မိမိတို့ကိုယ်တိုင်လည်း ဆေင်ရွက်နိုင်သည့်လုပ်ငန်းခွင် - Property Knowledge in Myanmar from iMyanmarHouse.com
1694 Views

မိမိတို့ကိုယ်တိုင်လည်း ဆေင်ရွက်နိုင်သည့်လုပ်ငန်းခွင်

Knowledge | Posted by Zarni Kyaw

ကျွန်မသည် အိမ်ခြံမြေ ပွဲစားမလေးခင်ဆွေသိန်းနှင့် ဆုံသဖြင့် သူမကပင်စတင်၍ “ မမရယ် ညီမလည်း မြို့ထဲလာရင်း၊ အခွန်ရုံးမှာ စာချုပ်တံဆိပ်ခေါင်း လာဝယ်တာပါ ၊ ဒါနဲ့မမကို တွေ့လိုက်လို့ ဝမ်းသာသွားပါတယ် ၊ မေးစရာလေးတွေ ရှိနေလို့လေ ” ဟု ပျော်ရွှင်ကြည်နူးဟန်နှင့် ပြောသဖြင့် ကျွန်မက “ ထင်သားပဲ ညီမရေ၊ တစ်ခုခုတော့ အကူအညီတောင်းတော့မယ်ဆိုတာကို ” ဟု ရယ်မောလျက် ပြောလိုက်ပါသည်။

ထိုအခါမှ သူမက “ ဒီလိုပါ မမရယ် ၊ ညီမတို့က အိမ်ပွဲစာတွေဆိုတော့ ၊ ရောင်း၊ ဝယ်၊ ပေါင် ၊ ငှါး မှန်သမျှကို ကိုယ့်ရပ်ကွက်ထဲမှာ အကျိုးဆောင်ပေးနေရတော့ မမတို့နဲ့လည်း အမြဲတမ်း ဆက်သွယ်နေရသလို တစ်ခါတစ်ရံမှာတော့ မိမိတို့ဖာသာ ဆောင်ရွက်လို့ ရနိုင်တဲ့အခါများရှိရင် လမ်းပြပေးပါလို့ ပြောချင်တာပါ ” ဟု တောင်းပန်သံဖြင့်ပြောပါသည်။

ထို့ကြောင့် ကျွန်မသည် “ ညီမ သိချင်တာရှိရင် မေးပါကွယ် ၊ မမလည်း လေ့လာထားသလောက်ကို ပြောပြပေးပါ့မယ် ” ဆိုမှ သူမက “ အရင်ဆုံး မေးရရင် အိမ် ၊ ခြံ ၊ မြေ အရောင်းအဝယ်ကိစ္စနဲ့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်တဲ့ကိစ္စလေးတွေကို သိချင်တာပါ ”မမတို့လို နားလည်တတ်ကျွမ်းတဲ့ ရှေ့နေရှေ့ရပ်တွေ မပါဘဲနဲ့၊ ကိုယ့်ဖာသာကိုယ်ဆောင်ရွက်ရင်ကော ၊ မရနိုင်ဘူးလားဟင် ” ပြောသဖြင့် ကျွန်မက “ ရှေ့နေရှေ့ရပ်တွေ မပါဘဲနဲ့လည်း ဆောင်ရွက်လုပ်ကိုင်လို့ ရပါတယ် ညီမရယ် ၊ အမှန်တော့ တရားတဘောင် ကိစ္စတွေ ဖြစ်လာကြမှသာ တရားရုံးမှာ ပြောဖို့၊ ဆိုဖို့ ၊ လျှောက်လဲဖို့အတွက် မိမိတို့ကိုယ်စား ပြောပေးရန် ဥပဒေနားလည်သော ရှေ့နေကို ငှါးကြရတာပါ ၊ ဒါတောင်မှ ရှေ့နေမငှါးဘဲ မိမိဖာသာ ပြောဖို့ လျှောက်ထားခွင့်လည်းရှိပါတယ် ”

“စောစောက ညီမမေးတဲ့အရောင်းအဝယ်ကိစ္စနဲ့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်တဲ့ကိစ္စတွေကို ပြောပြပေးပါ့မယ် ”

