ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် စက်ရုံများ မပြုပြင်ပါက ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု ဦးဖြိုးမင်းသိန်းပြော - Property News in Myanmar from iMyanmarHouse.com
855 Views

ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် စက်ရုံများ မပြုပြင်ပါက ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု ဦးဖြိုးမင်းသိန်းပြော

စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့် မီးခိုးငွေ့များကြောင့် ရန်ကုန်တိုင်း အတွင်း လေထုညစ် ညမ်းမှုအန္တရာယ် ကြုံတွေ့နေရသဖြင့် လေထုညစ်ညမ်းမှုလျှော့ချ ရေး အစီအမံများ ဆောင်ရွက်မည် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန်လ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်း ကျင်နေ့အခမ်းအနား၌ ပြောကြား သည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် စက်မှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်နေသကဲ့သို့ အစိမ်းရောင်မြို့တော်ဖြစ်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေကာ လေထုညစ်ညမ်းမှု လျှော့ချရေး စက်ရုံများကိုကွပ်ကဲမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း တွင် စက်မှုဇုန် ၂၉ ဇုန်ရှိရာ စက်ရုံအများစုသည် တာယာ၊ အမှိုက်၊ ပလတ်စတစ် များကို မီးထိုးအသုံးပြုနေသဖြင့် ယင်းစက်ရုံများမှ ထွက်ရှိသည့် မီးခိုးငွေ့များသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်။

ယင်းအတွက် ပတ်ဝန်းကျင် ညစ်ညမ်းစေသည့် စက်ရုံများကို သတိပေးအကြောင်းကြားထားပြီး ပြုပြင်ပြောင်းလဲမှု မလုပ်ဆောင်ပါက ယင်းစက်ရုံများကို ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့ လေထုကောင်းမွန်စေရန် ဒီရေတော များ စိုက်ပျိုးခြင်း၊ ရန်ကုန်မြို့အတွင်း ပန်းခြံ၊ ဥယျာဉ်၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ သစ်တောများ ပြန်လည်တည်ထောင်ခြင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

‘‘ပတ်ဝန်းကျင်ကို မထိန်းသိမ်းနိုင်ဘူးဆိုရင် နောင်မျိုးဆက် တွေကို အကာအကွယ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး’’ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်သည် ‘ သန့်စင်သော လေရှူရှိုက်ဖို့ လေ ထုညစ်ညမ်းမှုတိုက်ဖျက်စို့’ ဖြစ်ပြီးမြန်မာနိုင်ငံ၌ လေထုညစ်ညမ်းမှု ကြောင့် နှစ်စဉ် လူ ၂၂,၀၀၀ ခန့် သေဆုံးနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် ရန်ကုန်လေထုကို ၂၀၁၆ မှ ၂၀၁၉ အထိ လေးနှစ် တိုင်းတာ၍ လေထုညစ်ညမ်းမှုဖြစ်စေသည့် ဓာတ်ငွေ့နှင့် ဒြပ်ပစ္စည်းလေးမျိုး ဖြစ်သော PM 10, PM 2.5, SO2 ဆာလ်ဖာဒိုင်အောက်ဆိုက်နှင့်နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် NO2 တို့ကို တွက်ချက်တိုင်းတာ ထားသည့် AQI ကို ထုတ်ပြန်ခဲ့သည်။

တိုင်းတာချက်များအရ ဆာလ်ဖာဒိုင်အောက်ဆိုက်သည် အလွန်အမင်း ကျန်းမာရေးအတွက် ဆိုးသည့်အဆင့်တွင်ရှိနေ ပြီး နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် သည် ကျန်းမာရေးအတွက် မသင့်လျော်သည့်အခြေအနေ၊ အမှုန်ဓာတ်ငွေ့ဖြစ်သည့် PM 10 သာမန်အနေအထားရှိကာ သေးငယ်ပြီး လူ၏ အဆုတ်ထဲဝင်နိုင်သည့် PM 2.5 သည် ခံနိုင်ရည်အားနည်းသူများ၊ ကလေးနှင့် လူကြီးများအတွက် ကျန်းမာရေးအရ မသင့်လျော်သည့် အခြေအနေ၌ရှိနေသည်ဟု ဖော်ပြထားသည်။

လေထုညစ်ညမ်းမှုအခြေအနေသည် ၂၀၁၇ တွင် အနည်းငယ်ကျဆင်းသော်လည်း ယင်းနောက် ပိုင်းကစ၍ ၂၀၁၉ အထိ နှစ်အလိုက် လေထုညစ်ညမ်းမှု ပြန်တက်လာသည်ကို တွေ့ရှိရသည်။

‘‘ဒီအပေါ် သုံးသပ်ရရင် တော့ ဒီချုပ်အစိုးရတက်လာခါစ မှာ လေထုညစ်ညမ်းစေတဲ့ စက်ရုံ၊ အလုပ်ရုံတွေက အစိုးရသစ်ရဲ့ အနေအထားကို မသိရသေးတော့ ညစ်ညမ်းမှုတွေကို ဆင်ခြင်ပြီး ပရမ်းပတာလုပ်မှုတွေ လျှော့လိုက်တဲ့အတွက် ၂၀၁၇ မှာ လေထုညစ်ညမ်းမှုဟာ အတန်ငယ် လျော့ကျသွားတယ်လို့ ယူဆပါတယ်။ ၂၀၁၇ လွန်လာတဲ့အခါ အစိုးရရဲ့ ဥပဒေစိုးမိုးရေး လုပ်ဆောင်နိုင်မှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး အရင်ကလိုပိုနေမြဲ ကြားနေမြဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲဆက်လုပ်ကြတဲ့အတွက် လေထုညစ်ညမ်းမှု ပြန် လည်မြင့်တက်လာတာလို့ သုံးသပ်ပါတယ်’’ ဟု  စိမ်းလန်းအမိ မြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းရခြင်းသည် ဒီဇယ်ကား အသုံးများခြင်း၊ ကျောက်မီးသွေး လောင်စာသုံး စက်ရုံ၊ အလုပ်ရုံ ၁၀၀ ကျော်အထိ တိုးပွားလာခြင်း ကြောင့်ဟု သုံးသပ်ထားပြီး လေထုညစ်ညမ်းမှု လျော့ကျစေရန် ဒီဇယ်အရည်အသွေးသတ်မှတ်ချက်ကို မြှင့်တင်ပြီး တိတိကျကျ လိုက်နာမှုရှိရန် စစ်ဆေးအရေးယူ အပြစ်ပေးခြင်း၊ မော်တော်ကား တင်သွင်းခွင့်မူ ပြန်လည်စိစစ်ပြီး ညစ်ညမ်းမှုဖြစ်စေသည့် ကားဟောင်းတင်သွင်းမှုကို တင်းကျပ် ခြင်း၊ စက်ရုံများကြောင့်ဖြစ်သည့် ညစ်ညမ်းမှုကို လျှော့ချနိုင်စေရန် စက်ရုံ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် EMP ရေးဆွဲရေးကို တွန်းအားပေးခြင်း၊ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းတို့ ဆောင်ရွက်သင့်သည်ဟု ဦးဝင်းမျိုးသူက အကြံပြုသည်။

Credit: 7Daydaily

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service