ဟိုတယ်နှင့် ခရီးသွားဆိုင်ရာလုပ်ငန်းများ ပြည်တွင်း၌ ကျပ်ငွေဖြင့်သာ ငွေပေးချေရန် ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1764 Views

ဟိုတယ်နှင့် ခရီးသွားဆိုင်ရာလုပ်ငန်းများ ပြည်တွင်း၌ ကျပ်ငွေဖြင့်သာ ငွေပေးချေရန် ထုတ်ပြန်

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် လေကြောင်းလိုင်းများအနေဖြင့် ပြည်တွင်း၌ ငွေပေးချေရာတွင် နိုင်ငံခြားငွေဖြင့်မပြုလုပ်ဘဲ မြန်မာကျပ်ငွေဖြင့်သာ ပြုလုပ်ရန်နှင့် လိုအပ်ပါက လိုင်စင်ရယူ၍ငွေလဲကောင်တာများထားရှိရန်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်တွင်သတင်းထုတ်ပြန်သည်။

‘‘အဓိကကတော့ ပြည်တွင်း မှာ ငွေပေးချေတဲ့အခါ ဒေါ်လာ တွေနဲ့ မသုံးဘဲနဲ့ မြန်မာငွေနဲ့သုံးဖို့၊ ငွေလဲကောင်တာ (Money Changer) တွေ လုပ်မယ်ဆိုရင်လည်း လိုင်စင်တွေ ယူထားဖို့ အဲဒါတွေကို လုပ်ငန်းရှင်တွေသိရှိစေဖို့ ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဒုညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဝင်းက ပြောသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေ အလွန်အကျွံသုံးစွဲခြင်းရှောင်ရှားနိုင်ရန် ပြည်တွင်းငွေပေးချေမှုကို မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန်အကြောင်း ကြားစာ ပေးဖို့ထားပြီးဖြစ်သော်လည်း ဟိုတယ်၊ ခရီးသွားလုပ်ငန်းများနှင့် လေကြောင်းလိုင်းအချို့သည် နိုင်ငံခြားငွေဖြင့်သာ လုပ်ငန်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်မှ အကြောင်းကြားစာပေးဖို့လာသဖြင့် အသိပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းများအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမင်းကျော်ဦးက ‘‘နိုင်ငံခြားငွေကြေးတည်ငြိမ်ရေးအတွက် သွားတဲ့ဟာပါ။ ပြည်တွင်းမှာ ငွေပေးချေမှုတွေကို နိုင်ငံခြားငွေနဲ့ပဲ ချေနေရင် နိုင်ငံခြားငွေလိုအပ်ချက်က ပိုများမှာပေါ့။ အဓိကတော့ အဲဒါတွေ ရည်ရွယ်တာ ဖြစ်ပါတယ်။ ငွေလဲ ကောင်တာတွေထားဖို့ကတော့ အစိုးရသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းထားရမှာပါ။ ငွေလဲကောင်တာရှိရင်တော့ တရားဝင်ဖြစ်သွားတာပေါ့။ ဥပဒေလည်း လိုက်နာပြီးသား ဖြစ် သွားတာပေါ့’’ဟု ပြောသည်။

ဟိုတယ်၊ ခရီးသွားလုပ်ငန်းများနှင့် လေကြောင်းလိုင်းများသည် နိုင်ငံခြားငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ နိုင်ငံခြားသုံးငွေများ ၀ယ်ယူ ရောင်းချလဲလှယ်ပေးခွင့် လိုင်စင် (Money Changer License) ရယူလျှောက်ထားရန်နှင့် ပြည်တွင်း ငွေပေးချေမှုများအတွက် နိုင်ငံခြားငွေ (ကန်ဒေါ်လာ)ဖြင့် တန်ဖိုးသတ်မှတ်ခြင်း၊ ဈေးနှုန်းဖော်ပြခြင်းနှင့် ပေးချေခြင်းမပြုရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသက်လွင်တိုးက ‘‘အဓိကတော့ ထိုင်း တို့၊ ကိုရီးယားတို့မှာ လုပ်သလိုပေါ့။ ဒေါ်လာကို သိပ်မသုံးဘူး။ ပြည်တွင်းကျပ်ငွေကိုပဲ သုံးတဲ့အတွက် ဒေါ်လာဈေးကို ထိန်းနိုင်မလားဆိုတဲ့ အချက်ပေါ့။ နောက်တစ်ခုက လက်ရှိလည်း ဗဟိုဘဏ်ရဲ့ ဥပဒေအရ နိုင်ငံခြားငွေတွေ ကို Money Changer License ရှိမှပဲ လုပ်ရမယ်ဆိုတော့ နည်း နည်းထိန်းချုပ်လိုက်တဲ့ သဘောပါပဲ’’ ဟု ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

Upcoming Property Events

imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service