အာရှတံခါးပေါက်ဖြစ်လာနိုင်မည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်ဝတွင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
11569 Views

အာရှတံခါးပေါက်ဖြစ်လာနိုင်မည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်ဝတွင်တည်ဆောက်မည်

အာရှတံခါးပေါက်ဖြစ်လာနိုင်မည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်ဝတွင် တည်ဆောက်မည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်တွင် အစိုးရရုံး၌ပြုလုပ်သော ရန်ကုန်မြို့ ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦး တည်သွားမည့် Yangon Project Bank အကြောင်းရှင်းလင်းသည့် အခမ်းအနား က သိရသည်။

မြန်မာနိုင်ငံ သည် GMS ၏ အီကို နောမစ်ကော်ရစ်တာတွင် အနောက်ဖက် ထွက်ပေါက်အဖြစ် အချက်အချာဖြစ်သည့် အပြင် တရုတ်နိုင်ငံ One Belt One Road စီမံကိန်း၏ ဘင်္ဂလားပင်လယ်အော် နှင့် အိန္ဒိယကို ကုန်သွယ်လုပ်ငန်းဆက်သွယ်ရာ အဓိကကုန်စည်ထွက်ပေါက်တစ် ခုလည်းဖြစ်ပြီး လက်ရှိရန်ကုန်ဆိပ်ကမ်း မှာ ရေစူးနက်သော သင်္ဘောကြီးများအတွက် ရန်ကုန်မြစ်အတွင်း ဝင်ထွက်သွားလာရန် ခက်ခဲသည့်အပြင် ဆိပ်ကမ်းဧရိ ယာ တိုးချဲ့ရန်ခက်ခဲ့သောကြောင့် မည်သည့်ကုန်စည်သင်္ဘောကြီးများကိုမဆို ဆိပ်ကမ်းကုန်စည်ဖလှယ်နိုင်မည့် အဆို ပါပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အာရှအတွက် တံခါးပေါက်ဖြစ်လာ နိုင်သောကြောင့် ကမ္ဘာအရပ်ရပ်က ကုန် သွယ်ရေးကြောင်းသင်္ဘောများအနေဖြင့် အာရှလမ်းမကြီးနှင့် မဲခေါင်ဒေသစီးပွားရေးလမ်းကြောင်းများကိုအသုံးပြုပြီး အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံက သွင်းကုန်ထုတ်ကုန်များကိုလည်း အန္တရာယ်များသော မလက္ကာရေလက်ကြားက ဖြတ်သန်းရန်မလိုဘဲ ကမ္ဘာ့အနောက်နိုင်ငံများ နှင့် လက်ခံချိတ်ဆက် ဖြန့်ဖြူးပေးနိုင်ရန် နေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း လည်း သိရသည်။

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ အာရှတိုက်၏ပင်လယ်ရေကြောင်း ဆက်သွယ်ရေးတွင် ရေနက်ဆိပ်ကမ်းမရှိခြင်းနှင့် အခြားဆက်သွယ်ရေးလမ်းကြောင်း အခြေအနေမကောင်းခြင်းတို့ကြောင့် နိုင်ငံတကာသွား ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်ဝင်ရောက်ကုန်စည်ဖလှယ် ရာနေရာတစ်ခု ဖြစ်မလာသည့်အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်း ထားဝယ်ရေနက်ဆိပ်ကမ်း စသည်တို့ကို အကောင်အထည်ဖော်နေသော်လည်း ရန်ကုန်နှင့် ဝေး၍ ရန်ကုန်မြို့နှင့်ကုန်သွယ်မှုကို အထောက်အပံ့ပေးရန် အားနည်းနေကြောင်းလည်း သိရသည်။

