ရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့စဉ်အနီးကပ် ဖူးမျှော်နိုင်မည့် The Vista Luxury Residence အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
519 Views

ရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့စဉ်အနီးကပ် ဖူးမျှော်နိုင်မည့် The Vista Luxury Residence အရောင်းပြပွဲ

Ta Gaung Bwar Construction မှ တည်ဆောက်ထားသည့် The Vista Luxury Residence ရှိ ကွန်ဒိုအခန်းများအား အရောင်းစတင်ဖွင့်လှစ်ရန် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးအရောင်းပြပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ မေလ ( ၂၅ ၊ ၂၆ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် စီမံကိန်းတည်ရှိရာ ဗဟန်းမြို့နယ် ၊ အနောက်ရွှေဂုံတိုင် (၄) လမ်းမှာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့် ပြင်ဆင်ပြီးအခန်းများကို အရောင်းပြပွဲအတွင်း အတိုးမဲ့ အရစ်ကျစနစ် (သို့မဟုတ်) ဘဏ်ဖြင့် နှစ်ရှည်အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ရာ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။

The Vista Luxury Residence  ကို အရည်အသွေးစိတ်ချရသည့် Ta Gaung Bwar Construction မှ တည်ဆောက်နေပြီး မကြာမီအခန်းများအပ်နှံတော့မည် ဖြစ်သည်။ အနီးအနားတွင် ရန်ကုန်မြို့ရဲ့ ၏ အထင်ကရနေရာများဖြစ်သည့် ရွှေတိဂုံစေတီ ၊ အာဇာနည်ဗိမာန် ၊ တော်လှန်ရေးပန်းခြံ ၊ ပြည်သူ့ရင်ပြင် ၊ Market Place ၊ ဒဂုန်စင်တာတို့ တည်ရှိသည်။

Facilities များအနေဖြင့် Roof Top Garden Area ၊ ရေကူးကန် ၊ အားကစားခန်းမ ၊ BBQ Area ၊ Basement Car Parking (၂) ထပ် ၊ ၂၄ နာရီ အသုံးပြုနိုင်မည့် ဓာတ်လှေကား (၂) စင်း ၊ Generator ( 24 hours ) ၊ Security ၊ Card Access Control System ၊ CCTV ၊ Audio / Video Intercom System စသည်တို့ ပါဝင်သည်။

“ဒီ The Vista Luxury Residence ဟာဆိုရင် ၆ထပ်အမြင့်ရှိတဲ့ အဆောက်အဦးဖြစ်ပြီး တစ်လွှာမှာ အခန်း ၉ ခန်း ပါဝင်မှာပဲဖြစ်ပါတယ်။ ကွန်ဒို Facilities အပြည့်အစုံပါဝင်ပြီး မိမိတို့အိပ်ခန်းများမှ ရွှေတိဂုံစေတီတော်ကို အနီးကပ်ထင်ရှားစွာ ပူဇော်နိုင်မှာပဲဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စတွေအတွက်လဲ SSC ဆေးရုံ ၊ အာရှတော်ဝင်ဆေးရုံများကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာသွားလာနိုင်မှာပဲဖြစ်ပါတယ်။ Location အားသာချက်ရှိတဲ့ ဒီကွန်ဒိုကို အခုအရောင်းပြပွဲအတွင်း ဝယ်ယူအားပေးကြတဲ့ Customer များကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ထပ်မံဝယ်ယူလိုတဲ့ မိတ်ဆွေများလည်း ကျွန်တော်တို့ iMyanmarHouse.com သို့ ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
shwe-wutthmone
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service