ရန်ကုန်လူထု မြို့ပြရထားပို့ဆောင်ရေး စီမံကိန်း (YUMRT) ကို လှိုင်သာယာ ဘူတာမှ မိုးပျံရထားတံတားအား ၄၅ ပေအမြင့်ဖြင့် ၂၀၂၂ ခုနှစ်တွင် စတင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် စီမံကိန်း ပြီးစီးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1883 Views

ရန်ကုန်လူထု မြို့ပြရထားပို့ဆောင်ရေး စီမံကိန်း (YUMRT) ကို လှိုင်သာယာ ဘူတာမှ မိုးပျံရထားတံတားအား ၄၅ ပေအမြင့်ဖြင့် ၂၀၂၂ ခုနှစ်တွင် စတင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် စီမံကိန်း ပြီးစီးမည်ဟုဆို

ရန်ကုန်လူထု မြို့ပြရထားပို့ဆောင်ရေး စီမံကိန်း (YUMRT) ကို လှိုင်သာယာဘူတာမှ မိုးပျံရထား တံတားအား ၄၅ ပေအမြင့်ဖြင့် ၂၀၂၂ ခုနှစ်တွင် စတင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် စီမံကိန်း ပြီးစီးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ပထမဦးစားပေး အပိုင်းအဖြစ် ဆောင်ရွက်မည့် ရန်ကုန်လူထု မြို့ပြရထားပို့ဆောင်ရေး စီမံကိန်း (YUMRT) နှင့် ပတ်သက်၍ ပြည်သူများသို့ အသိပေး ရှင်းလင်းခြင်းအား ဇွန် ၁ ရက်က လှိုင်သာယာမြို့နယ် ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) က ဦးဆောင်ပြီး တိုင်းအမှတ် (၇) ရန်ကုန်၊ တိုင်းအမှတ် (၉) ဟင်္သာတမှ တိုင်းတာဝန်ခံ နှင့် အရာရှိများ၊ JICA မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်သာယာ ကနေ တိုးကြောင်လေးဘူတာ ကို ၃၅ မိနစ်အတွင်း ရောက်ရှိ ပြေးဆွဲဖို့ ရှိပါတယ်။ စီမံကိန်းကို တင်ပြတဲ့အခါမှ ပြည်သူတွေ လက်ခံတဲ့အတွက် ဝမ်းသာပါတယ်။ လှိုင်သာယာ ဘူတာကနေ မိုးပျံရထား တံတားကို ၄၅ ပေအမြင့်နဲ့ စတင် တည်ဆောက်မှာပါ။ လှိုင်မြစ်ကူး ဘုရင့်နောင်တံတား တောင်ဘက်ကနေ ဖြတ်သန်းပြီး ပါရမီဘူတာအထိ Phase-1 ကို ဆောင်ရွက်မှာပါ။ ၂၀၂၂ ခုနှစ် မှာ စတင် အကောင်အထည်ဖော်ပြီးတော့ ၂၀၂၇ ခုနှစ်မှာ စီမံကိန်း ပြီးစီးမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ချေးငွေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) မှ အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

ဂျပန်နိုင်ငံ JICA မှ ရန်ကုန်လူထု မြို့ပြရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) အား ဖြစ်နိုင်ချေ ရှိ မရှိ လေ့လာမှုအား ၂၀၁၈ ခုနှစ် မေလမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ YUMRT စီမံကိန်းအား ရန်ကုန်မြို့ ၏ အရှေ့နှင့် အနောက်၊ တောင်နှင့်မြောက် ဆက်သွယ်တည်ဆောက်မည့် ရန်ကုန်မိုးပျံ ရထားလမ်းများ ပါဝင်သည့် စီမံကိန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိတွင် လေ့လာမှု ပြုလုပ်နေသည့် ဦးစားပေးအပိုင်းအဖြစ် ရန်ကုန်မြို့၏ အရှေ့နှင့်အနောက် ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်သည့် လှိုင်သာယာမှ ပါရမီဘူတာအထိ ၁၈ ကီလိုမီတာအား စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service