာင္းေပးရတာရယ္ စတဲ့ ဒုကၡေတြေၾကာင့္  နစ္နာေၾကး သိန္း ၅၀၀ ေပးရင္ ဆင္းေပးမယ္လို႔ေတာင္းဆိုပါေလေရာ။

အဲဒီေတာ့မွ ကာလေျပာင္းျပန္ေတြျဖစ္ေတာ့တာပဲ။ အိမ္ရွင္က အေပၚစီးကေနရမယ့္အစား မ်က္ႏွာငယ္ေလးနဲ႔ တိုက္ခန္းငွားသူကို ေအာက္က်ဳိ႕ဆက္ဆံရတာေတြျဖစ္လာတယ္။ သိန္း ၅၀၀ မေပးဘဲနဲ႔ မဆင္းႏိုင္ဘူးဆိုေပမယ့္ အိမ္ရွင္ကေတာ့ ေစတနာမရွိတဲ့အတြက္ တစ္ျပားမွေတာင္ေပးခ်င္မွာ မဟုတ္ဘူးေလ။ ဒီေတာ့ အိမ္ငွားကိုေတာ့ျပန္ၿပီးေအာက္မက်ဳိ႕ေတာ့ ဘူး။ ၀ယ္သူကိုပဲ ေမတၱာရပ္ခံေတာင္းပန္ဖို႔ ဆံုးျဖတ္ရေတာ့ တာေပါ့။

ဗုဒၶဘာသာ ၀ယ္သူအမ်ားစုကလည္း ဒီလိုခ်ည္းေတာ့ သူမ်ားပိုက္ဆံအလကားမယူခ်င္ၾကဘူး။ ေရာင္းသူကိုယ္တိုင္ က ေမတၱာရပ္ခံေတာင္းပန္လာေတာ့လည္း သေဘာထား ေပ်ာ့ ေျပာင္းၿပီး အိမ္ငွားေတြဆင္းတဲ့လအထိ ေစာင့္ေပးၾကသူလည္း ရွိပါတယ္။ ဒါဘာေျပာခ်င္တာလည္းဆိုေတာ့ ၀ယ္သူမ်ားအေန နဲ႔ မိမိ၀ယ္ယူမည့္တိုက္ခန္းျဖစ္ေစ၊ ေျမနဲ႔ အိမ္ျဖစ္ေစ၊ ေရာင္းမယ့္ ေျမ၊ အိမ္၊ တိုက္ခန္းဟာ အိမ္ငွားေတြရွိလားလို႔ မေမးလိုက္မိတဲ့ အခ်က္ေၾကာင့္ပါပဲ။ ဒါေၾကာင့္ ေျမ၊ အိမ္ တိုက္ခန္း၀ယ္ ရင္ အခန္းလြတ္လက္ေရာက္အပ္မွ ၀ယ္ၾကပါလို႔ အႀကံေပး တိုက္တြန္းလိုက္ရပါေတာ့တယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ

လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service