“ ပထမဆုံးက တရားဝင် အရောင်းအဝယ် လုပ်ရတော့မယ်ဆိုရင် ၊ မြေကွက် ဒါမှမဟုတ် မြေနှင့်အိမ်တို့ကို ရောင်းဝယ်ခြင်းနဲ့ တိုက်ခန်းများအား ရောင်းဝယ်ခြင်း ဆိုပြီး ကွဲပြား၊ ခြားတားချက်တွေ ရှိပါတယ် ” “ တိုက်ခန်းအရောင်းအဝယ်ကိစ္စများကတော့ ညီမတို့ ဆောင်ရွက်နေကြတာတွေ့ရလို့ ညီမတို့လည်း နားလည်နေကြပြီလို့ ထင်ပါတယ် ” ဟု ပြော၍ သူမက “ ဟုတ်တယ် မမရေ ၊ တိုက်ခန်းနဲ့ ပတ်သက်ပြီးတော့ ၊ ရောင်းဝယ်ကြရင် ၊ ညီမတို့က ပုဂ္ဂလိကပိုင်နဲ့ အစိုးရပိုင်ဆိုပြီး မှတ်ထားပါတယ် ၊ ပုဂ္ဂလိကပိုင် တိုက်ခန်းတွေကတော့ ပုဂ္ဂလိကမြေပေါ်မှာ ပုဂ္ဂလိကပိုင်ငွေဖြင့် ဆောက်လုပ်ထားတဲ့ အခန်းတွေဖြစ်ပြီး အစိုးရပိုင်မြေပေါ်မှာ အစိုးရက ဆောက်လုပ်ထားတဲ့ တိုက်ခန်းတွေဆိုပြီး တော့ အလွယ်မှတ်ထားတာပေါ့ ၊ ဒါပေမဲ့ မမတို့က ပိုပြီးနားလည်မှာမို့ ၊ ညီမတို့ သိထားရအောင် ရှင်းပြပေးပါနော် ” ဟု အကူအညီ တောင်းခံလာပါသည်။

တောင်းခံချက်အရ ကျွန်မက “ သာမန်အားဖြင့်တော့ ပုဂ္ဂလိကပိုင်နှင့် ပြည်သူပိုင် (အစိုးရပိုင်)ဆိုပြီး (၂)မျိုး ရှိတယ်လေ၊ ပုဂ္ဂလိကပိုင် အခန်းအမျိုးအစားက (၄)မျိုး ရှိတယ် ၊ အဲဒါတွေကတော့ (၁) ပုဂ္ဂလိကပိုင်တိုက်ခန်းများ ၊ (၂) မျိုး ရှိတယ်လေ၊ ပုဂ္ဂလိကပိုင် အခန်းအမျိုးအစားက (၄)မျိုးရှိတယ် ၊ အဲဒါကတွေကတော့ (၁)ပုဂ္ဂလိကပိုင်တိုက်ခန်းများ ၊ (၂) ပြည်သူပိုင်မှ ပြန်ပေးသော အခန်းများ ၊ (၃) စည်ပင်သာယာမှ ယာယီထိန်းထားသော အခန်းများနဲ့ (၄) ဘာသာရေးပိုင်အခန်းများဆိုပြီ ရှိပါတယ်၊ ပြည်သူပိုင် (သို့မဟုတ်) အစိုးရပိုင်အခန်းများကတော့ (၅)မျိုးရှိပါတယ်၊ (၁)အိုးအိမ်ခန်း၊ (၂) ဌာနဆိုင်ရာအခန်း ၊ (၃) တိုင်းချခန်း ၊ (၄) နိုင်ငံခြားပြန်ခန်းနဲ့ (၅) စည်ပင်သာယာထိန်းအခန်းဆိုပြီး ရှိပါတယ် ”

“ ပုဂ္ဂလိကပိုင်အခန်းများနဲ့ နိုင်ငံတော်က ဆောက်လုပ်ပြီး ပုဂ္ဂလိကများသို့ အပြီးအပိုင် ရောင်းချလျက်ရှိသော အခန်းများကို ထပ်ဆင့်လွှဲပြောင်း ရောင်းချနိုင်ပါတယ် ၊ ရောင်းချရာတွင် အရပ်စာချုပ်ဖြင့် ရောင်းချနိုင်တယ် ၊ ဝယ်ယူရာမှာ တရားဝင်ပါတယ် ”

“ အိုးအိမ်ဦးစီးဌာနနဲ့ စည်ပင်သာယာရေးကော်မတီပိုင် တိုက်ခန်းများကို ထပ်ဆင့် ဝယ်ယူသူသည် ၊ ဆက်စပ်စာချုပ်များ ဖြင့် ဆိုင်ရာဌာနတွင် ဝယ်ယူသူ၏ အမည်သို့ ပြောင်းလွဲနိုင်ပါသည် ၊ ကျသင့်သောအခွန်အခများ ပေးဆောင်ခြင်း ၊ သတင်းစာတွင် ကြေညာခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ အမည်လွှဲပြောင်းရာမှာ မှတ်ပုံတင် ၊အထွေထွေကိုယ်စားလှယ်လွှဲစာတို့ လိုအပ်ပါတယ် ”

