အိမ်ရာရှားပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက် အိမ်ခန်းပေါင်း တစ်သန်း တည်ဆောက်ရန် အဆိုပြုထားပြီး စွမ်းဆောင်ရည်နှင့် ဘဏ္ဍာရေး အခက်အခဲများကြောင့် အကောင်အထည်ဖော်မှု နှေးကွေးနေဟု အစီရင်ခံစာတွင် ဖော်ပြထား - Property News in Myanmar from iMyanmarHouse.com
755 Views

အိမ်ရာရှားပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက် အိမ်ခန်းပေါင်း တစ်သန်း တည်ဆောက်ရန် အဆိုပြုထားပြီး စွမ်းဆောင်ရည်နှင့် ဘဏ္ဍာရေး အခက်အခဲများကြောင့် အကောင်အထည်ဖော်မှု နှေးကွေးနေဟု အစီရင်ခံစာတွင် ဖော်ပြထား

မြင့်မားလာသည့် အိမ်ရာရှားပါးမှု ပြဿနာကို ဖြေရှင်းရန် အစိုးရက ၂၀၃၀ ပြည့်နှစ်အမီ အိမ်ခန်းပေါင်း တစ်သန်း တည်ဆောက်ရန် အဆိုပြုထားပြီး စွမ်းဆောင်ရည်နှင့် ဘဏ္ဍာရေး အခက်အခဲကြောင့် အကောင်အထည်ဖော်မှု နှေးကွေးနေကြောင်း ဇွန် ၆ ရက်က ရန်ကုန်မြို့ရှိ Sule Shangri La ဟိုတယ်၌ ကျင်းပသည့် “ Myanmar Urbanization : Creating Opportunities for All” အစီရင်ခံစာ ထုတ်ပြန်ပွဲမှ သိရသည်။

မြန်မာနိုင်ငံ တွင် အိမ်ရာအတွက် ဘဏ္ဍာရေးကို ရောင်းလိုအား (အိမ်ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေး ပံ့ပိုးပေးခြင်း) နှင့် ဝယ်လိုအား(အိမ်ဝယ်သူများအတွက် ဘဏ္ဍာရေး ပံ့ပိုးပေးခြင်း) မှာ မဖွံ့ဖြိုးသေးဘဲ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် အထွေထွေဘဏ္ဍာရေးစနစ် အကန့်အသတ်ရှိပြီး အခြေခံဘဏ္ဍာရေး ဝန်ဆောင်မှုများကို ရယူနိုင်မှု အလွန်အမင်းနည်းပါးနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘဏ်အများစုထံမှ ဝင်ငွေမြင့် အိမ်ထောင်စုများသည်သာ အိမ်ဝယ်ယူရန် ချေးငွေ ရရှိကြောင်း၊ အိမ်ဈေးနှုန်းကိုကာမိသည့် လက်ခံနိုင်သော အာမခံပစ္စည်း ရှိမှသာ ချေးငွေရရှိပြီး အိမ်ဈေးနှုန်းမှာလည်း အလွန်မြင့်မားသဖြင့် ဝင်ငွေနည်းသူများကို ဘေးဖယ်ထားသလို ဖြစ်နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန (MOC) သည် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ ဦးဆောင် စတင်မှုဖြင့် ဖွံ့ဖြိုးရေးဘဏ် တစ်ပိုင်း၊ အစိုးရတစ်ပိုင်း ပိုင်ဆိုင်မှုဖြင့် အိမ်ရာဆောက်လုပ်ရေး ဖွံ့ဖြိုးလာရေးအတွက် အလားအလာရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ပိုင်ရှင်များကို သင့်တင့်သော ချေးငွေ ထောက်ပံ့ရန် ရှိသော်လည်း လျှောက်ထားသူ များပြားပြီး မဖြည့်ဆည်းပေးနိုင်ဘဲ ရှိနေကြောင်း ဖော်ပြထားသည်။

ပြည်တွင်း လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် ငါးနှစ်မှ ရှစ်နှစ်အတွင်းသာ ရှိသည့်အတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါကိစ္စကို ဇွန် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးမှာ ဖိတ်ခေါ်ဖို့ ဆန္ဒရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှုကို ငါးနှစ်ကနေ ရှစ်နှစ်လောက်ပဲ ပေးနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီတိုက်ခန်းတွေကို ဝယ်ယူနေထိုင်မည့် ပြည်သူတွေက အရစ်ကျ ပေးရမယ်ဆိုရင် တန်ဖိုးပမာဏ များပြားနိုင်ပါတယ်။ ဒီတန်ဖိုးပမာဏ များပြားခြင်းက သူတို့ရဲ့နေ့စဉ်ဝင်ငွေနဲ့ ယှဉ်တွက်မယ်ဆိုရင် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီတန်ဖိုးနည်း အိမ်ရာတွေကို အရစ်ကျပေးချေတဲ့နေရာမှာ သူတို့ လစာငွေကနေ ဘယ်လောက်ပေးချေနိုင်သလဲ ဆိုတာကို တွက်ချက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ဆိုရင် တန်ဖိုးနည်း အိမ်ရာတွေကို ၁၅ နှစ်ကနေ အနှစ် ၂၀ လောက် လာပြီး ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်လိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

ယခုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု ရရှိပါက အစိုးရက စနစ်တကျ ရောင်းချပေးနိုင်ရန် ဖြစ်ကြောင်း၊ သို့မှသာ ရန်ကုန်မြို့တွင် လာရောက် လုပ်ကိုင်နေသူများ ရွှေ့ပြောင်းလုပ်သားများ၊ အခက်အခဲ အမျိုးမျိုးကြောင့် ရန်ကုန်မြို့တွင် ရောက်ရှိနေသူများအတွက် ယင်းကဲ့သို့ အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် မြေပေးပြီး ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ကြိုးပမ်းနေပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 

အိမ်ဝယ်ဖို့အတွက် ငွေလိုနေပါသလား။ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ပါသလား။ အိမ်ရာချေးငွေ ရှိတယ်လေ။ အိမ်ရာချေးငွေ (Home Loan Application) လျှောက်ထားရန်အတွက် ဤနေရာကို နှိပ်ပါ

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service