၂၀၄၀ ပြည့်နှစ် ရန်ကုန်တိုင်းအတွင်း စီမံကိန်းများအားလုံး ပေါ်ပေါက်လာပါက Mega City ဖြစ်လာမည် - Property News in Myanmar from iMyanmarHouse.com
769 Views

၂၀၄၀ ပြည့်နှစ် ရန်ကုန်တိုင်းအတွင်း စီမံကိန်းများအားလုံး ပေါ်ပေါက်လာပါက Mega City ဖြစ်လာမည်

၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်တိုင်း အတွင်း စီမံကိန်းများ အားလုံး ပေါ်ပေါက်လာပါက Mega City ဖြစ်လာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဇွန် ၃ ရက်က ပြုလုပ်သည့် အနာဂတ်ရန်ကုန် စီမံကိန်းများအတွက် Yangon Project Bank ရှင်းလင်း ဆွေးနွေးပွဲ၌ အဖွင့်အမှာစကား ပြောရာတွင် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ၂၀၂၀ အထိ ပြင်ဆင်နေတဲ့ ကာလလတ် စီမံကိန်းတွေ ရှိသလို ၂၀၂၀ ကနေ ၂၀၃၀ အထိ ဆယ်စုနှစ် တစ်ခုအတွက် ဆောင်ရွက်ရမှာတွေ ရှိတယ်။၂၀၃၀ ကနေ ၂၀၄၀ အထိ ဆောင်ရွက်ရမယ့် စီမံကိန်းတွေ ရှိတယ်။ အခုလောလောဆယ် ပြင်ဆင်ထားတာ ကတော့ ၂၀၄၀ မှာ ကျွန်တော်တို့ရဲ့ စီမံကိန်းတွေ အားလုံးဟာ ပေါ်ပေါက်လာပြီး ကျွန်တော်တို့ရဲ့ ရန်ကုန်ဟာ တကယ့် Mega City ကြီး ဖြစ်လာဖို့အတွက် မျှော်မှန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မြို့ပြ ဖွံ့ဖြိုးတိုးတက်လာမှုကို လိုက်လျောညီထွေ ဖြစ်နိုင်မယ့် စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဖိတ်ခေါ်ဖို့ လိုပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် နယ်စပ် ကုန်စည်စီးဆင်းမှုမှ နိုင်ငံအတွင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိပြီး နိုင်ငံအတွင်းမှ ကမ္ဘာကြီးအထိ ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်မည် ဆိုပါက ရန်ကုန်မြို့သည် Logesticment ကို ရပ်တည်နိုင်မည့် အခြေအနေတစ်ခုသို့ ရောက်လာနိုင်ကြောင်း၊ ယင်းကြောင့် ဆိပ်ကမ်းအသစ်၊ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန် အသစ်များ တည်ဆောက်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ကျွန်တော်တို့က လာရောက်ရင်းနှီးမြှုပ်နှံသူ လိုအပ်သလောက်ကို ဖိတ်ခေါ်မယ်။ ကျွန်တော်တို့ တည်ဆောက်မယ်။ တဖြည်းဖြည်းချင်း ကျွန်တော်တို့ အနာဂတ်စီမံကိန်းတွေကို သွားမယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ရန်ကုန်မြို့တွင် မြစ်အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြည့်မြင်တိုင် တစ်ဖက်ကမ်း မြို့သစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒလမြို့နယ် ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြစ်၏ မြစ်ဝအထိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးစီးပွားဇုန်ကြီး တစ်ခုတည်ဆောက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့ပြင်မြို့ဝတွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် အစီအစဉ်ရှိပြီး အထူးစီးပွားရေးဇုန်နှင့်အတူ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း တစ်ခုကိုလည်း မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ် က ပြောကြားသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ကောင်းမွန်ပါက ရန်ကုန်မြို့ အား နေချင့်စဖွယ်မြို့ဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယခု ရည်မှန်းချက်များကို ချက်ခြင်းဆောင်ရွက်နိုင်မည် မဟုတ်ဘဲ ဆယ်စုနှစ်ချီကာ ကြိုးစားရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“နှစ်တိုင်း နှစ်တိုင်းမှာ ကျွန်တော်တို့ ဆောင်ရွက်မယ့် စီမံကိန်းတွေကို ရည်မှန်းချက်ပန်းတိုင် ရောက်အောင် ရှေးရှု ဆောင်ရွက်မှုတွေဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြို့ပြကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါတယ်” ဟု ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service