“ တိုက်ခန်းအပြီးအပိုင် အရောင်းအဝယ် ကတိစာချုပ်အတွက် တံဆိပ်ခေါင်းအက်ဥပဒေအရ ကပ်ရမည့်တံဆိပ်ခေါင်းခွန်မှာ (၃၀၀ိ/-) ဖြစ်ပါတယ် ”

“ ပုဂ္ဂလိက ကုမ္ပဏီကြီးတစ်ခုခုမှ ရောင်းချသော တိုက်ခန်းများ၊ ကွန်ဒိုအခန်းများအား ဝယ်ယူပါက ၊ မိမိအားရောင်းချသူသည် ၊ ကုမ္ပဏီနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားသူ ၊ တိုက်ရိုက်အမည်ပေါက်ပိုင်ရှင်မှန်/မမှန် ၊ သို့မဟုတ် အရောင်းအဎ်ဆက်စပ်စာချုပ်များဖြင့် ဝယ်ယူထားသော ပိုင်ရှင် မှန်/မမှန် ၊ ကုမ္ပဏီ၌ ၄င်းအမည်ပေါက်မပေါက် စစ်ဆေးပြီးမှ ဝယ်ယူရန် ဖြစ်ပါတယ် ”

“ ကဲ တိုက်ခန်းအရောင်းအဝယ်ကိစ္စကတော့ ၊ ရှင်းလင်းနေတဲ့အတွက် ၊ ညီမတို့လည်း ရှေ့နေမခေါ်ဘဲနဲ့ ဆောက်ရွက်လို့ရပါတယ်၊ ရောင်းသူ ၊ ဝယ်သူနဲ့ သက်သေ(၂)ဦးတို့ ပါဝင်ပြီး အရောင်းအဝယ်စာချုပ် ချုပ်ဆိုရင်ပဲ အဆင်ပြေပါတယ် ”

“ မြေကွက် (သို့မဟုတ်) မြေနှင့် အိမ်တို့နဲ့ပတ်သက်ပြီး အရောင်းအဝယ်လုပ်ကြမယ်ဆိုရင် ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို သိထားဖို့ လိုပါတယ် ”

“ အရင်ဆုံး စာရွက်စာတမ်းများကို စစ်ဆေးကြည့်ရှုရပါမယ် ”

“ အဲဒါကတွေကတော့ (၁) မြေဂရန်၊ (၂) မြေဂရန်ကို အမည်ပေါက်သူကရောင်းခဲ့ရင် ယင်းမြေဂရန်တွင် အမည်ပေါက်သူ၏ အမည် ၊ မှတ်ပုံတင်တွင် ရှိအမည် (စာလုံးပေါင်း) မှတ်ပုံတင်အမှတ် ၊ နေရပ်တို့ မှန်ကန်မှု ၊ မြေကွက်အမှတ် ၊ တည်နေရာ မှန်မမှန် စစ်ဆေးကြည့်ရှုရပါမယ် ၊ (၃) ရောင်းချသူဟာ ၊ မူလမြေဂရန် အမည်ပေါက် မဟုတ်ခဲ့လျှင် ၊ ရောင်းဝယ်မှု နှင့်ပတ်သက်သော မှတ်ပုံတင်စာချုပ်စာတမ်းများ အဆက်အစပ်ရှိရပါမယ် ၊ (၄) အကယ်၍ တရားဝင်ကိုယ်စားလှယ်လွှဲစာဖြင့် လွှဲပြောင်းရောင်းချခဲ့လျှင် ၊ အိမ်နှင့်မြေ သို့မဟုတ် မြေကွက်တို့ကို ပိုင်ရှင်ထံမှ အထူးကိုယ်စားလှယ်စာ (Special Power) ၊ အထွေထွေကိုယ်စားလှယ်စာ ( General Power) ရရှိထားသူက တရားဝင် ရောင်းချနိုင်ပါတယ်၊ ဒါပေမဲ့ ကိုယ်စားလှယ်လွှဲစာဟာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ပြုလုပ်တာ ဖြစ်ရပါမယ် ၊ နိုတြီပဗ္ဗလစ် (Notary Public ) ထံတွင် ပြုလုပ်သော ကိုယ်စားလှယ်လွှဲစာ တရားမဝင်ပါ ၊ (၅)မြေပုံ ၊ မြေရာဇဝင်မူရင်းကို စစ်ဆေးသည့်အခါ မူရင်းကို ထုတ်ယူသည့်နေ့မှစ၍ (၆)လအတွင်းသာ သက်တမ်းရှိပါတယ် ၊ ထိုမြေရာဇဝင်ရှိသည့်အမည် ၊ မှတ်ပုံတင် ၊ မြေကွက်အမှတ် ၊ တည်နေရာတို့သည် မြေဂရန်နှင့် တူညီမှုရှိရန် လိုအပ်ပါတယ်၊ မြေနှင့် မြေဂရန်နှင့် မြေရာဇဝင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ မြေပုံမြေရာဇဝင် ဌာနမှ တရားဝင်ကူးယူနိုင်ပြီး ၊ မြေပုံကို ပုံစံ -၁၀၅ ၊ မြေရာဇဝင်ကို ပုံစံ -၁၀၆ ဟု ခေါ်တယ် ”

