ရန်ကုန်တိုင်း အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
1461 Views

ရန်ကုန်တိုင်း အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိဟုဆို

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိကြောင်းသိရသည်။

ဇွန် ၃ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ် သော ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အ ကြောင်း ရှင်းလင်းခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ပြောသည်။

project bank ထဲတွင် စီမံကိန်း စုစုပေါင်း ၈ဝ ရှိပြီး၊ ယင်း ၈ဝ အနက် ၃ဝ မှာ စီမံကိန်းဖြစ် မြောက်နိုင်ရေးလေ့လာမှု (Feasibility Study) နှင့် စီမံကိန်းဖြစ် မြောက်နိုင်ရေး အကြိုလေ့လာမှု (Pre-Feasibility Study) ဆောင်ရွက်ပြီးသားဖြစ်ကြောင်း သိရသည်။ '' အဲဒီ ၃ဝ ကတော့ တစ်ခါတည်း နိုင်ငံခြားသားများလာလို့ရှိ ရင် အလွယ်တကူ လေ့လာကြည့်ရှု ပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ စီမံကိန်းဖြစ်ပါတယ်''ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောသည်။ Yangon Project Bank တွင် ထည့်သွင်းထားသည့် ဖွံ့ဖြိုးမှု စီမံကိန်း ၈ဝ တွင် နိုင်ငံတော်မှ အကောင်အထည်ဖော်နိုင်သည့် စီမံကိန်းများပါဝင်သကဲ့သို့ PPP ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများလည်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်ရာတွင် နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်စီမံကိန်းများ ရေးဆွဲခဲ့ကြောင်းသိရသည်။ Yangon Project Bank တွင် ထည့်သွင်းထားသည့် စီမံကိန်း ၈ဝ တွင် Dala City Develop ၊ ရန်ကုန်မြို့သစ်စီမံကိန်း အပိုင်း(၁)၊ ရန်ကုန်မြို့သစ်စီမံကိန်းအပိုင်း(၂)၊ ရန်ကုန်အထူးစီးပွားရေးဇုန်၊ အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးမှု စက်မှုန်ဇုန် ၂၉ ဇုန်အဆင့်မြှင့်တင်ရေးစီမံကိန်းများ၊ ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပ ၁၁ မြို့နယ်တို့တွင် စက်မှုဇုန် သစ်များ အကောင်အထည် ဖော်ရေးစီမံကိန်းများ၊ ရန်ကုန်တိုင်း အတွင်းရှိ ဈေးပေါင်း ၂ဝ ကျော် အဆင့်မြှင့်တင်မည့်စီမံကိန်း များပါဝင်ကြောင်း သိရသည်။

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service