မိုးတွင်းမှာ သစ်သားပရိဘောဂများကို စနစ်တကျထိန်းသိမ်းဖို့ နည်းလမ်း (၅)ခု - Property Knowledge in Myanmar from iMyanmarHouse.com
1892 Views

မိုးတွင်းမှာ သစ်သားပရိဘောဂများကို စနစ်တကျထိန်းသိမ်းဖို့ နည်းလမ်း (၅)ခု

Knowledge | Posted by Si Thu Aung

 မိုးရာသီဆိုရင်တော့ စာဖတ်သူတွေအနေနဲ့ အိမ်ရဲ့တစ်နေရာရာကနေ မိုးစက်လေးတွေကိုငေးရင်း ကော်ဖီတစ် ခွက်နဲ့ မျောနေကြလိမ့်မယ်ထင်ပါတယ်။ တစ်ချို့သောစာဖတ်သူတွေကတော့ မိုးစက်မိုးပေါက်တွေကြားထဲတိုးဝင်ပြီး မိုးရေစက် တွေနဲ့ ထိတွေ့ဆော့ကစားရင်း ပျော်ရွှင်နေကြမှာပါ။ ဒီလိုခံစားမူလေးတွေက မိုးရာသီမှာပဲရရှိနိုင်တဲ့အတွက် မိုးရာသီရောက်ဖို့ကို မျှော်လင့်နေတတ်ကြပါတယ်။ မိုးရာသီမှာ ပျော်ရွှင်စရာတွေရှိနိုင်တယ်ဆိုပေမယ့် အိမ်မှာရှိတဲ့ သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေ ပျက်စီးတတ်တဲ့ ပြဿနာကလည်းရှိနေတဲ့အတွက် စိတ်ညစ်စရာတွေဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် အခုပြောပြပေးမယ့် နည်းလမ်းတွေအတိုင်း ပြုလုပ်မယ်ဆိုရင် စာဖတ်သူတို့ရဲ့ တန်ဖိုးကြီးတဲ့ သစ်ပရိဘောဂပစ္စည်းတွေကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ အခုပဲ နည်းလမ်းကောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

(၁) သင့်ရဲ့ modular ပရိဘောဂပစ္စည်းတွေက မိုးရာသီအတွက်အဆင့်သင့်ဖြစ်လျှင် စစ်ဆေးပါ။

သင့်ရဲ့ Modular Furniture အနီးမှာ Edge banding strips က ကောင်းမွန်ပြီး ဆွဲဆောင်မူရှိနေရုံတင်မဟုတ်ပဲ ပရိ ဘောဂပစ္စည်း ထုတ်လုပ်မူရဲ့ အစိတ်အပိုင်းအနေနဲ့လည်း အရေးကြီးပါတယ်။ ဒီအစိုဓါတ်ခံနိုင်တဲ့ bands က အတွင်းကနေစိမ့် ထွက်ခြင်းနဲ့ မိုးရွာနေစဉ်အတွင်း သစ်နဲ့လုပ်ထားတဲ့ဘုတ်ပြားတွေ ကောက်ကွေးခြင်းနဲ့ ဖောင်းလာခြင်းတို့ကနေတစ်ဆင့် အစိုဓါတ် ကိုရပ်တန့်စေပါတယ်။ Edge bands အားလုံးက ကွဲတာပဲ့တာမရှိပဲနှင့် သစ်လွင်နေတယ်ဆိုတာကို ကြည့်ဖို့စစ်ဆေးပါ။ အဲဒါတွေ အကုန်စစ်ဆေးပြီးလို့ သိလာပြီဆိုရင်တော့ လက်သမားကိုဖုန်းဆက်ခေါ်ဖို့ လိုအပ်ပါတယ်။