ယင်းအပြင် ရှည်လျားလှသော ပင်လယ်ကမ်းရိုးတန်းကိုပိုင်ဆိုင်ထားပြီး အဓိက ဆိပ်ကမ်း ၉ ခုရှိသော်လည်း အဓိက ထုတ်ကုန်သွင်းကုန်လုပ်ငန်းများမှာ ကုန်သွယ်ရေးအခြေခံအဆောက်အအုံလိုအပ် ချက်များနှင့် လမ်းကြောင်းများအရ သွင်းကုန်ထုတ်ကုန် ၉၀ ရာခိုင်နှုန်းခန့်မှာ ရန်ကုန်ဆိပ်ကမ်းကို အဓိကအခြေပြုနေရ ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ၏ အနောက်ဘက်နှင့် တောင်ဘက် ၁၂၀၀ စတုရန်းကီလိုမီတာအကျယ်အဝန်းရှိသော ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအတွင်း အကောင်အထည်ဖော်မည့် စနစ်ကျသော အခြေခံအဆောက်အအုံများပါဝင်မည့် ရန်ကုန် SEZ စီမံကိန်းအတွင်းတွင် အဆို ပါ ဆိပ်ကမ်းစီမံကိန်းလည်းပါဝင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအတွင်း စက်မှုဇုန်ဧရိ ယာ၊ နိုင်ငံတကာလေဆိပ်၊ လျှပ်စစ်ဓာတ် အားပေးစက်ရုံ၊ လူနေထိုင်ရန် မြို့ပြဧရိ ယာများလည်း ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

မြစ်ဝမှာ ဆိပ်ကမ်းတစ်ခုတည်ဆောက်သွားဖို့ အစီအစဉ်ရှိပါတယ်။ ရန်ကုန်အထူးစီးပွားရေးဇုန်ကြီးနဲ့အတူ နိုင်ငံတကာလေယာဉ်ကွင်းတစ်ခုကိုလည်း မျှော်မှန်းပါတယ်။ ဒါပေမဲ့ ခုလတ်တလော အခြေအနေမှာတော့ ရန်ကုန်မြစ်ထိပ်မှာ ဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့မျှော်မှန်း ပါတယ်}}ဟု ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းက Yangon Pro-ject Bank အကြောင်းရှင်းလင်းသည့် အခမ်းအနားတွင်ပြောသည်။

စီမံကိန်းအားလုံးကို တစ်ပြိုက်နက်တည်းဆောင်ရွက်နိုင်မည်မဟုတ်ဘဲ Developer လုပ်မည့်သူနှင့် ဝယ်လိုအား၊ ရောင်းလိုအားထိန်းညှိကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအ စိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၄၀ ပြည့်ထိ စီမံကိန်းကာလများ သတ်မှတ် ဆောင်ရွက်ရန်လျာထားခြင်းဖြစ်ကြောင်းလည်း ဦးဖြိုးမင်းသိန်းကရှင်းပြသည်။

ကျောချင်းကပ်အိမ်နီးချင်းနိုင်ငံ တွေရဲ့ ကုန်းတွင်းပိတ်ကုန်စည်တွေကို ရန်ကုန်ဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်း တွေကနေထုတ်ရင် အကောင်းဆုံးအခွင့်အလမ်းတစ်ခုရှိနေတာဖြစ်ပါတယ်။ကျွန် တော်တို့မှာရှိတဲ့ကုန်စည်နဲ့ ဆိပ်ကမ်း တွေက လုံလောက်တဲ့အခြေအနေတစ်ခု ရှိပါတယ်။ ဒါပေမဲ့ တကယ်ကို ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်တဲ့ ယူနန်တို့ ဒီဖက်မှာရှိနေတဲ့ပြည်နယ် တွေကသာ ကျွန်တော်တို့ဆီကသာ ကုန်စည်ကိုစီးဆင်းမယ်။တောင်တရုတ်ပင်လယ်ဘက်အထိမသွားတော့ဘူး။ မလက္ကာရေလက်ကြားကိုလည်း မဖြတ်တော့ဘူးဆိုရင် စင်ကာပူလိုပဲ သယ်ယူပို့ဆောင်ရေးကဏ္ဍကိုအခြေပြုပြီး ဆိပ်ကမ်းကိုအသုံးချပြီး စီးပွားရှာနိုင်တဲ့အ ခြေအနေတစ်ခုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ဟု ယင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခင် အစိုးရအဆက်ဆက်က ရန်ကုန်၏အရှေ့ ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီးနှင့် ဆက်စက်နေသော ဒဂုံမြို့သစ်မြို့နယ်လေးခုကို ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ယင်းမြို့နယ်များမှာဖွံ့ဖြိုး တိုးတက်မှုနှောင့်နှေးခဲ့သောကြောင့် လက်ရှိတိုင်းဒေသကြီးအစိုးရလက်ထက် တွင် ရန်ကုန်မြစ်အနောက်ဖက်ဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် ဦးစားပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

Credit:  Pyi Myanmar 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service