“ ဒါကြောင့် ပထမဦးစွာ အရောင်းအဝယ် သဘောတူတာနဲ့ စရန်ပေးကတိစာချုပ်ချုပ်ဆိုနိုင်ပါတယ်၊ ရောင်းသူနှင့် ဝယ်သူတို့၏ မှတ်ပုံတင် ၊ မြေဂရန်နှင့် ကိုယ်စားလှယ်လွှဲစာရသူ ၊ မြေပုံရာဇဝင်စသည့် (၃)ချက် ပြည့်စုံလျှင် စရန်ပေးမှု စာချုပ်ချုပ်ရန် ဖြစ်တယ် ”

“ ရောင်းသူနှင့် ဝယ်သူတို့အတွက် အခွန်ပေးဆောင်ရန်မှာ ၊ ရောင်းချသူသည် ၊ မြို့နယ်အခွန်စည်းကြပ်ဌာန၏ သတ်မှတ်ချက်နှင့် အညီ ရောင်းခွန်ကို ပေးဆောင်ရမှာ ဖြစ်ပြီး ရောင်းချသည့် တန်ဖိုအပေါ် ကျပ် ၁၀၀ လျှင် ၁၀% ပေးဆောင်ရပါတယ် ”

“ ဝယ်ယူသူသည် မှတ်ပုံတင်စာချုပ် စာတမ်းအတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ပေးဆောင်ရန် တာဝန်ရှိပြီး တန်ဖိုးအပေါ် ကျပ် ၁၀၀ လျှင် ၄ ကျပ်နှုန်း ဖြင့် တံဆိပ်ခေါင်းခွန်ကပ်ရပါမယ် ”“ ယခုအခါ တိုင်းအခွန်တွင် တင်၍ အရောင်းအဝယ်ဖြစ်သည့် မြို့နယ်၏ အခွန်ရုံးတွင် ဘဏ်ချလံထုတ် ငွေသွင်းပြီး၊ မြို့နယ်ရုံးတွင် စာချုပ်ခေါင်းထုတ်ရပါတယ် ၊ (၂၀၁၈ -ခုနှစ် သတ်မှတ်သည့် အခွန်ဥပဒေအရ ၊ ကျပ်သိန်း ၁၀၀ မှ သိန်း ၃၀၀ အထိ ၁၅% ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၁၀၀၀ အထိ ၂၀% ကျပ်သိန်း ၁၀၀၀ အထက် ၃၀% ဖြစ်ပါတယ် ”

“ အရောင်းအဝယ်စာချုပ် ချုပ်ဆို သည့်နေ့မှာ (၄)လအတွင်း မှတ်ပုံတင်ရပါမယ် ၊ မြေပုံနှင့်မြေရာဇဝင်သက်တမ်းသည် ဌာနမှ ထုတ်ပေးသည့်နေ့မှစ၍ (၄)လသာ သက်တမ်းရှိပါတယ် ”“စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ရောင်းသူ၊ ဝယ်သူ ၊ သက်သေ (၂)ဦးတို့၏ မူရင်းအမျိုးသာ (သို့မဟုတ်) နိုင်ငံသားကဒ်ပါလျှင် အဆင်ပြေပြီး၊ တံဆိပ်ခေါင်းကပ်နှိပ်ပြီး စာချုပ်တွင် ရောင်းသူ ၊ ဝယ်သူ ၊ သက်သေ(၂)ဦးတိုက လက်မှတ်ရေးထိုးရပါမယ်၊ ဒါဆိုရင် ချိန်းဆိုသောရက်တွင် စာချုပ်အား သွားထုတ်ရန်သာ ရှိပါတော့တယ် ညီမရေ ”

 

Credit: ကြာညိုသင်း (ဥပဒေရေးရာအတိုင်ပင်ခံရှေ့နေ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service