(၂) ပရိဘောဂတွေကို နံရံမကပ်အောင် ထားပါ။

ပထမဆုံး ပရိဘောဂတွေကိုနေရာချတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ အနားမှာရှိတဲ့အရာအားလုံးကို နံရံနားကို တွန်းထုတ် တတ်ကြပါတယ်။ဒီလိုပြုလုပ်ခြင်းကလည်း မိမိအိမ်နေရာ ပိုမိုကျယ်ဝန်းအောင် ပြုလုပ်နိုင်မှာပါ။ ဒါပေမယ့် မိုးရာသီရောက်ပြီဆိုရင်တော့ သင့်ရဲ့ပရိဘောဂတွေကို နံရံနဲ့အဝေးမှာထားဖို့ လိုအပ်ပါတယ်။ ပရိဘောဂတွေကိုနံရံနဲ့အဝေးမှာ ထားလိုက်ခြင်းက အ စိုပြန်နေတဲ့နံရံကနေ အစိုဓါတ်ကူးစက်ခြင်းကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ အ၀တ်ဗီရိုက အရေးပါတယ်ဆိုရင်တောင် ပရိဘောဂပစ္စည်းတွေရဲ့အနောက်ဘက်က ယိုစိမ့်မူတွေကို စစ်ဆေးဖြစ်မှာမဟုတ်ပါဘူး။ မီးဖိုချောင်ဗီရိုနဲ့ အခြားပရိဘောဂတွေကို သေချာလုပ်ဖို့က အရေးပါပေမယ့်လည်း ဘယ်ယိုစိမ့်မူကမှ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး။ မိုးရာသီမှာ နံရံနဲ့ပရိဘောဂ တွေကို အနည်းငယ်ခွာထားခြင်းက သင့်ရဲ့ကောင်းမွန်တဲ့ သစ်နဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေ ဆုံးရူံးရမူကို လျှော့ကျစေနိုင်မှာပါ။

(၃) တစ်ချို့အရာတွေကို ကိုယ်တိုင်ပြုလုပ်လိုက်ပါ။

မိုးရာသီရယ် စိုထိုင်းမူဆိုတဲ့စကားလုံးရယ် မှိုတက်တာရယ်က တွဲလျက်ရှိနေတာဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင်လို့ fresh ဖြစ်အောင်ထားတာ ဒါမှမဟုတ် ခြောက်သွေ့တဲ့တမာရွက်ကိုအသုံးပြုမယ်ဆိုရင် အထက်ပါအဖြစ်အပျက်တွေကနေ တားဆီးပေးပါလိမ့်မယ်။ ပိုးမွှားတွေအတွက် အိမ်မှာပဲကိုယ်ပိုင်နည်းလမ်းတွေနဲ့ပြုလုပ်ပြီး မီးဖိုချောင်ပျက်စီးခြင်းကိုလည်းကာကွယ်နိုင်ပါတယ်။

(၄) ဖယောင်းနဲ့ အစိုခံနိုင်တဲ့ကော်ကို အသုံးပြုပါ။

သစ်ထည်ပရိဘောဂတွေကို ဖယောင်းနဲ့ပွတ်တိုက်တာနဲ့ ပြောင်လက်အောင်တိုက်ချွတ်ခြင်းက မိုးရာသီမှာ သင့်ရဲ့ပရိဘောဂတွေကို ကာကွယ်ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းပါ။ ဖယောင်းကို ရွေးချယ်ခြင်းက ပရိဘောဂတွေကို လေတွေရေ တွေမ၀င်အောင် အလုံပိတ်တာမျိုးနဲ့ အစိုဓါတ်စုပ်ယူတာကို ကာကွယ်ပေးနိုင်မှာပါ။ သင့်ရဲ့ modular cabinets နဲ့ ပရိဘောဂတွေကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ အစိုခံနိုင်တဲ့ကော်ကို အသုံးပြုနိုင်ပါတယ်။

(၅) စိုထိုင်းမူထိန်းစက်ကို အသုံးပြုပါ။

သင့်ရဲ့အိမ်သူအိမ်သားတွေအသက်ရူဖို့ တချို့ အချိန်တွေမှာ အိမ်ရဲ့ ပြတင်းပေါက်နဲ့တံခါး တွေကို ဖွင့်ထားသင့်ပါတယ်။ ဒါပေမယ့် အဲဒါကအလုပ်မဖြစ်ဘူးလို့ ခံစားရပြီဆိုရင် ကောင်းမွန်တဲ့စိုထိုင်းမူထိန်းတဲ့စက်မှာ ရင်းနှီးမြုပ်နှံဖို့ လိုအပ်လာပါပြီ။ ဒီလိုဆိုရင်တော့ အိမ်အတွင်းက အပူချိန်နဲ့ စိုထိုင်းမူကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီးတော့ Modular နဲ့ အခြားသစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိ ဘောဂတွေကို အချိန်အကြာကြီး မပျက်စီးပဲ ထားရှိနိုင်မှာပါ။

 

Credit: mm-homedecor

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service