ပဲခူးကလပ်အဆောက်အအုံတွင် အပြာရောင် ကမ္ပည်းပြားတပ်ဆင် - Property News in Myanmar from iMyanmarHouse.com
1820 Views

ပဲခူးကလပ်အဆောက်အအုံတွင် အပြာရောင် ကမ္ပည်းပြားတပ်ဆင်

၁၃၇ နှစ်သက်တမ်းရှိ ကိုလိုနီခေတ်လက်ရာ ပဲခူးကလပ် အဆောက်အအုံတွင် မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားကို မေလ၃၀ ရက်က တပ်ဆင်ခဲ့သည်။

ပဲခူး ကလပ်ကို ဗြိတိသျှစစ် တပ်တပ်စွဲသည့် ကန်တိုမင် ဧရိယာအတွင်း ၁၈၇၁ က စတင်ဖွင့်လှစ်ပြီး ၁၈၈၂ တွင် လက်ရှိနေရာ ဒဂုံမြို့နယ်စကားဝါလမ်းသို့ ပြောင်းရွှေ့ခဲ့သည်။ သက်တမ်း ရင့် ကိုလိုနီခေတ်လက်ရာဖြစ်ပြီး ပင်မဆောင်အပါအ၀င် မူလဆောင်များကို ကျွန်းသားအပြည့်ဖြင့် ဆောက်လုပ်ထားသည်။

‘‘ခေတ်အဆက်ဆက် ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ ဒီအဆောက်အအုံမှာ သမိုင်းတွေ များစွာရှိပါတယ်။ အင်္ဂလိပ်ကိုလို နီခေတ် လက်ထက်ကစပြီး ဒီအဆောက်အအုံနေရာဟာ အမျိုးမျိုး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ခေတ်၊ ဆိုရှယ်လစ်ခေတ်ကို ရောက်ပြီး စစ်တပ်က နိုင်ငံတော်တာဝန်ယူခဲ့တဲ့ အချိန်ထိ ဒီအဆောက်အအုံကြီးမှာ သမိုင်းတွေ ရှိခဲ့ပါတယ်။ ဒီသမိုင်းတွေကို နောက်မျိုးဆက်တွေကို ဒီအဆောက်အအုံကြီးက ပြောပြနေမှာ ပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ပဲခူးကလပ်သည် ကိုလိုနီ ခေတ်တွင် နာမည်အကြီးဆုံး ကလပ်ဖြစ်ပြီး ကလပ်အသင်းဝင်အများစုသည် အစိုးရအရာရှိများ၊ ဗြိတိသျှ စစ်တပ်အရာရှိများ၊ လူချမ်းသာများနှင့် လူရည်ဝင်ဆံ့ သူများဖြစ်ရာ ထိုအချိန်က အစိုးရ၏ အုပ်ချုပ်မှုမူဝါဒများကို ကလပ်အသင်းဝင်များက လွှမ်းမိုး၍ အစိုးရကို ပဲခူးကလပ်အစိုးရဟု နောက်ပြောင်ခေါ်ဆိုခဲ့သည်။

ပဲခူးကလပ်သည် ၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း လူကြိုက်များသည့် ပဲခူးကလပ်ကော့တေးအစပြုရာ နေရာဖြစ်ပြီး ၁၈၈၉ ၌ အင်္ဂလိပ်စာရေးဆရာ ကြီး Ruyard Kipling သည် ပဲခူးကလပ်တွင် ကြားခဲ့ရသည်များကို အခြေခံကာနာမည်ကျော်‘Mandalay’ ကဗျာကို ရေးစပ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်၏ သီးသန့်ကလပ် အဖြစ် အသုံးပြုပြီး မဟာမိတ်တပ်များ ရန်ကုန်ကို ပြန်လည် သိမ်းပိုက်အပြီး၌ ဗြိတိသျှ လေတပ်အရာရှိများ အသုံးပြုခဲ့သည်။ ၁၉၆၅ တွင် ကလပ်ကို ပိတ်ခဲ့ပြီးဆိုရှယ်လစ်ခေတ်၌ ပြည်သူပိုင်ဖြစ်ခဲ့သည်။ တပ်မတော်၏ အရာရှိဆောင်အဖြစ် ခေတ္တအသုံးပြုပြီး တပ်မတော်ငွေစာရင်းရုံးအ ဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကစ ၍ အဆောက်အအုံကို ဆက်လက်မသုံးတော့ရာ ယိုယွင်းပျက်စီးလာသည်။ လက်ရှိတွင် KT Group က နှစ်ရှည်ငှားရမ်းထားပြီး အခမ်းအနားများ၊ ပွဲလမ်းသဘင်များ လက်ခံကျင်းပရန် အဆောက်အအုံကို ပြန်လည်ပြင်ဆင်နေသည်။

‘‘အခု ပဲခူးကလပ်ကို ပြန်လည်အသက်ဝင် စေတဲ့အခါမှာ ကိုလိုနီခေတ်က အသုံးပြုခဲ့ပုံနဲ့ ကလပ်ရဲ့ သမိုင်းကြောင်းကို ပြောင်းပြန်လှန်ပြီး ကိုလိုနီစနစ်ရဲ့ ဆိုးကျိုးတွေကို မြန်မာလူမျိုးတွေ သင်ခန်းစာယူနိုင်စေဖို့ ဆောင်ရွက်သင့်ပါတယ်’’ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့(YHT) ဥက္ကဋ္ဌဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

ရန်ကုန်မြို့ ရှိ ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ အဆောက်အအုံနှင့် နေရာ ၃၀ ၌ YHT က အပြာရောင်ကမ္ပည်းပြား တပ်ဆင်ထားပြီးဖြစ်သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service